စပါးမွာ ေမာ္ရင္ဟို ေအာင္ျမင္ႏိုင္ပါ့မလား?

‘Man United still need two or three players’ – Solskjaer

စပါးကေတာ့ နည္းျပသစ္အျဖစ္ ေမာ္ရင္ဟိုကို ခန္႔အပ္လိုက္ပါျပီ။ ဒါဟာ ခ်က္ခ်င္းဆိုသလိုပဲ ေမာ္ရင္ဟိုကို သူတို႔က ေခၚယူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ျပီးေတာ့ စပါးအသင္းရဲ႕အနာဂတ္က ပုိမိုျပီးစိတ္၀င္စားစရာေကာင္းလာခဲ့ပါျပီ။ အသင္းမွာ ၅ ႏွစ္ၾကာရွိေနခဲ့ျပီးေနာက္ အေကာင္းဆံုးအေနအထားတစ္ခုကို ပိုခ်က္တီႏိုက ပံုေဖာ္ေပးႏိုင္ခဲ့ေပမယ့္လည္း ဒီရာသီအေစာပိုင္းရလဒ္ေတြက သူ႔ကို ေတာ့တင္ဟမ္နဲ႔ လမ္းခြဲရေစဖို႔ျဖစ္လာခဲ့ပါတယ္။ ဒါဆိုရင္ သူ႔ေနရာမွာ အစားထိုး၀င္ေရာက္လာမယ့္ ေမာ္ရင္ဟိုေရာ စပါးမွာ ေအာင္ျမင္ပါ့မလားဆိုတာ စိတ္၀င္စားစရာပါပဲ။

Rouwen Hennings vs Robert Lewandowski – Two top strikers go head-to-head in Dusseldorf vs Bayern Munich

ေမာ္ရင္ဟိုရဲ႕ နည္းျပဘ၀ေႏွာင္းပိုင္းကာလေတြက သိပ္ေတာ့မေကာင္းလွပါဘူး။ ခ်ယ္လ္ဆီးနဲ႔ ယူႏိုက္တက္ကေနဆိုရင္ ထုတ္ပယ္ခံခဲ့ရတာပါ။ အသင္းကို သူက ပထမဆံုးရာသီေတြမွာ အေကာင္းဆံုးကိုင္တြယ္ႏိုင္ေပမယ့္ ေနာက္ရာသီေတြမွာဆိုရင္ ကစားသမားေတြနဲ႔အဆင္မေျပတာ၊ အသင္းကစားပံုအားနည္းသြားတာေတြက ျဖစ္ေလ့ျဖစ္ထရွိေနခဲ့ပါတယ္။ ဒီမွတ္တမ္းေတြကိုေတာ့ သူ ေခ်ဖ်က္ျပႏိုင္ဖို႔ ၾကိဳးစားရမွာပါ။ ပထမရာသီနဲ႔ ဒုတိယရာသီမွာ ေမာ္ရင္ဟိုကို အေကာင္းဆံုးပံုစံနဲ႔ ျမင္ေတြ႔ႏိုင္ေပမယ့္ တတိယေျမာက္ရာသီကေတာ့ သူ႔အတြက္ က်ိန္စာဆိုးအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။

