မာရွယ္အေပၚထားရွိတဲ့ ေမွ်ာ္လင့္ခ်က္ကို ေျပာျပခဲ့တဲ့ မာတာ

‘Man United should play like Liverpool’ – Solskjaer

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူမာတာက ဒဏ္ရာရရွိေနတဲ့ အသင္းေဖာ္မာရွယ္ရဲ႕ အနာဂတ္နဲ႔ပတ္သက္ျပီး ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ မာတာက မာရွယ္ရဲ႕ ေျခစြမ္းအေပၚ ေက်နပ္သေဘာက်ေနျပီး ၾကီးမားတဲ့ကစားသမားဘ၀အနာဂတ္ကို
ပိုင္ဆိုင္ထားသူတစ္ဦးျဖစ္တယ္လို႔ အမႊမ္းတင္ေျပာဆိုခဲ့ပါတယ္။

Eintracht Frankfurt’s Japanese Eagles: Makoto Hasebe & Daichi “ The New Kagawa” Kamada

မာရွယ္ကေတာ့ ခရစၥတယ္ပဲေလ့စ္ကို အေရးနိမ့္ခဲ့တဲ့ ပြဲကို ၀င္ေရာက္ကစားေပးျပီးေနာက္ ဒဏ္ရာေၾကာင့္ အနားယူေနရသူျဖစ္ပါတယ္။ ဒီရာသီမွာ တိုက္စစ္မွဴး ၂ဦးတည္းသာ အသင္းမွာ ရွိေနခဲ့တဲ့ ယူႏိုက္တက္ဟာ မာရွယ္ဒဏ္ရာရရွိေနခ်ိန္မွာ အခက္ေတြ႕ခဲ့ရျပီး တစ္ပြဲကို
သြင္းဂိုးတစ္ဂိုးသြင္းယူႏိုင္ဖို႔ ေတာ္ေတာ္ေလးၾကိဳးစားေနခဲ့ရပါတယ္။

“ သူ႔မွာ ၾကီးမားတဲ့အနာဂတ္ရွိေနပါတယ္၊ သူက မယံုၾကည္ႏိုင္စရာေကာင္းတဲ့ အရည္အေသြးမ်ိဳးနဲ႔ ကစားသမားပါ၊ ဒီအသင္းကို သူေရာက္လာကတည္းက သူ႔အရည္အေသြးကို ေတြ႕ၾကမွာပါ၊ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ သူ႔ရဲ႕ပထမဆံုးပြဲမွာပဲ ဂိုးသြင္းႏိုင္ခဲ့ပါတယ္၊ ေလ့က်င့္ေရး
အစီအစဥ္တိုင္းမ်ာလည္း သူက ဂိုးေတြသြင္းျပႏိုင္ပါတယ္”

“ ဒီလိုအရည္အေသြးမ်ိဳးရွိတဲ့ ကစားသမားေတြကို ကၽြန္ေတာ္သေဘာက်ပါတယ္၊ သူနဲ႔အတူ ကစားရတာကိုလည္း ႏွစ္သက္မိပါတယ္၊ သူ႕အသက္က ငယ္ငယ္ေလးပဲ ရွိေသးျပီး သူ႔ရဲ႕ ကစားသမားဘ၀က ဒီထက္မကပိုျပီးေတာ့ ၾကီးက်ယ္ခမ္းနားမႈေတြရွိေနမယ္လုိ႔ ကၽြန္ေတာ္ေမွ်ာ္လင့္မိပါတယ္” လို႔ မာတာက အသင္းေဖာ္အေပၚ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူမာတာက ဒဏ်ရာရရှိနေတဲ့ အသင်းဖော်မာရှယ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မာတာက မာရှယ်ရဲ့ ခြေစွမ်းအပေါ် ကျေနပ်သဘောကျနေပြီး ကြီးမားတဲ့ကစားသမားဘဝအနာဂတ်ကို
ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်တယ်လို့ အမွှမ်းတင်ပြောဆိုခဲ့ပါတယ်။

မာရှယ်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲကို ဝင်ရောက်ကစားပေးပြီးနောက် ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပါတယ်။ ဒီရာသီမှာ တိုက်စစ်မှူး ၂ဦးတည်းသာ အသင်းမှာ ရှိနေခဲ့တဲ့ ယူနိုက်တက်ဟာ မာရှယ်ဒဏ်ရာရရှိနေချိန်မှာ အခက်တွေ့ခဲ့ရပြီး တစ်ပွဲကို
သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ဖို့ တော်တော်လေးကြိုးစားနေခဲ့ရပါတယ်။

“ သူ့မှာ ကြီးမားတဲ့အနာဂတ်ရှိနေပါတယ်၊ သူက မယုံကြည်နိုင်စရာကောင်းတဲ့ အရည်အသွေးမျိုးနဲ့ ကစားသမားပါ၊ ဒီအသင်းကို သူရောက်လာကတည်းက သူ့အရည်အသွေးကို တွေ့ကြမှာပါ၊ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ သူ့ရဲ့ပထမဆုံးပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ လေ့ကျင့်ရေး
အစီအစဉ်တိုင်းမျာလည်း သူက ဂိုးတွေသွင်းပြနိုင်ပါတယ်”

“ ဒီလိုအရည်အသွေးမျိုးရှိတဲ့ ကစားသမားတွေကို ကျွန်တော်သဘောကျပါတယ်၊ သူနဲ့အတူ ကစားရတာကိုလည်း နှစ်သက်မိပါတယ်၊ သူ့အသက်က ငယ်ငယ်လေးပဲ ရှိသေးပြီး သူ့ရဲ့ ကစားသမားဘဝက ဒီထက်မကပိုပြီးတော့ ကြီးကျယ်ခမ်းနားမှုတွေရှိနေမယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်” လို့ မာတာက အသင်းဖော်အပေါ် ချီးကျူးပြောဆိုခဲ့ပါတယ်။

မွတ္ခ်က္မ်ား။