ရော်နယ်ဒိုနဲ့ မက်ဆီတောင် ယူနိုက်တက်မှာ ဒုက္ခရောက်လိမ့်မယ်လို့ပြောခဲ့တဲ့ ဘာဘာတော့ဗ်
‘Man United should play like Liverpool’ – Solskjaer
Southgate has message for Bulgaria president regarding racism
Unicode
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဘာဘာတော့ဗ်က လက်ရှိယူနိုက်တက်အသင်းအနေနဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့ပါ လာကစားခဲ့မယ်ဆိုရင်လည်း အခက်တွေ့နေမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားနှစ်လုံးဆွတ်ခူးနိုင်ခဲ့တဲ့ ဘာဘာတော့ဗ်က အသင်းဟောင်းရဲ့ အခြေအနေအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။
ဘာဘာတော့ဗ်က နည်းပြဆိုးလ်ရှားအနေနဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်ဖို့ ရွေးချယ်စရာအများကြီးလည်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီအတွက် ယူနိုက်တက်အနေနဲ့ နောက်ထပ်ကာလအတန်ကြာ အခက်တွေ့နေဦးမှာဖြစ်ပြီး မန်ဇူကစ်လို တိုက်စစ်မှူးမျိုးကို လိုအပ်နေတယ်လို့ ဘာဘာတော့ဗ်က ပြောဆိုခဲ့ပါတယ်။
“ ဆောင်းရာသီအပြောင်းအရွှေ့ကလည်း ခက်ခဲနေဦးမှာပါ၊ မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒိုတို့ အသင်းကိုရောက်လာမယ်ဆိုရင်တောင်မှ သူတို့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပါပဲ၊ ဘာလို့လဲဆိုတော့ အသင်းက ဖန်တီးနိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းမရှိလို့ပါ” လို့ ဘာဘာတော့ဗ်က ပြောခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ တိုက်စစ်မှူးတွေကို ရောင်းချခဲ့ပြီးနောက်မှာ ပြန်လည်ဝယ်ယူခဲ့သင့်တယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
“ အဓိကတိုက်စစ်မှူးနှစ်ဦးကို ရောင်းချခဲ့ပြီးနောက်မှာ အနည်းဆုံးတစ်ဦးလောက်တော့ ပြန်ခေါ်ခဲ့ရမှာပါ၊ ယူနိုက်တက်မှာ ဘာလိုအပ်နေလဲဆိုတာကို အားလုံးတွေ့မြင်နေမှာပါပဲ၊ မာရှယ်က ဒဏ်ရာရနေပြီး ဂိုးသွင်းနိုင်မယ့် နောက်ထပ်ကစားသမားမရှိတော့ပါဘူး၊ အသင်းမှာ
အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေရှိပေမယ့် မန်ဇူကစ်လို ၀ါရင့်တိုက်စစ်မှူးမျိုးကို လိုအပ်နေပါတယ်၊ သူက ကစားသမားကောင်းတစ်ဦးပါ” လို့ ဘာဘာတော့ဗ်က ပြောဆိုခဲ့ပါတယ်။
မွတ္ခ်က္မ်ား။