အီတီဟတ္မွာ မန္စီးတီးကို ခ်ယ္လ္ဆီးက အႏိုင္ယူလိမ့္မယ္လုိ႔ ေျပာလိုက္တဲ့ ဟာဇက္

Ljungberg has ‘got no indications’ regarding Arsenal future

ဒီတစ္ပတ္ကစားရမယ့္ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးတုိ႔ရဲ႕ပြဲမွာ ခ်ယ္လ္ဆီးအသင္းက အႏိုင္ရရွိလိမ့္္မယ္လို႔ ခ်ယ္လ္ဆီးကစားေဟာင္းဟာဇက္က ေျပာဆိုလိုက္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကို ဒီႏွစ္ေႏြရာသီမွာ ေျပာင္းေရႊ႕သြားခဲ့တဲ့ ဟာဇက္က ခ်ယ္လ္ဆီးအသင္းပြဲစဥ္ေတြကို ၾကည့္ရႈေနဆဲျဖစ္တယ္လုိ႔လည္း ေျပာဆိုသြားခဲ့ပါတယ္။

Eintracht Frankfurt vs Wolfsburg – Bas Dost vs Wout Weghorst | Duel of the Dutch strikers

“ ဘာလို႔ အႏိုင္မယူႏိုင္ရမွာလဲ၊ ဒါေပမယ့္ လြယ္ကူမွာေတာ့မဟုတ္ပါဘူး၊ မန္စီးတီးကြင္းမွာ ကစားရတာက အရမ္းခက္ခဲပါတယ္၊ ေနာက္ဆံုးအၾကိမ္ကၽြန္ေတာ္တို႔ကစားခဲ့တုန္းက ၆-၀ နဲ႔ အေရးနိမ့္ခဲ့တယ္၊ ကၽြန္ေတာ့္အတြက္ေတာ့ ဆိုးရြားတဲ့အမွတ္ရစရာျဖစ္ျပီး ခ်ယ္လ္ဆီးအတြက္လည္း ဒီလိုပဲ ျဖစ္ခဲ့ပါတယ္၊ ဒါေပမယ့္ ဒီရာသီမွာ ခ်ယ္လ္ဆီးက တကယ္ေကာင္းမြန္ေနပါတယ္”

“ လမ္းပတ္က လူငယ္နည္းျပတစ္ဦးျဖစ္ျပီး ကစားသမားေတြကလည္း ငယ္ရြယ္ႏုပ်ိဳေနပါတယ္၊ ဒါေပမယ့္ ေျခစြမ္းပိုင္းကေတာ့ တကယ္ကို ေကာင္းမြန္ပါတယ္၊ ဒိအတြက္ အီတီဟတ္မွာ မန္စီးတီးကို ဘာလို႔ အႏိုင္မရရမွာလဲ” လို႔ ဟာဇက္က ေျပာဆိုခဲ့ပါတယ္။ ခ်ယ္လ္ဆီးကေတာ့ လမ္းပတ္လက္ထက္မွာ တိုးတက္လာေနျပီး မန္စီးတီးကလည္း လီဗာပူးလ္ကို အမီလိုက္ဖို႔ လိုအပ္ေနလို႔ အၾကိတ္အနယ္ရွိမယ့္ ပြဲေကာင္းတစ္ပြဲေတာ့ ျဖစ္လာမွာ ေသခ်ာပါတယ္။

မန္စီးတီးကေတာ့ လီဗာပူးလ္ကို အေ၀းကြင္းမွာ အေရးနိမ့္ခ့ဲ့ျပိးေနာက္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာအထိ ေရာက္ရွိသြားခဲ့ပါတယ္။ ခ်ယ္လ္ဆီးက အဆင့္ ၃ေနရာကို ေရာက္ရွိခဲ့ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာကိုပါ ေမွ်ာ္လင့္ေနႏိုင္ျပီလည္းျဖစ္ပါတယ္။ လမ္းပတ္အတြက္လည္း စမ္းသပ္မႈၾကီးမားမယ့္ ပြဲစဥ္တစ္ခုျဖစ္ျပီး ဒီရာသီမွာ အသင္းၾကီးေတြနဲ႔အေတြ႔မွာ ရလဒ္ဆိုးရြားေနမႈေတြကို အဆံုးသတ္ႏိုင္မလားေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Unicode

ဒီတစ်ပတ်ကစားရမယ့် မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ရဲ့ပွဲမှာ ချယ်လ်ဆီးအသင်းက အနိုင်ရရှိလိမ့််မယ်လို့ ချယ်လ်ဆီးကစားဟောင်းဟာဇက်က ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ဒီနှစ်နွေရာသီမှာ ပြောင်းရွှေ့သွားခဲ့တဲ့ ဟာဇက်က ချယ်လ်ဆီးအသင်းပွဲစဉ်တွေကို ကြည့်ရှုနေဆဲဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

“ ဘာလို့ အနိုင်မယူနိုင်ရမှာလဲ၊ ဒါပေမယ့် လွယ်ကူမှာတော့မဟုတ်ပါဘူး၊ မန်စီးတီးကွင်းမှာ ကစားရတာက အရမ်းခက်ခဲပါတယ်၊ နောက်ဆုံးအကြိမ်ကျွန်တော်တို့ကစားခဲ့တုန်းက ၆-၀ နဲ့ အရေးနိမ့်ခဲ့တယ်၊ ကျွန်တော့်အတွက်တော့ ဆိုးရွားတဲ့အမှတ်ရစရာဖြစ်ပြီး ချယ်လ်ဆီးအတွက်လည်း ဒီလိုပဲ ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီရာသီမှာ ချယ်လ်ဆီးက တကယ်ကောင်းမွန်နေပါတယ်”

“ လမ်းပတ်က လူငယ်နည်းပြတစ်ဦးဖြစ်ပြီး ကစားသမားတွေကလည်း ငယ်ရွယ်နုပျိုနေပါတယ်၊ ဒါပေမယ့် ခြေစွမ်းပိုင်းကတော့ တကယ်ကို ကောင်းမွန်ပါတယ်၊ ဒိအတွက် အီတီဟတ်မှာ မန်စီးတီးကို ဘာလို့ အနိုင်မရရမှာလဲ” လို့ ဟာဇက်က ပြောဆိုခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ လမ်းပတ်လက်ထက်မှာ တိုးတက်လာနေပြီး မန်စီးတီးကလည်း လီဗာပူးလ်ကို အမီလိုက်ဖို့ လိုအပ်နေလို့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲတော့ ဖြစ်လာမှာ သေချာပါတယ်။

မန်စီးတီးကတော့ လီဗာပူးလ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့့ပြိးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။ ချယ်လ်ဆီးက အဆင့် ၃နေရာကို ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုပါ မျှော်လင့်နေနိုင်ပြီလည်းဖြစ်ပါတယ်။ လမ်းပတ်အတွက်လည်း စမ်းသပ်မှုကြီးမားမယ့် ပွဲစဉ်တစ်ခုဖြစ်ပြီး ဒီရာသီမှာ အသင်းကြီးတွေနဲ့အတွေ့မှာ ရလဒ်ဆိုးရွားနေမှုတွေကို အဆုံးသတ်နိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။