အိုးထရက္ဖို႔ဒ္မွာ ဆိုးလ္ရွားကို ေမာ္ရင္ဟို အႏိုင္ရသြားႏိုင္မယ့္ အေၾကာင္းရင္းေတြ

‘A tough couple of days for Lingard and Fred’ – Solskjaer after Manchester derby racism storm

ဘုန္းေမာက္နဲ႔ ၀က္စ္ဟမ္းတို႔ကို ဆက္တိုက္အႏိုင္ယူခဲ့အျပီးမွာ ေမာ္ရင္ဟိုရဲက ေနာက္ထပ္ခရီးတစ္ခုကေတာ့ အသင္းေဟာင္းယူႏိုက္တက္နဲ႔ ကစားရမယ့္ အုိးထရက္ဖို႔ဒ္က ပြဲစဥ္ျဖစ္ပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာတဲ့ ေမာ္ရင္ဟိုအတြက္ တတိယေျမာက္ပြဲ
စဥ္လည္းျဖစ္ပါတယ္။ အသင္းေဟာင္းနဲ႔ ရင္ဆိုင္အေတြ႔မွာ ေမာ္ရင္ဟိုက ယူႏိုက္တက္ကို အႏိုင္ယူႏိုင္မွာလားဆိုတာကို အားလံုးက စိတ္၀င္စားေနပါတယ္။ လက္ရွိမွာ စပါးကႏိုင္ပြဲဆက္ေနျပီး ယူႏိုက္တက္က ႏိုင္ပြဲေပ်ာက္ေနပါတယ္။ ဒီအတြက္ စပါးက အႏိုင္ရဖို႔ အနည္းငယ္ေရပန္းစားေနျပီး ဘာလို႔အႏိုင္ရႏိုင္တာလဲဆိုတာကို သံုးသပ္ခ်င္ပါတယ္။

Wolves boss Nuno lashes out at ‘crazy’ schedule

၁။ ေမာ္ရင္ဟိုရဲ႕ သက္ေရာက္မႈ

ေမာ္ရင္ဟိုက အသင္းေဟာင္းေတြနဲ႔ ျပန္ေတြ႔ျပီဆိုရင္ ဖိဖိစီးစီးကစားေလ့ရွိတဲ့နည္းျပပါ။ သူ႔ရည္ရြယ္ခ်က္က သူ႔ကို ဒီအသင္းကေန ထုတ္ပယ္ခဲ့တာက မွားယြင္းတယ္ဆိုတာကို ျပသခ်င္တာရယ္၊ အသင္းေဟာင္းပရိသတ္ေတြေရွ႕မွာ သူ႔အရည္အေသြးကို ျပသခ်င္တဲ့စိတ္ေတြေၾကာင့္ရယ္လုိ႔ ခံစားမိပါတယ္။ အခုဆိုရင္ ယူႏိုက္တက္က ထုတ္ပယ္ခံရျပီး ပထမဆံုးအၾကိမ္ သူက အိုးထရက္ဖို႔ဒ္ကို ျပန္လာရပါျပီ။ ဒီပြဲအတြက္ အထူးအစီအစဥ္ေတြကိုလည္း သူ ခ်မွတ္ထားမွာျဖစ္ျပီး အသင္းေဟာင္းကို အေကာင္းဆံုးရင္ဆိုင္ဖို႔ ျပင္ဆင္ထားမွာ ေသခ်ာပါတယ္။ ေမာ္ရင္ဟိုဆိုတဲ့ အသိနဲ႔တင္ အိုးထရက္ဖို႔ဒ္မွာ ေတာ္ေတာ္ေလးေတာ့ စိတ္ခံစားခ်က္ေတြျပင္းထန္ေနဖို႔လည္း ရွိေနပါတယ္။

