ရက္ရွ္ဖို႔ဒ္နဲ႔ သြင္းဂိုးေတြေၾကာင့္ ပထမဆံုးရံႈးပြဲနဲ႔ရင္ဆိုင္လိုက္ရတဲ့ ေမာ္ရင္ဟို

‘A tough couple of days for Lingard and Fred’ – Solskjaer after Manchester derby racism storm

ဒီေန႔မနက္ပိုင္းက ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ စပါးအသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ယူႏိုက္တက္က ၂-၁ နဲ႔အႏိုင္ရရွိသြားခဲ့ပါတယ။္ ေမာ္ရင္ဟိုအတြက္ေတာ့ အသင္းေဟာင္းနဲ႔အေတြ႔မွာ အေရးနိမ့္ခဲ့ရျပီး စပါးနည္းျပဘ၀ ပထမဆံုးရံႈးပြဲကိုလည္း ၾကံဳေတြ႔လိုက္ရတာျဖစ္ပါတယ္။ တစ္ဖက္မွာေတာ့ နည္းျပဆိုးလ္ရွားအတြက္ ဖိအားအနည္းငယ္ေလ်ာ့က်ခဲ့ရပါတယ္။

FC Tokyo confident of a miracle against Yokohama F-Marino in J League title decider

ယူႏိုက္တက္မွာ အဓိကကစားသမားတခ်ိဳ႕မပါ၀င္ခဲ့ဘဲ ကစားခဲ့ရတာျဖစ္ပါတယ္။ မားကပ္ရက္ရွ္ဖို႔ဒ္က အသင္းအတြက္ ေျခစြမ္းျပခဲ့ျပီး အႏိုင္ဂိုးႏွစ္ဂိုးစလံုးကို သြင္းယူေပးခဲ့ပါတယ္။ စပါးအတြက္ ေျခစြမ္းျပေနတဲ့ အလီက ဒီပြဲမွာလညး္ တစ္ဂိုးသြင္းေပးခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္က ပင္နယ္တီရရွိခဲ့ျပီး အႏိုင္ရရွိသြားခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္ဟာ အဆင့္ ၆ ေနရာကို ေရာက္ရွိသြားခဲ့ျပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်န္ပီယံလိဂ္၀င္ခြင့္ေနရာနဲ႔ ၈ မွတ္ကြာဟေနဆဲျဖစ္ျပီး အဆင့္ (၅)ေနရာက ၀ုလ္ဗ္နဲ႔ ၂မွတ္ျပတ္ေတာက္ေနပါေသးတယ္။ ဆိုးလ္ရွားအတြက္ေတာ့ ဖိအားေတြရွိေနခ်ိန္မွာ ေျခစြမ္းတက္ေနတဲ့ စပါးကို အႏိုင္ရရွိခဲ့လို႔ စိတ္သက္သာရာရခဲ့ပါတယ္။

စပါးနည္းျပေမာ္ရင္ဟိုကေတာ့ အသင္းကို ကိုင္တြယ္ခဲ့တဲ့ ၄ ပြဲေျမာက္မွာပဲ ရံႈးပြဲေတြ႔ခဲ့ရတာျဖစ္ပါတယ္။ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခဲ့ျပိး တစ္ႏွစ္အၾကာမွာ အသင္းေဟာင္းနဲ႔ တုိက္တိုက္ဆိုင္ဆိုင္ရင္ဆိုင္ခဲ့ရျပီး အေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ စပါးကေတာ့ အဆင့္ (၈) ေနရာမွာ ရမွတ္ ၂၀နဲ႔ ရပ္တည္ေနပါတယ္။

Unicode

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ယူနိုက်တက်က ၂-၁ နဲ့အနိုင်ရရှိသွားခဲ့ပါတယ။် မော်ရင်ဟိုအတွက်တော့ အသင်းဟောင်းနဲ့အတွေ့မှာ အရေးနိမ့်ခဲ့ရပြီး စပါးနည်းပြဘဝ ပထမဆုံးရှုံးပွဲကိုလည်း ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ နည်းပြဆိုးလ်ရှားအတွက် ဖိအားအနည်းငယ်လျော့ကျခဲ့ရပါတယ်။

ယူနိုက်တက်မှာ အဓိကကစားသမားတချို့မပါဝင်ခဲ့ဘဲ ကစားခဲ့ရတာဖြစ်ပါတယ်။ မားကပ်ရက်ရှ်ဖို့ဒ်က အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ စပါးအတွက် ခြေစွမ်းပြနေတဲ့ အလီက ဒီပွဲမှာလညး် တစ်ဂိုးသွင်းပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ပင်နယ်တီရရှိခဲ့ပြီး အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၈ မှတ်ကွာဟနေဆဲဖြစ်ပြီး အဆင့် (၅)နေရာက ဝုလ်ဗ်နဲ့ ၂မှတ်ပြတ်တောက်နေပါသေးတယ်။ ဆိုးလ်ရှားအတွက်တော့ ဖိအားတွေရှိနေချိန်မှာ ခြေစွမ်းတက်နေတဲ့ စပါးကို အနိုင်ရရှိခဲ့လို့ စိတ်သက်သာရာရခဲ့ပါတယ်။

စပါးနည်းပြမော်ရင်ဟိုကတော့ အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၄ ပွဲမြောက်မှာပဲ ရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့ပြိး တစ်နှစ်အကြာမှာ အသင်းဟောင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်ရင်ဆိုင်ခဲ့ရပြီး အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ စပါးကတော့ အဆင့် (၈) နေရာမှာ ရမှတ် ၂ဝနဲ့ ရပ်တည်နေပါတယ်။

မွတ္ခ်က္မ်ား။