ဆိုးလ္ရွားေနရာကို ဘယ္သူ အစား၀င္ႏိုင္မလဲ?

‘Man United should play like Liverpool’ – Solskjaer

ယူႏိုက္တက္ရဲ႕ ယာယီနည္းျပအျဖစ္နဲ႔ ၁၉ ပြဲကိုင္တြယ္ခဲ့ရာမွာ ၁၄ပြဲအထိ အႏိုင္ရရွိခဲ့ျပီးေနာက္ ဆိုးလ္ရွားက အျမဲတမ္းနည္းျပအျဖစ္နဲ႔ ခန္႔အပ္ခံခဲ့ရပါတယ္။ ေမာ္ရင္ဟိုလက္ထက္မွာ က်ဆင္းခဲ့တဲ့ရလဒ္ေတြကို ဆိုးလ္ရွားက သူ႔လက္ထက္မွာ အေကာင္းဆံုးျပန္ျဖစ္လာေအာင္တည္ေဆာက္ေပးႏိုင္ခဲ့တာပါ။ ဒါေပမယ့္လည္း အခုေတာ့ ဆိုးလ္ရွားဟာ ေနာက္ဆံုး ၁၇ ပြဲမွာ ၄ပြဲသာ အႏိုင္ရခဲ့ျပီး ရလဒ္ေတြေျပာင္းျပန္ျဖစ္ခဲ့ပါတယ္။ အသင္းကလည္း တန္းဆင္းဇုန္နဲ႔ ၂ မွတ္သာကြာဟေတာ့ျပီး ဆိုးလ္ရွားအတြက္ဖိအားေတြ အၾကီးအက်ယ္က်ေရာက္ေနပါျပီ။ သူ႔ေနရာကို အစားထိုးဖို႔ နည္းျပေလာင္းေတြလည္း ဆက္တိုက္ထြက္လာခဲ့ျပီး လီဗာပူးလ္နဲ႔ ပြဲမွာသာ ထပ္ရံႈးခ့ဲမယ္ဆိုရင္ ဆိုးလ္ရွားရဲ႕ ကံၾကမၼာက ေျပာင္းလဲလာေတာ့မွာပါ။ သူ႔ေနရာကို အစားထိုး၀င္ေရာက္လာႏိုင္တဲ့ နည္းျပေတြကို သံုးသပ္ၾကည့္မယ္ဆိုရင္..။

The Future is Now: Wolfsburg introduces 5G augmented reality coverage

၃။ ေလာရင့္ဘလန္႔

ေမာ္ရင္ဟိုကို ထုတ္ပယ္ေတာ့မယ့္အခ်ိန္မွာ ေလာ့ရင္ဘလန္႔က နည္းျပသစ္ျဖစ္လာဖို႔ ေရပန္းအစားဆံုးျဖစ္ခဲ့တာပါ။ ပီအက္စ္ဂ်ီနဲ႔အတူ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္ကစားသမားေဟာင္းက လက္ရွိမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနပါတယ္။ အသက္ ၅၃ ႏွစ္အရြယ္ နည္းျပက ဖာဂူဆန္လက္ေအာက္မွာ ၂ရာသီၾကာကစားခဲ့ျပီး ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးႏိုုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီအတြက္ ဖလား ၁၁လံုးအထိ ဘလန္႔က ရယူေပးႏိုင္ခဲ့ေပမယ့္လည္း ဥေရာပေအာင္ျမင္မႈမရရွိခဲ့လို႔ ထုတ္ပယ္ခံခဲ့ရပါတယ္။ လက္ရွိ ယူႏိုက္တက္ရဲ႕ အေနအထားေတြကို ဘလန္႔က ျပဳျပင္ေပးႏိုင္စြမ္းရွိျပီးေတာ့ အထူးသျဖင့္ ေရတိုကာလအတြက္ သင့္ေတာ္တဲ့နည္းျပမ်ိဳးလည္းျဖစ္ပါတယ္။

