ပိုခ်က္တီႏိုရဲ႕ စပါးနည္းျပဘ၀ ကိန္းဂဏန္းမွတ္တမ္းမ်ား

Ljungberg has ‘got no indications’ regarding Arsenal future

ဒီေန႔မနက္ပိုင္းမွာပဲ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ နည္းျပပိုခ်က္တီႏိုကို ရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။ ဒီရာသီမွာ ရလဒ္ေတြဆိုးရြားေနခဲ့ျပီးေနာက္ အဆိုပါရလဒ္ေတြအတြက္ ပိုခ်က္တီႏိုက တာ၀န္ယူခဲ့ရတာျဖစ္ျပီး ငါးႏွစ္ၾကာရွိေနတဲ့အသင္းကို စြန္႔ခြာသြားခဲ့ရတာလည္းျဖစ္ပါတယ္။ ဒီအတြက္ စပါးအသင္းနဲ႔အတူ ပိုခ်က္တီႏို ခ်န္ထားရစ္ခဲ့တဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Eintracht Frankfurt vs Wolfsburg – Bas Dost vs Wout Weghorst | Duel of the Dutch strikers

၂၉၃ – စပါးကို ပိုခ်က္တီႏို ကိုင္တြယ္ခဲ့တဲ့ ပြဲအေရအတြက္ျဖစ္ျပီး အသင္းသမုိင္းမွာ စတုတၳေျမာက္ပြဲအမ်ားဆံုးကိုင္တြယ္ခဲ့တဲ့ နည္းျပအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

၅၄.၃ – ပိုခ်က္တီႏိုရဲ႕ ႏိုင္ပြဲရာခိုင္ႏႈန္းျဖစ္ပါတယ္။ သူ႔ထက္ပိုမိုျပီးေကာင္းမြန္တဲ့ စပါးနည္းျပအျဖစ္ ဘိုအာ့စ္က ၅၅% နဲ႔ ရပ္တည္ေနခဲ့ျပီး အနည္းဆံုးပြဲ ၅၀ ကိုင္တြယ္ခြင့္ရခဲ့တဲ့ နည္းျပေတြကို တြက္ခ်က္ထားတာျဖစ္ပါတယ္။

၂၀၂ – ပိုခ်က္တီႏိုရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ အေရအတြက္ျဖစ္ျပီး စပါးအသင္းနည္းျပေဟာင္းေတြအားလံုးထက္ ပိုမိုမ်ားျပားတယ္လို႔ သိရပါတယ္။

၃၈၂ – ၅ ႏွစ္အတြင္းမွာ စပါးအသင္းရရွိခဲ့တဲ့ အမွတ္ေပးရမွတ္ေတြျဖစ္ျပီး အဆိုပါကာလအတြင္းမွာ မန္စီးတီးက ၄၄၆ မွတ္၊ လီဗာပူးလ္က ၄၀၄ မွတ္နဲ႔ ခ်ယ္လ္ဆီး ၃၉၈ မွတ္ရွိခဲ့ျပီး စပါးက အဆင့္ ၄ေနရာမွာ ရွိခဲ့ပါတယ္။

၁.၈၉ – ပရီးမီးယားလိဂ္မွာ တစ္ပြဲပ်မ္းမွ် စပါးအသင္းရရွိခဲ့တဲ့ ရမွတ္ပါ။ ဒါဟာ နည္းျပေဟာင္းတင္ရွား၀ုဒ္ရဲ႕ ၁.၉၁ မွတ္ထက္သာ ေလ်ာ့နည္းျပီး က်န္နည္းျပေတြထက္ သာလြန္ခဲ့ပါတယ္။

၁၆၉ – ပိုခ်က္တီႏိုရဲ႕ ပရီးမီးယားလိဂ္ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။ သူ႔ထက္ပိုမိုမ်ားျပားတဲ့ နည္းျပေတြအျဖစ္ ေမာ္ရင္ဟိုက ခ်ယ္လ္ဆီးမွာ ၁၄၂ ပြဲ၊ ဆာအဲလက္စ္ဖာဂူဆန္က ၁၆၂ ပြဲနဲ႔ ရွိေနပါတယ္။

၄ – စပါးမွာ ငါးရာသီအျပည့္အ၀ရွိခဲ့ျပီး ေလးရာသီက အဆင့္ ၄အတြင္း၀င္ေရာက္ႏိုုင္ခဲ့ပါတယ္။

၈ – ျပီးခဲ့တဲ့ရာသီမွာ အသင္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ခဲ့ျပီး စပါးက ဥေရာပအဆင့္ဗိုလ္လုပြဲကို ေရာက္ရွိခဲ့တဲ့ ၈ သင္းေျမာက္အသင္းျဖစ္ခဲ့ပါတယ္။

