ရက္ရွ္ဖို႔ဒ္ကိုပါ ကိုင္တြယ္ဖို႔ ၾကိဳးပမ္းလာခဲ့တဲ့ ရြိဳင္အိုလာ

Rodgers backs Klopp’s decision to play reserve team in FA Cup

နာမည္ေက်ာ္ေအးဂ်င့္တစ္ဦးျဖစ္တဲ့ ရြိဳင္အိုလာဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းတိုက္စစ္မွဴးရက္ရွ္ဖို႔ဒ္ကို ကိုင္တြယ္ဖို႔အတြက္ ၾကိဳးစားေနတယ္လုိ႔ သိရပါတယ္။ အဂၤလန္လက္ေရြးစင္ကစားသမားရဲ႕ ေအးဂ်င့္အျဖစ္ လက္ရွိမွာ သူ႔ရဲ႕အစ္ကိုက တာ၀န္ယူေပးေနတာျဖစ္ျပီး ရြိဳင္အိုလာက ရက္ရွ္ဖို႔ဒ္ရဲ႕ ကိုယ္စားလွယ္အျဖစ္ ျပဳလုပ္ဖို႔ စိတ္၀င္စားလာတာျဖစ္ပါတယ္။

Top 5 Defenders of the 2019/20 Bundesliga season so far

The Athletic သတင္းဌာနကေတာ့ ရြိဳင္အိုလာဟာ ျပီးခဲ့တဲ့ႏွစ္အတြင္းမွာပဲ ရက္ရွ္ဖို႔ဒ္ရဲ႕ အစ္ကိုျဖစ္သူနဲ႔ ေတြ႔ဆံုခဲ့ျပီး အၾကံဥာဏ္ေပးဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။ မၾကာေသးခင္ကမွ ယူႏိုက္တက္ကစားသမားတစ္ဦးျဖစ္တဲ့ လင္ဂတ္ရဲ႕ေအးဂ်င့္အျဖစ္ ရြိဳင္အိုလာက တာ၀န္ယူထားတာျဖစ္ျပီး အခုတစ္ၾကိမ္မွာ ရက္ရွ္ဖို႔ဒ္ကိုပါ သိမ္းသြင္းႏိုင္ဖို႔ အားထုတ္လာခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္မွာ ရြိဳင္အိုလာရဲ႕ ကစားသမားအျဖစ္ ေပါ့ဂ္ဘာလည္း ရွိေနျပီး ဒီေအးဂ်င့္ရဲ႕ ၾကိဳးပမ္းမႈက ယူႏိုက္တက္အတြက္ေတာ့ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။ ရြိဳင္အိုလာနဲ႔ ယူႏိုက္တက္တို႔က ဆက္ဆံေရးအဆင္မေျပျဖစ္ေနျပိး အသင္းရဲ႕အဓိကကစားသမားကို ခ်ဳပ္ကိုင္ႏိုင္ခဲ့မယ္ဆိုပါက ယူႏိုက္တက္အေနနဲ႔ အနာဂတ္မွာ ကစားသမားကို လက္လႊတ္ခံရဖြယ္ေတာင္ ရွိေနပါတယ္။

ရြိဳင္အိုလာကေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ တိုးတက္လာတဲ့အေနအထားေတြအေပၚမွာ သေဘာက်ေနတာျဖစ္ျပီး သူ႔အတြက္ အက်ိဳးအျမတ္ၾကီးၾကီးမားမားရရွိႏိုင္မယ့္ ကစားသမားတစ္ဦးအျဖစ္ ရႈျမင္ေနဖြယ္ရွိပါတယ္။ အီတလီလူမ်ိဳးေအးဂ်င့္က ကမၻာ့တန္ဖိုးၾကီးအေျပာင္းအေရႊ႕ေတြကို ကိုင္တြယ္စီမံေပးႏိုင္သူျဖစ္ျပီး ေအးဂ်င့္ေလာကမွာ ထင္ရွားသူျဖစ္ပါတယ္။

Unicode

နာမည်ကျော်အေးဂျင့်တစ်ဦးဖြစ်တဲ့ ရွိုင်အိုလာဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကို ကိုင်တွယ်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ အေးဂျင့်အဖြစ် လက်ရှိမှာ သူ့ရဲ့အစ်ကိုက တာဝန်ယူပေးနေတာဖြစ်ပြီး ရွိုင်အိုလာက ရက်ရှ်ဖို့ဒ်ရဲ့ ကိုယ်စားလှယ်အဖြစ် ပြုလုပ်ဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။

The Athletic သတင်းဌာနကတော့ ရွိုင်အိုလာဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ရက်ရှ်ဖို့ဒ်ရဲ့ အစ်ကိုဖြစ်သူနဲ့ တွေ့ဆုံခဲ့ပြီး အကြံဉာဏ်ပေးဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင်ကမှ ယူနိုက်တက်ကစားသမားတစ်ဦးဖြစ်တဲ့ လင်ဂတ်ရဲ့အေးဂျင့်အဖြစ် ရွိုင်အိုလာက တာဝန်ယူထားတာဖြစ်ပြီး အခုတစ်ကြိမ်မှာ ရက်ရှ်ဖို့ဒ်ကိုပါ သိမ်းသွင်းနိုင်ဖို့ အားထုတ်လာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်မှာ ရွိုင်အိုလာရဲ့ ကစားသမားအဖြစ် ပေါ့ဂ်ဘာလည်း ရှိနေပြီး ဒီအေးဂျင့်ရဲ့ ကြိုးပမ်းမှုက ယူနိုက်တက်အတွက်တော့ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ရွိုင်အိုလာနဲ့ ယူနိုက်တက်တို့က ဆက်ဆံရေးအဆင်မပြေဖြစ်နေပြိး အသင်းရဲ့အဓိကကစားသမားကို ချုပ်ကိုင်နိုင်ခဲ့မယ်ဆိုပါက ယူနိုက်တက်အနေနဲ့ အနာဂတ်မှာ ကစားသမားကို လက်လွှတ်ခံရဖွယ်တောင် ရှိနေပါတယ်။

ရွိုင်အိုလာကတော့ ရက်ရှ်ဖို့ဒ်ရဲ့ တိုးတက်လာတဲ့အနေအထားတွေအပေါ်မှာ သဘောကျနေတာဖြစ်ပြီး သူ့အတွက် အကျိုးအမြတ်ကြီးကြီးမားမားရရှိနိုင်မယ့် ကစားသမားတစ်ဦးအဖြစ် ရှုမြင်နေဖွယ်ရှိပါတယ်။ အီတလီလူမျိုးအေးဂျင့်က ကမ္ဘာ့တန်ဖိုးကြီးအပြောင်းအရွှေ့တွေကို ကိုင်တွယ်စီမံပေးနိုင်သူဖြစ်ပြီး အေးဂျင့်လောကမှာ ထင်ရှားသူဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။