၂။ အယ္လၤီဂရီ

ျပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗီကို စီးရီးေအဖလား ၅ လံုးဆက္တုိက္ ရယူေပးခဲ့ျပီးေနာက္ အယ္လီဂရီက အသင္းနဲ႔လမ္းခြဲခဲ့ရပါတယ္။ အသက္၅၂ ႏွစ္အရြယ္နည္းျပက ဂ်ဴဗီကို ဆုဖလား ၁၁လံုးအထိ ရရွိေအာင္စြမ္းေဆာင္ေပးခဲ့ေပမယ့္ သူလည္း ဥေရာပေအာင္ျမင္မႈမရရွိခဲ့လို႔ အသင္းနဲ႔ လမ္းခြဲခဲ့ရတာပါ။ ၀ါရင့္နည္းျပတစ္ဦးျဖစ္တဲ့ အယ္လီဂရီက ယူႏိုက္တက္လိုအသင္းကို ကိုင္တြယ္ႏိုင္မယ့္ အရည္အေသြးျပည့္၀သူပါ။ သူ႔လက္ထက္မွာ ေပါ့ဂ္ဘာကို ကမၻာ့အဆင့္ကစားသမားျဖစ္လာေအာင္ ပံုစံေျပာင္းလဲေပးႏိုင္ခဲ့ျပီး လက္ရွိယူႏိုက္တက္မွာလည္း ေပါ့ဂ္ဘာနဲ႔ ျပန္လက္တြဲရႏိုင္တာမို႔ ေမွ်ာ္လင့္ခ်င္စရာပါပဲ။ အယ္လီဂရီက ဂ်ဴဗီကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးထားႏိုင္ခဲ့သူျဖစ္ျပီး ယူႏိုက္တက္လိုအပ္ေနတဲ့ နည္းျပရာထူးအတြက္လည္း ေရပန္းအစားဆံုးအဆင့္မွာ ထိပ္ပိုင္းနားက ရွိေနခဲ့ပါတယ္။

၁။ ပိုခ်က္တီႏို

ပိုခ်က္တီႏိုက ယူႏိုက္တက္အလိုအရွိဆံုးနည္းျပပါ။ ေမာ္ရင္ဟိုကို ထုတ္ပယ္ျပီးေနာက္မွာလည္း ပိုခ်က္တီႏိုကို ခန္႔အပ္ဖို႔ ၾကိဳးပမ္းခဲ့ဖူးပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကလည္း စပါးကို အင္အားၾကီးအသင္းတစ္သင္းျဖစ္လာေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ အာဂ်င္တိုင္းသားကို နည္းျပအျဖစ္ ျမင္ခ်င္တဲ့ ဆႏၵက ရွိေနပါတယ္။ ဒီရာသီမွာ စပါးကလည္း အခက္ေတြ႕မႈေတြရွိေနခဲ့ျပီး ပိုခ်က္တီႏိုရဲ႕ လန္ဒန္ကလပ္အနာဂတ္က လႈပ္ခတ္ေနပါတယ္။ တကယ္လို႔ ပိုခ်က္တီႏိုသာ စပါးနဲ႔လမ္းခြဲခဲ့မယ္ဆိုရင္ ယူႏိုက္တက္က နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ လက္သြက္ေျခသြက္နဲ႔ လႈပ္ရွားမွာ အေသအခ်ာပါပဲ။ လူငယ္ကစားသမားေတြကို တိုးတက္လာေအာင္ စြမ္းေဆာင္ေပးႏိုင္သလို ေဖ်ာ္ေျဖမႈရွိတဲ့ ကစားဟန္ကိုလည္း ပံုေဖာ္ႏိုင္တဲ့ နည္းျပတစ္ဦးျဖစ္တာမို႔ အုိးထရက္ဖို႔ဒ္ရဲ႕ ပဲ့ကိုင္ရွင္အသစ္အျဖစ္ ျဖစ္ႏိုင္ေခ်အရွိဆံုးနည္းျပတစ္ဦးအျဖစ္ ပိုခ်က္တီႏိုက ရွိေနပါတယ္။

Unicode

ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ်နဲ့ ၁၉ ပွဲကိုင်တွယ်ခဲ့ရာမှာ ၁၄ပွဲအထိ အနိုင်ရရှိခဲ့ပြီးနောက် ဆိုးလ်ရှားက အမြဲတမ်းနည်းပြအဖြစ်နဲ့ ခန့်အပ်ခံခဲ့ရပါတယ်။ မော်ရင်ဟိုလက်ထက်မှာ ကျဆင်းခဲ့တဲ့ရလဒ်တွေကို ဆိုးလ်ရှားက သူ့လက်ထက်မှာ အကောင်းဆုံးပြန်ဖြစ်လာအောင်တည်ဆောက်ပေးနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း အခုတော့ ဆိုးလ်ရှားဟာ နောက်ဆုံး ၁၇ ပွဲမှာ ၄ပွဲသာ အနိုင်ရခဲ့ပြီး ရလဒ်တွေပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ အသင်းကလည်း တန်းဆင်းဇုန်နဲ့ ၂ မှတ်သာကွာဟတော့ပြီး ဆိုးလ်ရှားအတွက်ဖိအားတွေ အကြီးအကျယ်ကျရောက်နေပါပြီ။ သူ့နေရာကို အစားထိုးဖို့ နည်းပြလောင်းတွေလည်း ဆက်တိုက်ထွက်လာခဲ့ပြီး လီဗာပူးလ်နဲ့ ပွဲမှာသာ ထပ်ရှုံးခဲ့မယ်ဆိုရင် ဆိုးလ်ရှားရဲ့ ကံကြမ္မာက ပြောင်းလဲလာတော့မှာပါ။ သူ့နေရာကို အစားထိုးဝင်ရောက်လာနိုင်တဲ့ နည်းပြတွေကို သုံးသပ်ကြည့်မယ်ဆိုရင်..။