၂။ ယူႏိုက္တက္ရဲ႕ ေျခစြမ္း

လက္ရွိမွာ ယူႏိုက္တက္က အမွတ္ေပးပြဲ ၃ပြဲဆက္တိုက္ ႏိုင္ပြဲမရွိထားပါဘူး။ အသင္းက တုိးတက္လာမယ္လို႔ ထင္ရတိုင္းမွာ ျပန္လည္ျပီးေတာ့ က်ဆင္းေနပါတယ္။ တစ္လွမ္းလွမ္းလိုက္၊ ႏွစ္လွမ္းေလာက္ေနာက္ျပန္ဆုတ္လိုက္နဲ႔ ေရွ႕ကိုမေရာက္ေတာ့ပါဘူး။ ဒီအေနအထားကို ဆိုးလ္ရွားလည္း မကယ္တင္ႏိုင္ပါဘူး။ ဒါေပမယ့္ သူ႔ထိုင္ခံုမွာ သူ ရွိေနေသးတာကေတာ့ ေတာ္ေတာ္ကို အံ့အားသင့္ို႔ေကာင္းပါတယ္။ အခုလည္းစပါးနဲ႔ ပြဲက်ပ္တစ္ပြဲ ကစားရပါဦးမယ္။ လက္ရွိေျခစြမ္းပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာအရဆိုရင္ စပါးက ယူႏုိက္တက္ထက္ပိုေကာင္းေနပါတယ္။ ပံုမွန္အတိုင္းသာ အေျခအေနေတြက ရွိေနမယ္ဆုိရင္ အိမ္ကြင္းဆိုေပမယ့္ ယူႏိုက္တက္ အႏိုင္မရႏိုင္ပါဘူး။

၁။ အရည္အေသြးပိုင္းကြာဟမႈ

ဆိုခဲ့တဲအ့တိုင္းပါပဲ။ ယူႏိုက္တက္လူစာရင္းကိုၾကည့္မယ္ဆိုရင္ ဒီဂီယာ၊ မာတာ၊ မာရွယ္။ ရက္ရွ္ဖို႔တို႔လို ကစားသမားေတြက စာရြက္ေပၚမွာ ရွိေနမွာပါ။ ဒါေပမယ့္လည္း အသင္းဟန္ခ်က္က ပ်က္ျပားေနပါတယ္။ ေနာက္တန္းကလည္း တစ္ပြဲကို အနည္းဆံုးတစ္ဂုိးပံုမွန္ေပးေနရျပီး ကြင္းလယ္ပိုင္းဆိုရင္ တည္ျငိမ္မႈက ကင္းမဲ့ေနပါတယ္။ စပါးကေတာ့ နည္းျပသစ္နဲ႔အတူ ကစားကြက္သစ္၊ ပံုစံအသစ္၊ အသြင္အျပင္အသစ္ေတြနဲ႔ ရိွေနပါတယ္။ ဟယ္ရီကိန္း၊ ဆြန္၊ အလီတို႔ ဆက္တိုက္ေျခစြမ္းျပေနျပီး ေအာ္ရီယာ၊ ဆစ္ဆိုကို၊ ေမာ္ရာတို႔ပါ ဂိုးသြင္းေျခေတြ႔ေနပါတယ္။ အေတြ႔အၾကံဳပိုင္းအရ၊ပြဲကုိအလွည့္အေျပာင္းလုပ္ႏိုင္စြမ္းအရ နည္းျပပိုင္းမွာလည္း ေမာ္ရင္ဟိုက သာလြန္ေနပါတယ္။

Unicode

ဘုန်းမောက်နဲ့ ဝက်စ်ဟမ်းတို့ကို ဆက်တိုက်အနိုင်ယူခဲ့အပြီးမှာ မော်ရင်ဟိုရဲက နောက်ထပ်ခရီးတစ်ခုကတော့ အသင်းဟောင်းယူနိုက်တက်နဲ့ ကစားရမယ့် အိုးထရက်ဖို့ဒ်က ပွဲစဉ်ဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတဲ့ မော်ရင်ဟိုအတွက် တတိယမြောက်ပွဲ
စဉ်လည်းဖြစ်ပါတယ်။ အသင်းဟောင်းနဲ့ ရင်ဆိုင်အတွေ့မှာ မော်ရင်ဟိုက ယူနိုက်တက်ကို အနိုင်ယူနိုင်မှာလားဆိုတာကို အားလုံးက စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ စပါးကနိုင်ပွဲဆက်နေပြီး ယူနိုက်တက်က နိုင်ပွဲပျောက်နေပါတယ်။ ဒီအတွက် စပါးက အနိုင်ရဖို့ အနည်းငယ်ရေပန်းစားနေပြီး ဘာလို့အနိုင်ရနိုင်တာလဲဆိုတာကို သုံးသပ်ချင်ပါတယ်။

