လီဗာပူးလ္ကို အမွတ္ခြဲေပးလိုက္ရလို႔ ေဒါသထြက္ေနတဲ့ ရက္ရွ္ဖို႔ဒ္

Silva refuses to comment on FA charge over his Mendy tweet

လီဗာပူးလ္နဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴးရက္ရွ္ဖို႔ဒ္က အိမ္ကြင္းမွာ ရမွတ္ႏွစ္မွတ္ဆံုးရံႈးခဲ့တဲ့အတြက္ စိတ္ပ်က္မိတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးနဲ႔အတူ ယူႏိုက္တက္က ပြဲခ်ိန္ ၈၄ မိနစ္အထိ ဦးေဆာင္ေနခဲ့ေပမယ့္လည္း လီဗာပူးလ္အတြက္ လယ္လာနာက ေခ်ပဂိုးသြင္းယူခဲ့ျပီးေနာက္ တစ္မွတ္ခြဲေပးခဲ့ရတာျဖစ္ပါတယ္။

Klopp ‘was 100% sure VAR would overrule Rashford’s goal’

“ ဒီေန႔မွာ သူတို႔က တစ္မွတ္ရယူသြားခဲ့ပါတယ္၊ ကၽြန္ေတာ္တို႔ ႏွစ္မွတ္ဆံုးရံႈးခဲ့ျပီး ဒါက စိတ္ပ်က္စရာပါပဲ၊ ဘာလို႔လဲဆိုေတာ့ အေရးၾကီးတဲ့အခ်ိန္မွာ ပြဲၾကီးပြဲေကာင္းတစ္ပြဲျဖစ္ခဲ့လို႔ပါ” လုိ႔ ရက္ရွ္ဖို႔ဒ္က BBC Sport နဲ႔ ေတြ႕ဆံုမႈမွာ ေျပာဆိုခဲ့ပါတယ္။ “ ကစားသမားတစ္ဦးအေနနဲ႔ အျမဲတမ္းအေကာင္းျမင္ဖို႔ပဲ ၾကိဳးစားပါတယ္၊ ဒါက ကၽြန္ေတာ္တို႔အတြက္ စတင္ျခင္းတစ္ခုပါပဲ၊ ကၽြန္ေတာ္တို႔အေကာင္းဆံုးပံုစံမွာ ရွိမေနခဲ့ပါဘူး”

“ ရမွတ္တိုင္းက အေရးပါေနျပီး ဒီေန႔မွာ ႏွစ္မွတ္ဆံုးရံႈးခဲ့ရပါတယ္” လို႔ ရက္ရွ္ဖို႔ဒ္က ဆက္ေျပာသြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးမွာေတာ့ လင္ဒီေလာ့ဖ္က ေအာ္ရီဂီကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လုိ႔ လီဗာပူးလ္အသင္းသားေတြက ေစာဒကတက္ခဲ့ၾကျပီး VAR နဲ႔ ျပန္လည္ၾကည့္ရႈကာ ဆံုးျဖတ္ခဲ့ရပါတယ္။

အဆိုပါအျဖစ္အပ်က္နဲ႔ပတ္သက္ျပီး အျငင္းပြားဖြယ္ရာေတြျဖစ္ခဲ့ရျပီး ကြင္းလယ္ဒိုင္လူၾကီးကေတာ့ ဂိုးအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ ဆာဒီယိုမာေနးရဲ႕ သြင္းဂိုးမွာလည္း VAR နဲ႔ ျပန္လည္ၾကည့္ရႈခဲ့ရျပီး ကြင္းလယ္ဒိုင္က လက္နဲ႔ထိတယ္လို႔ ဆံုးျဖတ္ခဲ့ျပီး ဂိုးအျဖစ္မသတ္မွတ္ေပးခဲ့ပဲ ရွိခဲ့ပါတယ္။ ဒီဆံုးျဖတ္ခ်က္နဲ႔ပတ္သက္ျပီး မာတင္အက္ကင္ဆန္အေပၚ ေ၀ဖန္မႈေတြကလည္း ျမင့္တက္ေနခဲ့တယ္လုိ႔ သိရပါတယ္။

Unicode

လီဗာပူးလ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က အိမ်ကွင်းမှာ ရမှတ်နှစ်မှတ်ဆုံးရှုံးခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့အတူ ယူနိုက်တက်က ပွဲချိန် ၈၄ မိနစ်အထိ ဦးဆောင်နေခဲ့ပေမယ့်လည်း လီဗာပူးလ်အတွက် လယ်လာနာက ချေပဂိုးသွင်းယူခဲ့ပြီးနောက် တစ်မှတ်ခွဲပေးခဲ့ရတာဖြစ်ပါတယ်။

“ ဒီနေ့မှာ သူတို့က တစ်မှတ်ရယူသွားခဲ့ပါတယ်၊ ကျွန်တော်တို့ နှစ်မှတ်ဆုံးရှုံးခဲ့ပြီး ဒါက စိတ်ပျက်စရာပါပဲ၊ ဘာလို့လဲဆိုတော့ အရေးကြီးတဲ့အချိန်မှာ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့လို့ပါ” လို့ ရက်ရှ်ဖို့ဒ်က BBC Sport နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။ “ ကစားသမားတစ်ဦးအနေနဲ့ အမြဲတမ်းအကောင်းမြင်ဖို့ပဲ ကြိုးစားပါတယ်၊ ဒါက ကျွန်တော်တို့အတွက် စတင်ခြင်းတစ်ခုပါပဲ၊ ကျွန်တော်တို့အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး”

“ ရမှတ်တိုင်းက အရေးပါနေပြီး ဒီနေ့မှာ နှစ်မှတ်ဆုံးရှုံးခဲ့ရပါတယ်” လို့ ရက်ရှ်ဖို့ဒ်က ဆက်ပြောသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးမှာတော့ လင်ဒီလော့ဖ်က အော်ရီဂီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ လီဗာပူးလ်အသင်းသားတွေက စောဒကတက်ခဲ့ကြပြီး VAR နဲ့ ပြန်လည်ကြည့်ရှုကာ ဆုံးဖြတ်ခဲ့ရပါတယ်။

အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေဖြစ်ခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီးကတော့ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ဆာဒီယိုမာနေးရဲ့ သွင်းဂိုးမှာလည်း VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ရပြီး ကွင်းလယ်ဒိုင်က လက်နဲ့ထိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဂိုးအဖြစ်မသတ်မှတ်ပေးခဲ့ပဲ ရှိခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မာတင်အက်ကင်ဆန်အပေါ် ဝေဖန်မှုတွေကလည်း မြင့်တက်နေခဲ့တယ်လို့ သိရပါတယ်။

မွတ္ခ်က္မ်ား။