သူနည္းျပခဲ့တဲ့သက္တမ္းတစ္ေလွ်ာက္မွာလည္း အသင္းတစ္သင္းကို ၃ႏွစ္ထက္ပိုျပီးေတာ့ မကိုင္တြယ္ခဲ့ဘူးဆိုတာ ေတြ႔ရမွာပါ။ ဒါက အေပၚကေျပာခဲ့တဲ့အခ်က္နဲ႔လည္း ကိုက္ညီေနပါတယ္။ သူ႔ရဲ႕ ပင္ကိုယ္ဗီဇအရ စကားေျပာဆိုမႈေတြကလည္း အသင္းတြင္းမွာ ကစားသမားေတြ၊ အေရးၾကီးတာ၀န္ရွိသူေတြနဲ႔ အဆင္မေျပမႈေတြ ရွိေနခဲ့ပါတယ္။ စပါးမွာလည္း ဒီလုိအေျခအေနကို သူ ၾကံဳေတြ႔ရဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ သူ႔ဘက္က ဒါေတြကို ျပင္ဆင္ႏိုင္မယ္ဆိုရင္ေတာ့ အဆင္ေျပႏိုင္ပါတယ္။ စပါးမွာ ကမၻာ့အဆင့္ကစားသမားက လက္ခ်ိဳးေရတြက္လို႔ရလို႔ သူထိန္းသိမ္းရေတာ့ လြယ္ကူမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အခုဆိုရင္ ေမာ္ရင္ဟို ရင္ဆုိင္ရမယ့္ အသင္းေဟာင္းက ႏွစ္သင္းျဖစ္လာပါျပီ။ ခ်ယ္လ္ဆီးနဲ႔ ယူႏိုက္တက္တို႔ျဖစ္ျပီး ဒီဇင္ဘာလ ၄ရက္ေန႔မွာဆိုရင္ သူက ယူႏိုက္တက္နဲ႔ ျပန္ရင္ဆိုင္ရေတာ့မွာပါ။ ဒါ့အျပင္ စပါးက အဆင့္ ၁၄ ေနရာမွာ ရွိေနပါတယ္။ ဒီအေနအထားကေနလည္း လြန္ေျမာက္ႏိုင္ဖို႔ ေမာ္ရင္ဟိုက ၾကိဳးစားေပးရဦးပါမယ္။ သူ႔ရဲ႕ စပါးနည္းျပဘ၀အစကေတာ့ စကတည္းကယဥ္သကိုကိုဆိုသလိုပါပဲ။ ဆိုးရြားေနတဲ့ အသင္းတစ္သင္းကို သူက ျပန္ထူေထာင္ေပးရေတာ့မွာပါ။

ဒါေပမယ့္ ခ်ယ္လ္ဆီးကို ဒုတိယေျမာက္ျပန္ေရာက္လာခ်ိန္၊ ယူႏိုက္တက္ကို ေရာက္လာခ်ိန္မွာလည္း အဲဒီအသင္းေတြက ဆိုးရြားေနတဲ့အေနအထားေတြမွာပါ။ ဒါေၾကာင့္ ေမာ္ရင္ဟိုအတြက္ သိပ္ေတာ့ေထြထူးေနမယ္ေတာ့မထင္မိပါဘူး။ တစ္ခုပါပဲ။ သူ စပါးမွာ တကယ္ပဲ ေအာင္ျမင္ႏိုင္ပါ့မလား။ ေမွးမွိန္စျပဳေနခဲ့တဲ့ သူ႔ရဲ႕ ပံုရိပ္ေတြကိုျပန္ျပိးေတာ့ ေတာက္ပလာေအာင္ ဖန္တီးႏိုင္မလားဆိုတာကို ေစာင့္ၾကည့္သြားရေတာ့မွာပါ။

Unicode

စပါးကတော့ နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ခန့်အပ်လိုက်ပါပြီ။ ဒါဟာ ချက်ချင်းဆိုသလိုပဲ မော်ရင်ဟိုကို သူတို့က ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ စပါးအသင်းရဲ့အနာဂတ်က ပိုမိုပြီးစိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ။ အသင်းမှာ ၅ နှစ်ကြာရှိနေခဲ့ပြီးနောက် အကောင်းဆုံးအနေအထားတစ်ခုကို ပိုချက်တီနိုက ပုံဖော်ပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီအစောပိုင်းရလဒ်တွေက သူ့ကို တော့တင်ဟမ်နဲ့ လမ်းခွဲရစေဖို့ဖြစ်လာခဲ့ပါတယ်။ ဒါဆိုရင် သူ့နေရာမှာ အစားထိုးဝင်ရောက်လာမယ့် မော်ရင်ဟိုရော စပါးမှာ အောင်မြင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

