ဘလြန္းဒီေအာဆုေပးပြဲကို လာမယ့္ႏွစ္မွာ ထပ္လာမယ္လို႔ ေျပာလိုက္တဲ့ ဗန္ဒိုက္

‘A tough couple of days for Lingard and Fred’ – Solskjaer after Manchester derby racism storm

လီဗာပူုးလ္အသင္းေနာက္ခံလူဗန္ဒိုက္က သူ႔အေနနဲ႔ ဒီႏွစ္မွာ ဘလြန္းဒီေအာဆုအတြက္ အဆင့္ ၂ေနရာသာ ရရွိခဲ့ေပမယ့္လည္း ေက်နပ္မိတယ္လုိ႔ ဆုိခဲ့ပါတယ္။ မက္ဆီက ဆုရရွိသြားခဲ့ေပမယ့္လည္း ဗန္ဒိုက္ကေတာ့ မက္ဆီအတြက္ ထိုက္တန္တယ္လို႔ မွတ္ခ်က္ျပဳသြားခဲ့ျပီး
သူ႔အေနနဲ႔ လာမယ့္ႏွစ္မွာလည္း အခုလုိမ်ိဳးဆုေပးပြဲကို တက္ေရာက္ႏိုင္ဖို႔ ၾကိဳးစားသြားမယ္လုိ႔ ေျပာဆိုခဲ့ပါတယ္။

The History of Old Rivals – Borussia Monchengladbach vs Bayern Munich

ဗန္ဒိုက္ဟာ ေနာက္ခံလူတစ္ဦးအေနနဲ႔ ဒီဆုကို ၂၀၀၆ ေနာက္ပိုင္းမွာ ပထမဆံုးအၾကိမ္ဆြတ္ခူးႏိုင္မယ့္ အခြင့္အေရး ရွိခဲ့ေပမယ့္ မက္ဆီက ရယူသြားခဲ့တာျဖစ္ပါတယ္။ တတိယေနရာကိုေတာ့ ေရာ္နယ္ဒိုက ရရွိခဲ့ျပီး လီဗာပူးလ္အသင္းသားေတြျဖစ္တဲ့ မာေနး နဲ႔ ဆာလာတို႔က စတုတၳနဲ႔ ပဥၥမေနရာေတြမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

“ ဆန္ခါတင္စာရင္းထဲပါေနတာကို သိခဲ့ေပမယ့္လည္း ဒီဆုကို ရမယ္လုိ႔ ကၽြန္ေတာ္ဘယ္တုန္းကမွ မေတြးထားခဲ့ပါဘူး၊ ဒါက ဘာလုိ႔လဲဆိုေတာ့ ကၽြန္ေတာ့္ရဲ႕ကစားသမားဘ၀ေၾကာင့္ပါ၊ ဒီဆုကို ရရွိသူေတြနဲ႔ဆိုရင္ ကၽြန္ေတာ္နဲ႔က အရမ္းကိုကြဲျပားျခားနားပါတယ္၊ ကၽြန္ေတာ္က ေနာက္က်ျပီးမွ ေရာက္လာသူပါ၊ ဒါေပမယ့္ ဒီဆုကိုရယူဖို႔ အိပ္မက္ကိုေတာ့ ကၽြန္ေတာ္လက္ေလွ်ာ့မွာမဟုတ္ပါဘူး”

“ ျပင္းျပင္းထန္ထန္အလုပ္လုပ္ခဲ့ျပီး ဒီအတြက္ေၾကာင့္မို႔ ဒီေနရာကို ကၽြန္ေတာ္ေရာက္လာခဲ့ျပီး ဂုဏ္ယူႏိုင္ခဲ့ပါတယ္၊ ထပ္ၾကိဳးစားဦးမွာျဖစ္ျပီး ေနာက္ႏွစ္လည္း ဒီမွာရွိေနခ်င္ပါတယ္” လို႔ ဗန္ဒိုက္က ေျပာဆိုသြားခဲ့ပါတယ္။ ဗန္ဒိုက္ကေတာ့ ဥေရာပအေကာင္းဆံုးကစားသမားဆုကို ရရွိထားခဲ့ျပီး ျပီးခဲ့တဲ့ရာသီကလည္း ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုရရွိခဲ့ပါတယ္။

Unicode

လီဗာပူုးလ်အသင်းနောက်ခံလူဗန်ဒိုက်က သူ့အနေနဲ့ ဒီနှစ်မှာ ဘလွန်းဒီအောဆုအတွက် အဆင့် ၂နေရာသာ ရရှိခဲ့ပေမယ့်လည်း ကျေနပ်မိတယ်လို့ ဆိုခဲ့ပါတယ်။ မက်ဆီက ဆုရရှိသွားခဲ့ပေမယ့်လည်း ဗန်ဒိုက်ကတော့ မက်ဆီအတွက် ထိုက်တန်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပြီး
သူ့အနေနဲ့ လာမယ့်နှစ်မှာလည်း အခုလိုမျိုးဆုပေးပွဲကို တက်ရောက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်ဟာ နောက်ခံလူတစ်ဦးအနေနဲ့ ဒီဆုကို ၂၀၀၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမယ့် မက်ဆီက ရယူသွားခဲ့တာဖြစ်ပါတယ်။ တတိယနေရာကိုတော့ ရော်နယ်ဒိုက ရရှိခဲ့ပြီး လီဗာပူးလ်အသင်းသားတွေဖြစ်တဲ့ မာနေး နဲ့ ဆာလာတို့က စတုတ္ထနဲ့ ပဥ္စမနေရာတွေမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

“ ဆန်ခါတင်စာရင်းထဲပါနေတာကို သိခဲ့ပေမယ့်လည်း ဒီဆုကို ရမယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးထားခဲ့ပါဘူး၊ ဒါက ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ကစားသမားဘဝကြောင့်ပါ၊ ဒီဆုကို ရရှိသူတွေနဲ့ဆိုရင် ကျွန်တော်နဲ့က အရမ်းကိုကွဲပြားခြားနားပါတယ်၊ ကျွန်တော်က နောက်ကျပြီးမှ ရောက်လာသူပါ၊ ဒါပေမယ့် ဒီဆုကိုရယူဖို့ အိပ်မက်ကိုတော့ ကျွန်တော်လက်လျှော့မှာမဟုတ်ပါဘူး”

“ ပြင်းပြင်းထန်ထန်အလုပ်လုပ်ခဲ့ပြီး ဒီအတွက်ကြောင့်မို့ ဒီနေရာကို ကျွန်တော်ရောက်လာခဲ့ပြီး ဂုဏ်ယူနိုင်ခဲ့ပါတယ်၊ ထပ်ကြိုးစားဦးမှာဖြစ်ပြီး နောက်နှစ်လည်း ဒီမှာရှိနေချင်ပါတယ်” လို့ ဗန်ဒိုက်က ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ ဥရောပအကောင်းဆုံးကစားသမားဆုကို ရရှိထားခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလည်း ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။

မွတ္ခ်က္မ်ား။