ဇန္န၀ါရီမွာ အသင္းေျပာင္းမယ္ဖို႔နီးစပ္ေနတဲ့ ယူႏိုက္တက္ရဲ႕ ပစ္မွတ္တုိက္စစ္မွဴး

‘Man United should play like Liverpool’ – Solskjaer

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စိတ္၀င္စားမႈကို ရရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့တဲ့ လိုင္ယြန္တုိက္စစ္မွဴးဒမ္ဘီလီဟာ ဇန္န၀ါရီမွာ အသင္းေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ Express သတင္းဌာနရဲ႕ သတင္းေထာက္ဒန္ကန္ကက္စ္တဲလ္က ေျပာဆိုသြားခဲ့ပါတယ္။
ဒါဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ေတာ့ သတင္းေကာင္းတစ္ခုအျဖစ္လည္း ရွိလာခဲ့ပါတယ္။

Guinea win WAFU Cup Plate final in shootout

ဒီရာသီမွာ တိုက္စစ္ပိုင္းအခက္အခဲေတြနဲ႔ ရင္ဆို္င္ေနရတဲ့ ဆိုးလ္ရွားက အသင္းတိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ လိုင္ယြန္ၾကယ္ပြင့္ကစားသမားကို ပစ္မွတ္ထားလာခဲ့တာျဖစ္ပါတယ္။ လိုင္ယြန္မွာ ပံုမွန္ကစားခြင့္ရရွိဖို႔ ရုန္းကန္ခဲ့ရတဲ့ ဒမ္ဘီလီကလည္း အသင္းေျပာင္းေရႊ႕မယ့္အေၾကာင္းကို ဒန္ကန္ကက္စ္တဲလ္က အခုလိုပဲ ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

“ ယူႏုိက္တက္နဲ႔ ဒမ္ဘီလီတို႔ၾကားမွာ ဆက္သြယ္မႈေတြရွိေနျပီး သေဘာတူညီမႈရရွိဖို႔ နီးစပ္ေနျပိဆုိတာကို ကၽြန္ေတာ္ေျပာႏိုင္ပါတယ္၊ ကစားသမားကလည္း အသင္းေျပာင္းေရႊ႕ဖို႔ စိတ္၀င္စားေနျပီး သူတို႔ၾကားမွာ လုပ္အားခအတြက္ပဲ ညွိႏိႈင္းဖို႔ လိုအပ္ေတာ့တာပါ၊ ဒမ္ဘီလီက ယူႏိုက္တက္ရဲ႕ ဗဟိုတိုက္စစ္ပိုင္းမွာ ကစားႏိုင္စြမ္းရွိတဲ့သူဆိုတာ ေသခ်ာပါတယ္”

“ ဒမ္ဘီလီအတြက္လည္း ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ႏိုင္ဖို႔က သူ႔အတြက္ၾကီးမားတဲ့ကိစၥတစ္ခုပါပဲ၊ ယူႏိုက္တက္အေနနဲ႔လည္း ဒမ္ဘီလီကို သူတို႔ရဲ႕ဇန္န၀ါရီပစ္မွတ္တစ္ခုအေနနဲ႔ သတ္မွတ္ခဲ့မယ္ဆိုရင္ ကစားသမားကလည္း အသင္းေျပာင္းေရႊ႕ဖို႔ကို သေဘာေပါက္လက္ခံႏိုင္မွာပါ၊ ဒီလိုျဖစ္လာမယ္လုိ႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္” လို႔ ဒန္ကန္က ေျပာသြားခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တဲ့ လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီဟာ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ Express သတင်းဌာနရဲ့ သတင်းထောက်ဒန်ကန်ကက်စ်တဲလ်က ပြောဆိုသွားခဲ့ပါတယ်။
ဒါဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ သတင်းကောင်းတစ်ခုအဖြစ်လည်း ရှိလာခဲ့ပါတယ်။

ဒီရာသီမှာ တိုက်စစ်ပိုင်းအခက်အခဲတွေနဲ့ ရင်ဆို်င်နေရတဲ့ ဆိုးလ်ရှားက အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုင်ယွန်ကြယ်ပွင့်ကစားသမားကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ လိုင်ယွန်မှာ ပုံမှန်ကစားခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတဲ့ ဒမ်ဘီလီကလည်း အသင်းပြောင်းရွှေ့မယ့်အကြောင်းကို ဒန်ကန်ကက်စ်တဲလ်က အခုလိုပဲ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“ ယူနိုက်တက်နဲ့ ဒမ်ဘီလီတို့ကြားမှာ ဆက်သွယ်မှုတွေရှိနေပြီး သဘောတူညီမှုရရှိဖို့ နီးစပ်နေပြိဆိုတာကို ကျွန်တော်ပြောနိုင်ပါတယ်၊ ကစားသမားကလည်း အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး သူတို့ကြားမှာ လုပ်အားခအတွက်ပဲ ညှိနှိုင်းဖို့ လိုအပ်တော့တာပါ၊ ဒမ်ဘီလီက ယူနိုက်တက်ရဲ့ ဗဟိုတိုက်စစ်ပိုင်းမှာ ကစားနိုင်စွမ်းရှိတဲ့သူဆိုတာ သေချာပါတယ်”

“ ဒမ်ဘီလီအတွက်လည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်ဖို့က သူ့အတွက်ကြီးမားတဲ့ကိစ္စတစ်ခုပါပဲ၊ ယူနိုက်တက်အနေနဲ့လည်း ဒမ်ဘီလီကို သူတို့ရဲ့ဇန်နဝါရီပစ်မှတ်တစ်ခုအနေနဲ့ သတ်မှတ်ခဲ့မယ်ဆိုရင် ကစားသမားကလည်း အသင်းပြောင်းရွှေ့ဖို့ကို သဘောပေါက်လက်ခံနိုင်မှာပါ၊ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ဒန်ကန်က ပြောသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။