ေမာ္ရင္ဟိုနဲ႔ေတြ႔ဆံုခဲ့ျပီးေနာက္ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ႏိုင္တယ္ဆုိတဲ့ အဲရစ္ဆန္

‘A tough couple of days for Lingard and Fred’ – Solskjaer after Manchester derby racism storm

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ကြင္းလယ္ကစားသမားအဲရစ္ဆန္ဟာ နည္းျပေမာ္ရင္ဟိုနဲ႔ ေတြ႕ဆံုေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါေဆြးေႏြးမႈမွာ သူ႔အေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာမဟုတ္ေတာ့ဘူးလုိ႔ ေျပာဆိုခဲ့ေၾကာင္းသိရျပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေရႊ႕ႏိုင္ဖြယ္ရွိတယ္လုိ႔လည္း သိရပါတယ္။

Wolves boss Nuno lashes out at ‘crazy’ schedule

ဒိန္းမတ္ကြင္းလယ္ကစားသမားဟာ စပါးနဲ႔ စာခ်ဳပ္သက္တမ္း ၇ လသာ က်န္ရွိေတာ့သူျဖစ္ပါတယ္။ ရာသီကုန္မွာ ထြက္ခြာခဲ့မယ္ဆိုပါက စပါးဘက္က အလြတ္ထြက္ခြာခြင့္ေပးရမွာျဖစ္ျပီး ဇန္န၀ါရီမွာ ေရာင္းထုတ္သြားဖို႔ ၾကိဳးစားေနတာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္ကလည္း အဲရစ္ဆန္ကို စိတ္၀င္စားမႈေတြျပသေနခဲ့ျပီး ဇန္န၀ါရီမွာေခၚယူအားျဖည့္ဖြယ္ရွိေနပါတယ္။

 

အဲရစ္ဆန္ကို အက္သလက္တီကိုမက္ဒရစ္၊ ဂ်ဴဗင္တပ္စ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ကလည္း စိတ္၀င္စားေနၾကပါတယ္။ ျပီးခဲ့တဲ့ေႏြရာသီမွာ ကစားသမားက ရီးရဲလ္ကို ေျပာင္းေရႊ႕ႏိုင္ဖို႔ ေမွ်ာ္လင့္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ရီးရဲလ္က ရာသီကုန္မွာ အလြတ္ရႏိုင္မယ့္ ကစားသမားအတြက္ ေငြေၾကးမသံုးစြဲခ်င္လို႔ အဲရစ္ဆန္ကို လက္လႊတ္ထားခဲ့ပါတယ္။

ယူႏိုက္တက္ကြင္းလယ္ပိုင္းမွာ ေပါ့ဂ္ဘာရဲ႕အနာဂတ္ကလည္း မေသမခ်ာျဖစ္ေနပါတယ္။ မာတစ္ကလည္း ေျခစြမ္းပိုင္းက်ဆင္းလာေနျပီျဖစ္လို႔ မျဖစ္ေနအားသစ္ေလာင္းဖို႔ လိုအပ္ေနပါတယ္။ အဲရစ္ဆန္က ယူႏိုက္တက္အတြက္ အေကာင္းဆံုးအစားထိုးမႈတစ္ခုလည္းျဖစ္ျပီး လက္ရွိအေနအထားေတြအရ ယူႏိုက္တက္ဘက္ကသာ ၾကိဳးစားခဲ့မယ္ဆိုရင္ ေခၚယူႏိုင္ဖြယ္ရာရွိေနပါတယ္။

Unicode

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားအဲရစ်ဆန်ဟာ နည်းပြမော်ရင်ဟိုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဆွေးနွေးမှုမှာ သူ့အနေနဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်တော့ဘူးလို့ ပြောဆိုခဲ့ကြောင်းသိရပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ဒိန်းမတ်ကွင်းလယ်ကစားသမားဟာ စပါးနဲ့ စာချုပ်သက်တမ်း ၇ လသာ ကျန်ရှိတော့သူဖြစ်ပါတယ်။ ရာသီကုန်မှာ ထွက်ခွာခဲ့မယ်ဆိုပါက စပါးဘက်က အလွတ်ထွက်ခွာခွင့်ပေးရမှာဖြစ်ပြီး ဇန်နဝါရီမှာ ရောင်းထုတ်သွားဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း အဲရစ်ဆန်ကို စိတ်ဝင်စားမှုတွေပြသနေခဲ့ပြီး ဇန်နဝါရီမှာခေါ်ယူအားဖြည့်ဖွယ်ရှိနေပါတယ်။

အဲရစ်ဆန်ကို အက်သလက်တီကိုမက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားက ရီးရဲလ်ကို ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်က ရာသီကုန်မှာ အလွတ်ရနိုင်မယ့် ကစားသမားအတွက် ငွေကြေးမသုံးစွဲချင်လို့ အဲရစ်ဆန်ကို လက်လွှတ်ထားခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ပေါ့ဂ်ဘာရဲ့အနာဂတ်ကလည်း မသေမချာဖြစ်နေပါတယ်။ မာတစ်ကလည်း ခြေစွမ်းပိုင်းကျဆင်းလာနေပြီဖြစ်လို့ မဖြစ်နေအားသစ်လောင်းဖို့ လိုအပ်နေပါတယ်။ အဲရစ်ဆန်က ယူနိုက်တက်အတွက် အကောင်းဆုံးအစားထိုးမှုတစ်ခုလည်းဖြစ်ပြီး လက်ရှိအနေအထားတွေအရ ယူနိုက်တက်ဘက်ကသာ ကြိုးစားခဲ့မယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရာရှိနေပါတယ်။

မွတ္ခ်က္မ်ား။