ယူနိုက်တက်က နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ၀န်ခံလိုက်တဲ့ မော်ရင်ဟို

‘A tough couple of days for Lingard and Fred’ – Solskjaer after Manchester derby racism storm


‘I’m in great admiration of Guardiola & Klopp’ – England rugby coach Eddie Jones


“ သူတို့က ပထမပိုင်းကစားပုံနဲ့ပဲ အနိုင်ရဖို့ထိုက်တန်ခဲ့ပါတယ်၊ ကျွန်တော်တို့ကတော့ အစပိုင်းမကောင်းခဲ့ပါဘူး၊ ပထမပိုင်း မိနစ် ၃၀အတွင်းမှာ သူတို့က ပိုကောင်းတဲ့အသင်းဖြစ်နေခဲ့ပါတယ်၊ အဲဒီအချိန်အတွင်း ကျွန်တော်တို့ကတော့ ရုန်းကန်နေခဲ့ရပါတယ်၊ သူတို့က နိုင်ပွဲနဲ့


Unicode

မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့ စပါးအသင်းနည်းပြမော်ရင်ဟိုက ပွဲအပြီးမှာပြောဆိုလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ဦးဆောင်ဂိုးကို အလီက ပြန်လည်ချေပနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ ပင်နယ်တီကိုတော့ ပြန်လည်ချေပနိုင်ခဲ့ခြင်းမရှိခဲ့လို့ မော်ရင်ဟိုရဲ့ အိုးထရက်ဖို့ဒ်အပြန်လမ်းက ရှုံးပွဲနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ မော်ရင်ဟိုက အသင်းဟောင်းက နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုအတွက် စပါးနည်းပြဘဝ ပထမဆုံးရှုံးပွဲလည်းဖြစ်ပြီး အသင်းဟောင်းကို အရေးနိမ့်ခဲ့ရတာမို့ အခြားသောရှုံးပွဲတွေနဲ့ မတူညီတဲ့ ခံစားချက်မျိုးကို ရရှိနေခဲ့မှာလည်း သေချာသလောက်ရှိနေပါတယ်။

“ သူတို့က ပထမပိုင်းကစားပုံနဲ့ပဲ အနိုင်ရဖို့ထိုက်တန်ခဲ့ပါတယ်၊ ကျွန်တော်တို့ကတော့ အစပိုင်းမကောင်းခဲ့ပါဘူး၊ ပထမပိုင်း မိနစ် ၃ဝအတွင်းမှာ သူတို့က ပိုကောင်းတဲ့အသင်းဖြစ်နေခဲ့ပါတယ်၊ အဲဒီအချိ်န်အတွင်း ကျွန်တော်တို့ကတော့ ရုန်းကန်နေခဲ့ရပါတယ်၊ သူတို့က နိုင်ပွဲနဲ့
ထိုက်တန်တယ်လို့ ကျွန်တော် ယူဆပါတယ်”

“ ပြီးခဲ့တဲ့ သုံးပွဲစလုံးကို ကျွန်တော်အနိုင်ရခဲ့ပါတယ်၊ ဒါပေမယ့် အစပိုင်းမကောင်းခဲ့ပါဘူး၊ အစပိုင်းမကောင်းဘူးဆိုရင် နိုင်ပွဲရဖို့အတွက် ခက်ခဲသွားမှာဖြစ်ပြီး တည်ငြိမ်မှုရရှိဖို့ကို ရှာဖွေကြိုးစားရတော့မှာပါ၊ အိုးထရက်ဖို့ဒ်အကြောင်းကို ကစားသမားတွေကို ကျွန်တော်ပြောပြခဲံ
ပါတယ်၊ တော်မီနေးလို ကစားသမားက ပြင်းပြင်းပြပြနဲ့ကစားတတ်ပြီး ရက်ရှ်ဖို့ဒ်ကလည်း ဂိုးသမားကို ဖိအားပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အစပိုင်းမှာ ကစားပွဲထဲ ရှိမနေခဲ့ပါဘူး” လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။