၂ – ပိုခ်က္တီႏိုလက္ထက္မွာ စပါးက အဓိကဗိုလ္လုပြဲ ၂ပြဲအထိ အေရးနိမ့္ခဲ့ပါတယ္။ လိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ပြဲေတြမွာပါ။

၃၆ – ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ျပီး စပါးအသင္းဟာ ၂၀၁၇-၁၈ ေနာက္ပိုင္းမွာ ဗိုလ္လုပြဲတက္ေရာက္ခဲ့တဲ့ အသင္းေတြထက္ ေပးဂိုးပိုမိုမ်ားျပားခဲ့ပါတယ္။

Unicode

ဒီနေ့မနက်ပိုင်းမှာပဲ တော့တင်ဟမ်ဟော့စပါးအသင်းဟာ နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီးနောက် အဆိုပါရလဒ်တွေအတွက် ပိုချက်တီနိုက တာဝန်ယူခဲ့ရတာဖြစ်ပြီး ငါးနှစ်ကြာရှိနေတဲ့အသင်းကို စွန့်ခွာသွားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီအတွက် စပါးအသင်းနဲ့အတူ ပိုချက်တီနို ချန်ထားရစ်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၂၉၃ – စပါးကို ပိုချက်တီနို ကိုင်တွယ်ခဲ့တဲ့ ပွဲအရေအတွက်ဖြစ်ပြီး အသင်းသမိုင်းမှာ စတုတ္ထမြောက်ပွဲအများဆုံးကိုင်တွယ်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၅၄.၃ – ပိုချက်တီနိုရဲ့ နိုင်ပွဲရာခိုင်နှုန်းဖြစ်ပါတယ်။ သူ့ထက်ပိုမိုပြီးကောင်းမွန်တဲ့ စပါးနည်းပြအဖြစ် ဘိုအာ့စ်က ၅၅% နဲ့ ရပ်တည်နေခဲ့ပြီး အနည်းဆုံးပွဲ ၅၀ ကိုင်တွယ်ခွင့်ရခဲ့တဲ့ နည်းပြတွေကို တွက်ချက်ထားတာဖြစ်ပါတယ်။

၂၀၂ – ပိုချက်တီနိုရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အရေအတွက်ဖြစ်ပြီး စပါးအသင်းနည်းပြဟောင်းတွေအားလုံးထက် ပိုမိုများပြားတယ်လို့ သိရပါတယ်။

၃၈၂ – ၅ နှစ်အတွင်းမှာ စပါးအသင်းရရှိခဲ့တဲ့ အမှတ်ပေးရမှတ်တွေဖြစ်ပြီး အဆိုပါကာလအတွင်းမှာ မန်စီးတီးက ၄၄၆ မှတ်၊ လီဗာပူးလ်က ၄၀၄ မှတ်နဲ့ ချယ်လ်ဆီး ၃၉၈ မှတ်ရှိခဲ့ပြီး စပါးက အဆင့် ၄နေရာမှာ ရှိခဲ့ပါတယ်။

၁.၈၉ – ပရီးမီးယားလိဂ်မှာ တစ်ပွဲပျမ်းမျှ စပါးအသင်းရရှိခဲ့တဲ့ ရမှတ်ပါ။ ဒါဟာ နည်းပြဟောင်းတင်ရှားဝုဒ်ရဲ့ ၁.၉၁ မှတ်ထက်သာ လျော့နည်းပြီး ကျန်နည်းပြတွေထက် သာလွန်ခဲ့ပါတယ်။

၁၆၉ – ပိုချက်တီနိုရဲ့ ပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။ သူ့ထက်ပိုမိုများပြားတဲ့ နည်းပြတွေအဖြစ် မော်ရင်ဟိုက ချယ်လ်ဆီးမှာ ၁၄၂ ပွဲ၊ ဆာအဲလက်စ်ဖာဂူဆန်က ၁၆၂ ပွဲနဲ့ ရှိနေပါတယ်။

၄ – စပါးမှာ ငါးရာသီအပြည့်အဝရှိခဲ့ပြီး လေးရာသီက အဆင့် ၄အတွင်းဝင်ရောက်နိုုင်ခဲ့ပါတယ်။

၈ – ပြီးခဲ့တဲ့ရာသီမှာ အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး စပါးက ဥရောပအဆင့်ဗိုလ်လုပွဲကို ရောက်ရှိခဲ့တဲ့ ၈ သင်းမြောက်အသင်းဖြစ်ခဲ့ပါတယ်။

၂ – ပိုချက်တီနိုလက်ထက်မှာ စပါးက အဓိကဗိုလ်လုပွဲ ၂ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ပွဲတွေမှာပါ။

၃၆ – ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး စပါးအသင်းဟာ ၂၀၁၇-၁၈ နောက်ပိုင်းမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ အသင်းတွေထက် ပေးဂိုးပိုမိုများပြားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။