၃။ လောရင့်ဘလန့်

မော်ရင်ဟိုကို ထုတ်ပယ်တော့မယ့်အချိန်မှာ လော့ရင်ဘလန့်က နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာပါ။ ပီအက်စ်ဂျီနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ယူနိုက်တက်ကစားသမားဟောင်းက လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြက ဖာဂူဆန်လက်အောက်မှာ ၂ရာသီကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဖလား ၁၁လုံးအထိ ဘလန့်က ရယူပေးနိုင်ခဲ့ပေမယ့်လည်း ဥရောပအောင်မြင်မှုမရရှိခဲ့လို့ ထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ အနေအထားတွေကို ဘလန့်က ပြုပြင်ပေးနိုင်စွမ်းရှိပြီးတော့ အထူးသဖြင့် ရေတိုကာလအတွက် သင့်တော်တဲ့နည်းပြမျိုးလည်းဖြစ်ပါတယ်။

၂။ အယ်င်္လီဂရီ

ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗီကို စီးရီးအေဖလား ၅ လုံးဆက်တိုက် ရယူပေးခဲ့ပြီးနောက် အယ်လီဂရီက အသင်းနဲ့လမ်းခွဲခဲ့ရပါတယ်။ အသက်၅၂ နှစ်အရွယ်နည်းပြက ဂျူဗီကို ဆုဖလား ၁၁လုံးအထိ ရရှိအောင်စွမ်းဆောင်ပေးခဲ့ပေမယ့် သူလည်း ဥရောပအောင်မြင်မှုမရရှိခဲ့လို့ အသင်းနဲ့
လမ်းခွဲခဲ့ရတာပါ။ ၀ါရင့်နည်းပြတစ်ဦးဖြစ်တဲ့ အယ်လီဂရီက ယူနိုက်တက်လိုအသင်းကို ကိုင်တွယ်နိုင်မယ့် အရည်အသွေးပြည့်ဝသူပါ။ သူ့လက်ထက်မှာ ပေါ့ဂ်ဘာကို ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာအောင် ပုံစံပြောင်းလဲပေးနိုင်ခဲ့ပြီး လက်ရှိယူနိုက်တက်မှာလည်း ပေါ့ဂ်ဘာနဲ့ ပြန်လက်တွဲရနိုင်တာမို့ မျှော်လင့်ချင်စရာပါပဲ။ အယ်လီဂရီက ဂျူဗီကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးထားနိုင်ခဲ့သူဖြစ်ပြီး ယူနိုက်တက်လိုအပ်နေတဲ့ နည်းပြရာထူးအတွက်လည်း ရေပန်းအစားဆုံးအဆင့်မှာ ထိပ်ပိုင်းနားက ရှိနေခဲ့ပါတယ်။

၁။ ပိုချက်တီနို

ပိုချက်တီနိုက ယူနိုက်တက်အလိုအရှိဆုံးနည်းပြပါ။ မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက်မှာလည်း ပိုချက်တီနိုကို ခန့်အပ်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း စပါးကို အင်အားကြီးအသင်းတစ်သင်းဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ အာဂျင်တိုင်းသားကို နည်းပြအဖြစ် မြင်ချင်တဲ့ ဆန္ဒက ရှိနေပါတယ်။ ဒီရာသီမှာ စပါးကလည်း အခက်တွေ့မှုတွေရှိနေခဲ့ပြီး ပိုချက်တီနိုရဲ့ လန်ဒန်ကလပ်အနာဂတ်က လှုပ်ခတ်နေပါတယ်။ တကယ်လို့ ပိုချက်တီနိုသာ စပါးနဲ့လမ်းခွဲခဲ့မယ်ဆိုရင် ယူနိုက်တက်က နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လက်သွက်ခြေသွက်နဲ့ လှုပ်ရှားမှာ အသေအချာပါပဲ။ လူငယ်ကစားသမားတွေကို တိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်သလို ဖျော်ဖြေမှုရှိတဲ့ ကစားဟန်ကိုလည်း ပုံဖော်နိုင်တဲ့ နည်းပြတစ်ဦးဖြစ်တာမို့ အိုးထရက်ဖို့ဒ်ရဲ့ ပဲ့ကိုင်ရှင်အသစ်အဖြစ် ဖြစ်နိုင်ချေအရှိဆုံးနည်းပြတစ်ဦးအဖြစ် ပိုချက်တီနိုက ရှိနေပါတယ်။

မွတ္ခ်က္မ်ား။