ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ေအဘရာဟမ္ကို အားေပးခဲ့ၾကတဲ့ လင္ဂတ္ နဲ႔ ရက္ရွ္ဖို႔ဒ္

‘Son has been unbelievable in training’ Pochettino expects Heung-min back for Newcastle game

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားႏွစ္ဦးျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ လင္ဂတ္တို႔ဟာ ဥေရာပစူပါဖလားပြဲစဥ္မွာ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ခ်ယ္လ္ဆီးတိုက္စစ္မွဴးေအဘရာဟမ္ကို အားေပးစကားေတြေျပာၾကားသြားခဲ့ပါတယ္။ တစ္ဖက္ႏွစ္ဂိုးစီသေရက်ေနခဲ့လို႔ ပင္နယ္တီအဆံုးအျဖတ္ခံယူရာမွာ ေနာက္ဆံုးပင္နယ္တီကို ကန္သြင္းခဲ့ရတဲ့ ေအဘရာဟမ္က ဂိုးသမားအန္ဒရီယန္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Highlights – Hertha BSC vs SV Werder Bremen

ေအဘရာဟမ္အေနနဲ႔ ပြဲခ်ိန္အတြင္းမွာ အပိုင္အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္လည္း လြဲေခ်ာ္ခဲ့ရပါေသးတယ္။ ဒီအတြက္ ေအဘရာဟမ္အေပၚမွာ ေ၀ဖန္မႈေတြရွိေနခဲ့ပါတယ္။ ဒါေပမယ့္လည္း အဂၤလန္အသင္းေဖာ္ေတြလည္းျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ လင္ဂတ္တို႔က သူတုိ႔ရဲ႕ လူမႈကြန္ရက္ေတြေပၚကတဆင့္ ေအဘရာဟမ္ကို အားေပးစကားေတြ ေျပာၾကားသြားခဲ့ပါတယ္။

“ မင္းေခါင္းကိုေမာ့ထားပါ ေအဘရာဟမ္၊ ဒါက ေဘာလံုးပါ” လို႔ ရက္ရွ္ဖို႔ဒ္က အားေပးစကားကို ေရးသားေျပာဆိုခဲ့ပါတယ္။ လင္ဂတ္ကလည္း ” ေခါင္းေမာ့ထားပါ ညီအကို၊ ခိုင္ခိုင္မာမာရပ္တည္ျပီးေတာ့ အဲဒီအတြက္ ဂုဏ္ယူလိုက္ပါ” လို႔ အားေပးမႈေတြကို ျပဳလုပ္သြားခဲ့တာ
လည္း ျဖစ္ပါတယ္။

ေအဘရာဟမ္ကလည္း သူ႔ရဲ႕လူမႈကြန္ရက္ေပၚမွာ “ အသင္းနဲ႔အတူ ပထမဆံုးဆုဖလားကို ကၽြန္ေတာ္ လြဲေခ်ာ္ခ့ဲပါတယ္၊ ဒါေပမယ့္လ္ညး အဆံုးအထိ ကၽြန္ေတာ္တို႔ တိုက္ပြဲ၀င္သြားမွာပါ၊ ဒီအသင္းကို ကၽြန္ေတာ္ခ်စ္တယ္၊ စိတ္ပူေပးခဲ့ၾကတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္”
လို႔ ေရးသားခဲ့ျပီး သူ႔အေပၚအားေပးခဲ့မႈေတြကို တံု႔ျပန္သြားခဲ့ပါတယ္။

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ဟာ ဥရောပစူပါဖလားပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူးအေဘရာဟမ်ကို အားပေးစကားတွေပြောကြားသွားခဲ့ပါတယ်။ တစ်ဖက်နှစ်ဂိုးစီသရေကျနေခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ နောက်ဆုံးပင်နယ်တီကို ကန်သွင်းခဲ့ရတဲ့ အေဘရာဟမ်က ဂိုးသမားအန်ဒရီယန်ကို မကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အေဘရာဟမ်အနေနဲ့ ပွဲချိန်အတွင်းမှာ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်လည်း လွဲချော်ခဲ့ရပါသေးတယ်။ ဒီအတွက် အေဘရာဟမ်အပေါ်မှာ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်အသင်းဖော်တွေလည်းဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့က သူတို့ရဲ့ လူမှုကွန်ရက်တွေပေါ်ကတဆင့် အေဘရာဟမ်ကို အားပေးစကားတွေ ပြောကြားသွားခဲ့ပါတယ်။

“ မင်းခေါင်းကိုမော့ထားပါ အေဘရာဟမ်၊ ဒါက ဘောလုံးပါ” လို့ ရက်ရှ်ဖို့ဒ်က အားပေးစကားကို ရေးသားပြောဆိုခဲ့ပါတယ်။ လင်ဂတ်ကလည်း ” ခေါင်းမော့ထားပါ ညီအကို၊ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ အဲဒီအတွက် ဂုဏ်ယူလိုက်ပါ” လို့ အားပေးမှုတွေကို ပြုလုပ်သွားခဲ့တာ
လည်း ဖြစ်ပါတယ်။

အေဘရာဟမ်ကလည်း သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ “ အသင်းနဲ့အတူ ပထမဆုံးဆုဖလားကို ကျွန်တော် လွဲချော်ခဲ့ပါတယ်၊ ဒါပေမယ့်လ်ညး အဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ၊ ဒီအသင်းကို ကျွန်တော်ချစ်တယ်၊ စိတ်ပူပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”
လို့ ရေးသားခဲ့ပြီး သူ့အပေါ်အားပေးခဲ့မှုတွေကို တုံ့ပြန်သွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။