စပါးနည္းျပသစ္အျဖစ္ ေမာ္ရင္ဟိုကို အတည္ျပဳခန္႔အပ္လိုက္ျပီ

‘Man United still need two or three players’ – Solskjaer

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ပိုခ်က္တီႏိုကို ထုတ္ပယ္ျပီးေနာက္ နည္းျပသစ္အျဖစ္ ေမာ္ရင္ဟိုကို ခန္႔အပ္လိုက္ျပီျဖစ္ပါတယ္။ ဒါဟာ နည္းျပအေျပာင္းအလဲတစ္ခုကို စပါးအသင္းက ၂၄ နာရီအတြင္းမွာပဲ အျပီးသတ္လုပ္ေဆာင္သြားခဲ့တာလည္းျဖစ္ပါတယ္။ ေမာ္၇င္ဟိုကို နည္းျပသစ္အျဖစ္ခန္႔အပ္ခဲ့တဲ့သတင္းကို အသင္းရဲ႕တရား၀င္၀က္ဘ္ဆိုက္ကေန ေၾကညာခဲ့ပါတယ္။

Rouwen Hennings vs Robert Lewandowski – Two top strikers go head-to-head in Dusseldorf vs Bayern Munich

ေမာ္ရင္ဟိုကေတာ့ နည္းျပဘ၀မွာ ဆုဖလားေပါင္း ၂၅ လံုးအထိ ရရွိထားခဲ့သူျဖစ္ပါတယ္။ ေပၚတို၊ ခ်ယ္လ္ဆီး၊ အင္တာမီလန္၊ ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ကို ကိုင္တြယ္ခဲ့ျပီး ေတာ့တင္ဟမ္ကေတာ့ သူ႔အတြက္ ၃ သင္းေျမာက္ ပရီးမီးယားလိဂ္အသင္းျဖစ္လာေတာ့မွာလည္း ျဖစ္ပါတယ္။

“ ေဘာလံုးေလာကရဲ႕ အေကာင္းဆံုးနည္းျပတစ္ဦးကို ကၽြန္ေတာ္တို႔ ရရွိခဲ့ပါျပီ၊ ေမာ္ရင္ဟိုက အေတြ႔အၾကံဳၾကြယ္၀ျပီးေတာ့ အသင္းကို လံႈ႔ေဆာ္ႏိုင္မွာလည္းျဖစ္ပါတယ္၊ ျပီးေတာ့ သူက နည္းစနစ္ပိုင္းၾကြယ္၀သူလည္းျဖစ္ပါတယ္၊ ကလပ္အသင္းတိုင္းမွာ သူက ဆုဖလားေတြရယူႏိုင္ခဲ့ျပီး  အသင္းရဲ႕ အ၀တ္လဲခန္းအတြင္းကို အေကာင္းဆံုးစြမ္းရည္ေတြ သယ္ေဆာင္လာႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္” လို႔ စပါးအသင္းဥကၠဌလီဗိုင္းက ေျပာဆိုခဲ့ပါတယ္။

ေမာ္ရင္ဟိုကေတာ့ ယူႏိုက္တက္ေန ထုတ္ပယ္ခံရျပီး တစ္ႏွစ္အၾကာမွာပဲ စပါးအသင္းနည္းျပျဖစ္လာခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့ျပီးေနာက္မွာ ေမာ္ရင္ဟိုက ေဘာလံုးပြဲသံုးသပ္သူအျဖစ္ ေဆာင္ရြက္ေနခဲ့ပါတယ္။ စပါးအသင္းနည္းျပရာထူးအတြက္ နာမည္ေက်ာ္နည္းျပတခ်ိဳ႕လည္း သတင္းထြက္ခဲ့ေပမယ့္လည္း ေမာ္ရင္ဟိုကို စပါးက ဦးစားေပးခဲ့တာျဖစ္ပါတယ္။

Unicode

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ နည်းပြအပြောင်းအလဲတစ်ခုကို စပါးအသင်းက ၂၄ နာရီအတွင်းမှာပဲ အပြီးသတ်လုပ်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။ မော်ရင်ဟိုကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တဲ့သတင်းကို အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်ကနေ ကြေညာခဲ့ပါတယ်။

မော်ရင်ဟိုကတော့ နည်းပြဘဝမှာ ဆုဖလားပေါင်း ၂၅ လုံးအထိ ရရှိထားခဲ့သူဖြစ်ပါတယ်။ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး တော့တင်ဟမ်ကတော့ သူ့အတွက် ၃ သင်းမြောက် ပရီးမီးယားလိဂ်အသင်းဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

“ ဘောလုံးလောကရဲ့ အကောင်းဆုံးနည်းပြတစ်ဦးကို ကျွန်တော်တို့ ရရှိခဲ့ပါပြီ၊ မော်ရင်ဟိုက အတွေ့အကြုံကြွယ်ဝပြီးတော့ အသင်းကို လှုံ့ဆော်နိုင်မှာလည်းဖြစ်ပါတယ်၊ ပြီးတော့ သူက နည်းစနစ်ပိုင်းကြွယ်ဝသူလည်းဖြစ်ပါတယ်၊ ကလပ်အသင်းတိုင်းမှာ သူက ဆုဖလားတွေရယူနိုင်ခဲ့ပြီး  အသင်းရဲ့ အဝတ်လဲခန်းအတွင်းကို အကောင်းဆုံးစွမ်းရည်တွေ သယ်ဆောင်လာနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ စပါးအသင်းဥက္ကဌလီဗိုင်းက ပြောဆိုခဲ့ပါတယ်။

မော်ရင်ဟိုကတော့ ယူနိုက်တက်နေ ထုတ်ပယ်ခံရပြီး တစ်နှစ်အကြာမှာပဲ စပါးအသင်းနည်းပြဖြစ်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ မော်ရင်ဟိုက ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေခဲ့ပါတယ်။ စပါးအသင်းနည်းပြရာထူးအတွက် နာမည်ကျော်နည်းပြတချို့လည်း သတင်းထွက်ခဲ့ပေမယ့်လည်း မော်ရင်ဟိုကို စပါးက ဦးစားပေးခဲ့တာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။