အဲဗာတန္ကို အႏိုင္ယူျပီး စံခ်ိန္ေကာင္းေတြယူခဲ့တဲ့ လီဗာပူးလ္နဲ႔ ကေလာ့ပ္

‘A tough couple of days for Lingard and Fred’ – Solskjaer after Manchester derby racism storm

အဲဗာတန္နဲ႔ မာေဆးဆိုက္ဒါဘီပြဲကို အႏိုင္ရရွိခဲ့ျပီးေနာက္ လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္မွာ ၃၂ပြဲဆက္တိုက္ ရံႈးပြဲမရွိစံခ်ိန္ကို ရရွိသြားခဲ့ျပီျဖစ္ပါတယ္။ ဒုတိယေနရာက လက္စတာကို ၈ မွတ္ျဖတ္ေတာက္ထားႏိုင္ဆဲျဖစ္ျပီးေတာ့ ခါးသီးျပိဳင္ဘက္ကို ဂိုးအမ်ားအျပားသြင္းကာ
အႏိုင္ယူႏိုင္ခဲ့လို႔လည္း လီဗာပူးလ္ရဲ႕ ႏိုင္ပြဲက ေက်နပ္စရာျဖစ္ခဲ့ပါတယ္။

‘I’m in great admiration of Guardiola & Klopp’ – England rugby coach Eddie Jones

ကင္နီဒဲဂလစ္ရွ္လက္ထက္ ၁၉၈၇ ခုႏွစ္ ေမလကေန ၁၉၈၈ ခုႏွစ္ မတ္လအတြင္းမွာ လီဗာပူးလ္က ၃၁ ပြဲဆက္တိုက္ရံႈးပြဲမရွိစံခ်ိန္ကို ရရွိခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ အာဆင္နယ္က ၄၉ ပြဲဆက္၊ ခ်ယ္လ္ဆီးက ပြဲ ၄၀ ဆက္ရံႈးပြဲမရွိစံခ်ိန္တင္ထားခဲ့ျပီး လီဗာပူးလ္က ၃၂ ပြဲဆက္နဲ႔ တတိယေနရာကို ေရာက္ရွိခဲ့ျပီျဖစ္ပါတယ္။

နည္းျပကေလာ့ပ္ကလည္း လီဗာပူးလ္ကို ပရီးမီးယားလိဂ္ပြဲ ၁၅၉ ပြဲ ကိုင္တြယ္ခဲ့ရာမွာ ပြဲေပါင္း ၁၀၀ ႏိုင္ပြဲျပည့္ေျမာက္ခဲ့ျပီး အဆိုပါစံခ်ိန္ကို အျမန္ဆံုးရရွိသူေတြစာရင္းမွာ ဒုတိယေနရာကို ေရာက္ရွိခဲ့ပါတယ္။ ထိပ္ဆံုးမွာေတာ့ ေမာ္ရင္ဟိုက ရပ္တည္ေနတာျဖစ္ျပီး ၁၄၂ပြဲ ကုိင္တြယ္ျပီးခ်ိန္မွာ ႏိုင္ပြဲေပါင္း ၁၀၀ ျပည့္ေျမာက္ခဲဃ့တာလည္းျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ မွတ္တမ္းကေတာ့ ဆာအဲလက္စ္ဖာဂူဆန္ (၁၆၂ ပြဲ)၊ အာဆင္၀င္းဂါး (၁၇၉ ပြဲ)၊ ဘင္နီတက္ဇ္ (၁၈၁ ပြဲ) အစရွိတဲ့ နာမည္ေက်ာ္နည္းျပေတြထက္ေတာင္မွ ပိုမိုေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ လီဗာပူးလ္အေနနဲ႔ ရံႈးပြဲလံုး၀မရွိေသးဘဲ အမွတ္ေပးဇားကို ဦးေဆာင္ေနခဲ့ကာ ႏွစ္ေပါင္း ၃၀အတြင္း ပထမဆံုးအၾကိမ္အမွတ္ေပးဖလားကို ရယူႏိုင္ဖိ႔ု အေျခအေနေကာင္းမြန္ေနျပီျဖစ္ပါတယ္။

Unicode

အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီပွဲကို အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ ၃၂ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒုတိယနေရာက လက်စတာကို ၈ မှတ်ဖြတ်တောက်ထားနိုင်ဆဲဖြစ်ပြီးတော့ ခါးသီးပြိုင်ဘက်ကို ဂိုးအများအပြားသွင်းကာ
အနိုင်ယူနိုင်ခဲ့လို့လည်း လီဗာပူးလ်ရဲ့ နိုင်ပွဲက ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

ကင်နီဒဲဂလစ်ရှ်လက်ထက် ၁၉၈၇ ခုနှစ် မေလကနေ ၁၉၈၈ ခုနှစ် မတ်လအတွင်းမှာ လီဗာပူးလ်က ၃၁ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာတော့ အာဆင်နယ်က ၄၉ ပွဲဆက်၊ ချယ်လ်ဆီးက ပွဲ ၄၀ ဆက်ရှုံးပွဲမရှိစံချိန်တင်ထားခဲ့ပြီး လီဗာပူးလ်က ၃၂ ပွဲဆက်နဲ့ တတိယနေရာကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

နည်းပြကလော့ပ်ကလည်း လီဗာပူးလ်ကို ပရီးမီးယားလိဂ်ပွဲ ၁၅၉ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ပွဲပေါင်း ၁၀၀ နိုင်ပွဲပြည့်မြောက်ခဲ့ပြီး အဆိုပါစံချိန်ကို အမြန်ဆုံးရရှိသူတွေစာရင်းမှာ ဒုတိယနေရာကို ရောက်ရှိခဲ့ပါတယ်။ ထိပ်ဆုံးမှာတော့ မော်ရင်ဟိုက ရပ်တည်နေတာဖြစ်ပြီး ၁၄၂ပွဲ ကိုင်တွယ်ပြီးချိန်မှာ နိုင်ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲဃ့တာလည်းဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ မှတ်တမ်းကတော့ ဆာအဲလက်စ်ဖာဂူဆန် (၁၆၂ ပွဲ)၊ အာဆင်ဝင်းဂါး (၁၇၉ ပွဲ)၊ ဘင်နီတက်ဇ် (၁၈၁ ပွဲ) အစရှိတဲ့ နာမည်ကျော်နည်းပြတွေထက်တောင်မှ ပိုမိုကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အနေနဲ့ ရှုံးပွဲလုံးဝမရှိသေးဘဲ အမှတ်ပေးဇားကို ဦးဆောင်နေခဲ့ကာ နှစ်ပေါင်း ၃ဝအတွင်း ပထမဆုံးအကြိမ်အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အခြေအနေကောင်းမွန်နေပြီဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။