၁။ မော်ရင်ဟိုရဲ့ သက်ရောက်မှု

မော်ရင်ဟိုက အသင်းဟောင်းတွေနဲ့ ပြန်တွေ့ပြီဆိုရင် ဖိဖိစီးစီးကစားလေ့ရှိတဲ့နည်းပြပါ။ သူ့ရည်ရွယ်ချက်က သူ့ကို ဒီအသင်းကနေ ထုတ်ပယ်ခဲ့တာက မှားယွင်းတယ်ဆိုတာကို ပြသချင်တာရယ်၊ အသင်းဟောင်းပရိသတ်တွေရှေ့မှာ သူ့အရည်အသွေးကို ပြသချင်တဲ့စိတ်တွေကြောင့်ရယ်လို့ ခံစားမိပါတယ်။ အခုဆိုရင် ယူနိုက်တက်က ထုတ်ပယ်ခံရပြီး ပထမဆုံးအကြိမ် သူက အိုးထရက်ဖို့ဒ်ကို ပြန်လာရပါပြီ။ ဒီပွဲအတွက် အထူးအစီအစဉ်တွေကိုလည်း သူ ချမှတ်ထားမှာဖြစ်ပြီး အသင်းဟောင်းကို အကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်ထားမှာ သေချာပါတယ်။ မော်ရင်ဟိုဆိုတဲ့ အသိနဲ့တင် အိုးထရက်ဖို့ဒ်မှာ တော်တော်လေးတော့ စိတ်ခံစားချက်တွေပြင်းထန်နေဖို့လည်း ရှိနေပါတယ်။

၂။ ယူနိုက်တက်ရဲ့ ခြေစွမ်း

လက်ရှိမှာ ယူနိုက်တက်က အမှတ်ပေးပွဲ ၃ပွဲဆက်တိုက် နိုင်ပွဲမရှိထားပါဘူး။ အသင်းက တိုးတက်လာမယ်လို့ ထင်ရတိုင်းမှာ ပြန်လည်ပြီးတော့ ကျဆင်းနေပါတယ်။ တစ်လှမ်းလှမ်းလိုက်၊ နှစ်လှမ်းလောက်နောက်ပြန်ဆုတ်လိုက်နဲ့ ရှေ့ကိုမရောက်တော့ပါဘူး။ ဒီအနေအထားကို ဆိုးလ်ရှားလည်း မကယ်တင်နိုင်ပါဘူး။ ဒါပေမယ့် သူ့ထိုင်ခုံမှာ သူ ရှိနေသေးတာကတော့ တော်တော်ကို အံ့အားသင့်ို့ကောင်းပါတယ်။ အခုလည်းစပါးနဲ့ ပွဲကျပ်တစ်ပွဲ ကစားရပါဦးမယ်။ လက်ရှိခြေစွမ်းပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအရဆိုရင် စပါးက ယူနိုက်တက်ထက်ပိုကောင်းနေပါတယ်။ ပုံမှန်အတိုင်းသာ အခြေအနေတွေက ရှိနေမယ်ဆိုရင် အိမ်ကွင်းဆိုပေမယ့် ယူနိုက်တက် အနိုင်မရနိုင်ပါဘူး။

၁။ အရည်အသွေးပိုင်းကွာဟမှု

ဆိုခဲ့တဲအ့တိုင်းပါပဲ။ ယူနိုက်တက်လူစာရင်းကိုကြည့်မယ်ဆိုရင် ဒီဂီယာ၊ မာတာ၊ မာရှယ်။ ရက်ရှ်ဖို့တို့လို ကစားသမားတွေက စာရွက်ပေါ်မှာ ရှိနေမှာပါ။ ဒါပေမယ့်လည်း အသင်းဟန်ချက်က ပျက်ပြားနေပါတယ်။ နောက်တန်းကလည်း တစ်ပွဲကို အနည်းဆုံးတစ်ဂိုးပုံမှန်ပေးနေရပြီး ကွင်းလယ်ပိုင်းဆိုရင် တည်ငြိမ်မှုက ကင်းမဲ့နေပါတယ်။ စပါးကတော့ နည်းပြသစ်နဲ့အတူ ကစားကွက်သစ်၊ ပုံစံအသစ်၊ အသွင်အပြင်အသစ်တွေနဲ့ ရှိနေပါတယ်။ ဟယ်ရီကိန်း၊ ဆွန်၊ အလီတို့ ဆက်တိုက်ခြေစွမ်းပြနေပြီး အော်ရီယာ၊ ဆစ်ဆိုကို၊ မော်ရာတို့ပါ ဂိုးသွင်းခြေတွေ့နေပါတယ်။ အတွေ့အကြုံပိုင်းအရ၊ပွဲကိုအလှည့်အပြောင်းလုပ်နိုင်စွမ်းအရ နည်းပြပိုင်းမှာလည်း မော်ရင်ဟိုက သာလွန်နေပါတယ်။

မွတ္ခ်က္မ်ား။