ေနမာေျပာင္းေရႊ႕ႏိုင္တဲ့ အသင္းကို ခန္႔မွန္းေျပာျပလိုက္တဲ့ အယ္လစ္ဆန္

Silva refuses to comment on FA charge over his Mendy tweet

လီဗာပူးလ္အသင္းရဲ႕ ဘရာဇီးလ္လက္ေရြးစင္ဂိုးသမားအယ္လစ္ဆန္က ႏိုင္ငံအသင္းေဖာ္တုိက္စစ္မွဴးေနမာရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး သူ႔ရဲ႕အျမင္ကို ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ေနမာဟာ ဇန္န၀ါရီမွာ အသင္းေျပာင္းေရႊ႕မယ္လုိ႔ သတင္းေတြထြက္ေပၚေနခဲ့သူျဖစ္ျပီး ဘာစီလုိနာကို ျပန္လည္ေျပာင္းေရႊ႕ႏိုင္တယ္လို႔ သတင္းၾကီးေနခဲ့ပါတယ္။

Lewandowski, Dilrosun & co. – The 5 Best Goals of the 2019/20 Bundesliga season so far

ေနမာဟာ ေႏြရာသီမွာကတည္းက အသင္းေျပာင္းေရႊ႕ဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္မျမင္ျဖစ္ခဲ့ရတာျဖစ္ပါတယ္။ အယ္လစ္ဆန္က သူ႔ရဲ႕ လက္ေရြးစင္အသင္းေဖာ္ဟာ ကမၻာ့အေကာင္းဆံုးကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး ဘယ္လိုအသင္းမွာမဆိုကစားႏိုင္စြမ္းရွိတဲ့ သူလို႔
အမႊမ္းတင္ခ်ီးက်ဴးခဲ့ျပီး အနာဂတ္နဲ႔ပတ္သက္ကာ သံုးသပ္ေျပာဆိုခဲ့ပါတယ္။

“ ေနမာက ဘယ္အသင္းမွာမဆို ကစားႏိုင္ျပီး ကမၻာ့အေကာင္းဆံုးကစားသမားျဖစ္လာမယ့္သူလို႔ ကၽြန္ေတာ္ထင္ပါတယ္၊ ထိပ္တန္းအဆင့္ကစားသမားတစ္ဦးျဖစ္ျပီး ကမၻာေပၚက ဘယ္အသင္းမွာမဆို အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ ကစားႏိုင္မွာပါ၊ သူ႔အေနနဲ႔ ဘာစီလိုနာကို ျပန္ေျပာင္းေရႊ႕ခဲ့မယ္ဆိုရင္လည္း ကံေကာင္းပါေစလိ႔ု ကၽြန္ေတာ္ဆႏၵျပဳပါတယ္”

“ သူက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ကစားတတ္သူျဖစ္ျပီးေတာ့ အားအင္စိုက္ထုတ္ႏိုင္သူပါ” လို႔ အယ္လစ္ဆန္က ေျပာဆိုခဲ့ပါတယ္။ ေနမာကုိ ေခၚယူဖို႔အတြက္ ဘာစီလိုနာအသင္းအျပင္ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္တို႔ကလည္း စိတ္၀င္စားေနျပိး ပီအက္စ္ဂ်ီအသင္းအေနနဲ႔ သူတို႔ရဲ႕
ကစားသမားကို ခက္ခက္ခဲခဲထိန္းသိမ္းရဖြယ္ရွိေနပါတယ္။

Unicode

လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားအယ်လစ်ဆန်က နိုင်ငံအသင်းဖော်တိုက်စစ်မှူးနေမာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နေမာဟာ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပြီး ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ သတင်းကြီးနေခဲ့ပါတယ်။

နေမာဟာ နွေရာသီမှာကတည်းက အသင်းပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ အယ်လစ်ဆန်က သူ့ရဲ့ လက်ရွေးစင်အသင်းဖော်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘယ်လိုအသင်းမှာမဆိုကစားနိုင်စွမ်းရှိတဲ့ သူလို့
အမွှမ်းတင်ချီးကျူးခဲ့ပြီး အနာဂတ်နဲ့ပတ်သက်ကာ သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ နေမာက ဘယ်အသင်းမှာမဆို ကစားနိုင်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ့်သူလို့ ကျွန်တော်ထင်ပါတယ်၊ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ကစားနိုင်မှာပါ၊ သူ့အနေနဲ့ ဘာစီလိုနာကို ပြန်ပြောင်းရွှေ့ခဲ့မယ်ဆိုရင်လည်း ကံကောင်းပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်”

“ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားတတ်သူဖြစ်ပြီးတော့ အားအင်စိုက်ထုတ်နိုင်သူပါ” လို့ အယ်လစ်ဆန်က ပြောဆိုခဲ့ပါတယ်။ နေမာကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းအပြင် ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ကလည်း စိတ်ဝင်စားနေပြိး ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့
ကစားသမားကို ခက်ခက်ခဲခဲထိန်းသိမ်းရဖွယ်ရှိနေပါတယ်။

မွတ္ခ်က္မ်ား။