မော်ရင်ဟိုရဲ့ နည်းပြဘဝနှောင်းပိုင်းကာလတွေက သိပ်တော့မကောင်းလှပါဘူး။ ချယ်လ်ဆီးနဲ့ ယူနိုက်တက်ကနေဆိုရင် ထုတ်ပယ်ခံခဲ့ရတာပါ။ အသင်းကို သူက ပထမဆုံးရာသီတွေမှာ အကောင်းဆုံးကိုင်တွယ်နိုင်ပေမယ့် နောက်ရာသီတွေမှာဆိုရင် ကစားသမားတွေနဲ့အဆင်မပြေတာ၊ အသင်းကစားပုံအားနည်းသွားတာတွေက ဖြစ်လေ့ဖြစ်ထရှိနေခဲ့ပါတယ်။ ဒီမှတ်တမ်းတွေကိုတော့ သူ ချေဖျက်ပြနိုင်ဖို့ ကြိုးစားရမှာပါ။ ပထမရာသီနဲ့ ဒုတိယရာသီမှာ မော်ရင်ဟိုကို အကောင်းဆုံးပုံစံနဲ့ မြင်တွေ့နိုင်ပေမယ့် တတိယမြောက်ရာသီကတော့ သူ့အတွက် ကျိန်စာဆိုးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

သူနည်းပြခဲ့တဲ့သက်တမ်းတစ်လျှောက်မှာလည်း အသင်းတစ်သင်းကို ၃နှစ်ထက်ပိုပြီးတော့ မကိုင်တွယ်ခဲ့ဘူးဆိုတာ တွေ့ရမှာပါ။ ဒါက အပေါ်ကပြောခဲ့တဲ့အချက်နဲ့လည်း ကိုက်ညီနေပါတယ်။ သူ့ရဲ့ ပင်ကိုယ်ဗီဇအရ စကားပြောဆိုမှုတွေကလည်း အသင်းတွင်းမှာ ကစားသမားတွေ၊ အရေးကြီးတာဝန်ရှိသူတွေနဲ့ အဆင်မပြေမှုတွေ ရှိနေခဲ့ပါတယ်။ စပါးမှာလည်း ဒီလိုအခြေအနေကို သူ ကြုံတွေ့ရဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။ သူ့ဘက်က ဒါတွေကို ပြင်ဆင်နိုင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ စပါးမှာ ကမ္ဘာ့အဆင့်ကစားသမားက လက်ချိုးရေတွက်လို့ရလို့ သူထိန်းသိမ်းရတော့ လွယ်ကူမယ်လို့ မျှော်လင့်ရပါတယ်။

အခုဆိုရင် မော်ရင်ဟို ရင်ဆိုင်ရမယ့် အသင်းဟောင်းက နှစ်သင်းဖြစ်လာပါပြီ။ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ဖြစ်ပြီး ဒီဇင်ဘာလ ၄ရက်နေ့မှာဆိုရင် သူက ယူနိုက်တက်နဲ့ ပြန်ရင်ဆိုင်ရတော့မှာပါ။ ဒါ့အပြင် စပါးက အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။ ဒီအနေအထားကနေလည်း လွန်မြောက်နိုင်ဖို့ မော်ရင်ဟိုက ကြိုးစားပေးရဦးပါမယ်။ သူ့ရဲ့ စပါးနည်းပြဘဝအစကတော့ စကတည်းကယဉ်သကိုကိုဆိုသလိုပါပဲ။ ဆိုးရွားနေတဲ့ အသင်းတစ်သင်းကို သူက ပြန်ထူထောင်ပေးရတော့မှာပါ။

ဒါပေမယ့် ချယ်လ်ဆီးကို ဒုတိယမြောက်ပြန်ရောက်လာချိန်၊ ယူနိုက်တက်ကို ရောက်လာချိန်မှာလည်း အဲဒီအသင်းတွေက ဆိုးရွားနေတဲ့အနေအထားတွေမှာပါ။ ဒါကြောင့် မော်ရင်ဟိုအတွက် သိပ်တော့ထွေထူးနေမယ်တော့မထင်မိပါဘူး။ တစ်ခုပါပဲ။ သူ စပါးမှာ တကယ်ပဲ အောင်မြင်နိုင်ပါ့မလား။ မှေးမှိန်စပြုနေခဲ့တဲ့ သူ့ရဲ့ ပုံရိပ်တွေကိုပြန်ပြိးတော့ တောက်ပလာအောင် ဖန်တီးနိုင်မလားဆိုတာကို စောင့်ကြည့်သွားရတော့မှာပါ။

 

မွတ္ခ်က္မ်ား။