သူ့ကိုခေါ်ယူဖို့အတွက် ဘာစီလိုနာကို ကမ်းလှမ်းမှုပြုလုပ်သွားမယ့် အိုဇေးလ်

‘Man United should play like Liverpool’ – Solskjaer


Eintracht Frankfurt’s Japanese Eagles: Makoto Hasebe & Daichi “ The New Kagawa” Kamada




Unicode

အာဆင်နယ်အသင်းကွင်းလယ်လူအိုဇေးလ်ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အိုဇေးလ်က နူးကမ့်ကို ပြောင်းရွှေ့ဖို့အတွက် သူ့ဘက်ကစတင်ကမ်းလှမ်းမှုတွေကို ပြုလုပ်ခဲ့ဖွယ်ရှိတယ်လို့လည်း ယုံကြည်ရကြောင်း စပိန်
သတင်းစာများက ဖော်ပြသွားခဲ့ကြပါတယ်။

အူနိုင်းအမ်မရီလက်ထက်မှာ နေရာပျောက်ဆုံးနေပြီး ဒီရာသီမှာ အသင်းအတွက် ၂ပွဲသာ ကစားပေးထားရတဲ့ အိုဇေးလ်ရဲ့ အာဆင်နယ်ကစားသမားဘဝအနာဂတ်က မရေမရာဖြစ်နေခဲ့ပါတယ်။ အမ်မရီကလည်း အိုဇေးလ်ကို ပြန်လည်ရောင်းချချင်နေပြီး သူ့အသင်းမှာ အိုဇေးလ်ထက် အခြားသောကစားသမားတွေကို ပိုမိုပြီးဦးစားပေးအသုံးပြုနေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အိုဇေးလ်က ဘာစီလိုနာရဲ့ No 10 နေရာမှာ သူ အကောင်းဆုံးကစားနိုင်မယ်လို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းမှာ အိုဇေးလ်က တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲအထိ ရရှိနေပေမယ့်လည်း ပုံမှန်ကစားခွင့်နည်းပါးနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဘက်ကသာ သူ့အပေါ် အမှန်တကယ်ကမ်းလှမ်းမှုပြုလုပ်ခဲ့မယ်ဆိုရင် အိုဇေးလ်က လုပ်ခလစာလျှော့ယူပြီး ပြောင်းရွှေ့ဖို့အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ ထိပ်တန်းကွင်းလယ်ဖန်တီးရှင်အဖြစ် အိုဇေးလ်က အာစင်ဝင်းဂါးလက်ထက်မှာ ခြေစွမ်းပြနေခဲ့ပေမယ့် အမ်မရီလက်ထက်မှာတော့ အိုဇေးလ်ကို လျစ်လျူရှုထားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။