ယူႏိုက္တက္လူငယ္ၾကယ္ပြင့္ရဲ႕ ေအးဂ်င့္ကို ဆက္သြယ္ခဲ့တဲ့ အင္တာမီလန္

Rodgers backs Klopp’s decision to play reserve team in FA Cup

စီးရီးေအကလပ္အင္တာမီလန္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ လူငယ္ကစားသမားတာဟစ္ေခ်ာင္ကို ေခၚယူဖို႔အတြက္ ကစားသမားရဲ႕ေအးဂ်င့္ကို ဆက္သြယ္ခဲ့တယ္လုိ႔ သိရပါတယ္။ တာဟစ္ေခ်ာင္အတြက္ ကမ္းလွမ္းမႈေတြ ျပဳလုပ္သြားဖို႔ အင္တာမီလန္ကၾကိဳးပမ္းေနတာျဖစ္ျပီး လိဂ္ျပိဳင္ဘက္ဂ်ဴဗီနဲ႔ အျပိဳင္အဆိုင္ၾကိဳးစားရမွာျဖစ္ပါတယ္။

AFC U23 Championship Highlights – Thailand vs Iraq

လာမယ့္ဇြန္လမွာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ တာဟစ္ေခ်ာင္ရဲ႕ ေျခစြမ္းကို ဂ်ဴဗင္တပ္္စ္အသင္းဘက္က ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ခဲ့ဖူးပါတယ္။ ယူႏိုက္တက္အသင္းၾကီးအတြက္ စုစုေပါင္း ၁၁ပြဲအထိ ကစားေပးထားခဲ့တဲ့ တာဟစ္ေခ်ာင္က အသင္းၾကီးမွာ ကစားခြင့္ရရွိဖို႔ မလြယ္ကူတာေၾကာင့္ အသင္းေျပာင္းေရႊ႕ခ်င္ေနျပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာမဟုတ္ဘူးဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနခဲ့ပါတယ္။

အသက္ ၂၀ အရြယ္ကစားသမားဟာ ယူႏိုက္တက္အသင္းၾကီးအတြက္ သြင္းဂိုးတစ္ဂိုးမွ မသြင္းယူေပးႏိုင္ေသးသူျဖစ္ပါတယ္။ ၂၀၁၆ မွာ ဖီယင္ႏုကေန ယူႏိုက္တက္အကယ္ဒမီကို ေရာက္ရွိလာခဲ့ျပီး ေျခစြမ္းပို္င္းတိုးတက္မႈေတြ ရွိေနခဲ့ေပမယ့္ အသင္းၾကီးမွာေတာ့ အေရအတြက္ နည္းနည္းနဲ႔သာ ပါ၀င္ခြင့္ရရွိေနခဲ့တာျဖစ္ပါတယ္။

အင္တာမီလန္ကေတာ့ ဒီရာသီအစမွာ ယူႏိုက္တက္တိုက္စစ္မွဴးေတြျဖစ္တဲ့ လူကာကူနဲ႔ ဆန္းခ်က္ဇ္တို႔ကို ေခၚယူထားျပီး အက္ရွ္ေလယန္းကိုလည္း ေခၚယူဖို႔ ၾကိဳးစားေနတဲ့ အသင္းျဖစ္ပါတယ္။ လူကာကူက အင္တာမီလန္မွာ ေျခစြမ္းျပေနျပီး အဓိကတိုက္စစ္မွဴးအျဖစ္ ပါ၀င္ေနကာ ဒီရာသီမွာ အသင္းရဲ႕ ဂိုးသြင္းအမ်ားဆံုးကစားသမားလည္း ျဖစ္ေနပါတယ္။

Unicode

စီးရီးအေကလပ်အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားတာဟစ်ချောင်ကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့အေးဂျင့်ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ တာဟစ်ချောင်အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ အင်တာမီလန်ကကြိုးပမ်းနေတာဖြစ်ပြီး လိဂ်ပြိုင်ဘက်ဂျူဗီနဲ့ အပြိုင်အဆိုင်ကြိုးစားရမှာဖြစ်ပါတယ်။

လာမယ့်ဇွန်လမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တာဟစ်ချောင်ရဲ့ ခြေစွမ်းကို ဂျူဗင်တပ််စ်အသင်းဘက်က စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ယူနိုက်တက်အသင်းကြီးအတွက် စုစုပေါင်း ၁၁ပွဲအထိ ကစားပေးထားခဲ့တဲ့ တာဟစ်ချောင်က အသင်းကြီးမှာ ကစားခွင့်ရရှိဖို့ မလွယ်ကူတာကြောင့် အသင်းပြောင်းရွှေ့ချင်နေပြီး စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ ယူနိုက်တက်အသင်းကြီးအတွက် သွင်းဂိုးတစ်ဂိုးမှ မသွင်းယူပေးနိုင်သေးသူဖြစ်ပါတယ်။ ၂၀၁၆ မှာ ဖီယင်နုကနေ ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပို်င်းတိုးတက်မှုတွေ ရှိနေခဲ့ပေမယ့် အသင်းကြီးမှာတော့ အရေအတွက် နည်းနည်းနဲ့သာ ပါဝင်ခွင့်ရရှိနေခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်ကတော့ ဒီရာသီအစမှာ ယူနိုက်တက်တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို ခေါ်ယူထားပြီး အက်ရှ်လေယန်းကိုလည်း ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းဖြစ်ပါတယ်။ လူကာကူက အင်တာမီလန်မှာ ခြေစွမ်းပြနေပြီး အဓိကတိုက်စစ်မှူးအဖြစ် ပါဝင်နေကာ ဒီရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်နေပါတယ်။

မွတ္ခ်က္မ်ား။