ဖာနန္ဒက္စ္နဲ႔ ယူႏိုက္တက္ကြင္းလယ္လူေတြရဲ႕ ေျခစြမ္းႏိႈင္းယွဥ္မႈ

Rodgers backs Klopp’s decision to play reserve team in FA Cup

သတင္းရင္းျမစ္မ်ားစြာရဲ႕ ေဖာ္ျပခ်က္အရ ဘရူႏိုဖာနန္ဒက္စ္ကို ယူႏိုက္တက္က ေခၚယူႏိုင္ဖို႔ အရမ္းကို နီးစပ္ေနပါျပီ။ စပို႔တင္းကြင္းလယ္လူက ေပါင္သန္း ၆၀ေလာက္ထိ တန္ေၾကးရွိသူျဖစ္ျပီး ယူႏိုက္တက္ဘက္က တကယ္ကိုလိုအပ္ေနတဲ့ ကစားသမားမ်ိဳးလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အတြက္ ဖန္တီးမႈေတြကို သူက ယူေဆာင္လာေပးမယ္လုိ႔ ေမွ်ာ္လင့္ရျပီး သူ႔ဆီကေန သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြကို ျမင္ေတြ႔ရဖို႔ကလည္း ေသခ်ာသေလာက္ပါပဲ။ လက္ရွိမွာ ယူႏိုက္တက္ကြင္းလယ္ကစားသမားေတြက ဒဏ္ရာျပသနာေတြရွိေနသလို တျခားကစားသမားေတြကလည္း ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ေနရပါတယ္။

Top 5 Goalkeepers of the 2019/20 Bundesliga season so far

အခ်က္အလက္ေတြအရ ဖာနန္ဒက္စ္ရဲ႕ မွတ္တမ္းက လက္ရွိယူႏိုက္တက္ကစားသမားေတြအားလံုးထက္ သာလြန္ေကာင္းမြန္ေနပါတယ္။ ေတာ္ေတာ္ေလးကို ကြဲျပားျခားနားေနတာျဖစ္ျပီး ယူႏိုက္တက္ကစားသမားေတြနဲ႔ ႏိႈႈင္းယွဥ္ၾကည့္မယ္ဆိုရင္ ပိုျပီးသိသာႏိုင္ပါတယ္။ ဖာနန္ဒက္စ္က ဒီရာသီမွာ စပို႔တင္းအတြက္ စုစုေပါင္း ၁၅ပြဲကစားေပးထားျပီး ၁၃၄၉ မိနစ္မွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ၾကိမ္ျပဳလုပ္ေပးထားျပီး အခြင့္အေရးဖန္တီးမႈက ၅၅ၾကိမ္ရွိပါတယ္။ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ မွတ္တမ္းျဖစ္ျပီး ျမင့္မားတဲ့စြမ္းေဆာင္ရည္ကို သူက ျပသေနတာလည္း ျဖစ္ပါတယ္။

ယူႏိုက္တက္ကြင္းလယ္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္မယ္ဆုိရင္ေတာ့ အခုလိုပဲ ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ – ၂၁ပြဲ၊ ၁၆၆၇ မိနစ္၊ ၃ဂိုး၊ ၆ၾကိမ္ဖန္တီး၊ အခြင့္အေရးဖန္တီးမႈ ၂၃ၾကိမ္
ပါရဲရား – ၁၉ပြဲ၊ ၁၂၅၁ မိနစ္၊ ၁ဂိုး၊ ၃ၾကိမ္ဖန္တီး၊ အခြင့္အေရးဖန္တီးမႈ ၂၉ ၾကိမ္
ဖရက္ဒ္ – ၁၈ ပြဲ၊ ၁၄၀၈ မိနစ္၊ ဂိုး ၀၊ ဖန္တီးမႈ ၀၊ အခြင့္အေရးဖန္တီးမႈ ၂၄ ၾကိမ္
လင္ဂတ္ – ၁၈ပြဲ၊ ၈၆၈ မိနစ္၊ ဂိုး ၀ ၊ ဖန္တီးမႈ ၀၊ အခြင့္အေရးဖန္တီးမႈ ၁၅ၾကိမ္
ေတာ္မီေနး – ၁၇ပြဲ၊ ၁၄၅၃ မိနစ္၊ ၃ဂိုး၊ ၁ၾကိမ္ဖန္တီး၊ အခြင့္အေရးဖန္တီးမႈ ၁၅ ၾကိမ္
မာတာ – ၁၃ပြဲ၊ ၅၂၁ မိနစ္၊ ဂိုး ၀၊ ၂ၾကိမ္ဖန္တီး၊ အခြင့္အေရးဖန္တီးမႈ ၁၂ၾကိမ္
ေပါ့ဂ္ဘာ – ၇ပြဲ၊ ၅၂၁ မိနစ္၊ ဂိုး ၀၊ ၂ၾကိမ္ဖန္တီး၊ အခြင့္အေရးဖန္တီးမႈ ၁၆ ၾကိမ္

ဒါကို ၾကည့္မယ္ဆုိရင္ ဖာနန္ဒက္စ္က ဘယ္ကစားသမားထက္မဆို သာလြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသေနတယ္ဆိုတာ ျမင္ရပါတယ္။ လိဂ္အဆင့္အတန္းကြာဟမႈေတြ ရွိတယ္လုိ႔ ေထာက္ျပေျပာဆိုလို႔ရေပမယ့္လည္း ေပၚတူဂီလိဂ္က ကစားသမားေတြရဲ႕ ေျခစြမ္းက ဘယ္လိုမ်ိဳးလဲဆိုတာ အားလံုးလည္း သိထားၾကျပီးသားပါ။ ပရီးမီးယားလိဂ္မွာ ေကာင္းေကာင္းကစားႏိုင္စြမ္းရွိျပီး ေအာင္ျမင္မႈေတြရခဲ့တဲ့ ကစားသမားေတြကလည္း အမ်ားၾကီးရွိခဲ့ပါတယ္။ ဆိုးလ္ရွားလက္ထက္မွာ ေျခစြမ္းအျပဆံုးကြင္းလယ္တိုက္စစ္ကစားသမားျဖစ္တဲ့ ဒန္နီရယ္ဂ်မ္းစ္ထက္ ၆ပြဲေလ်ာ့ကစားထားျပီး ဖန္တီးမႈနဲ႔ သြင္းဂိုးက သာလြန္ေနတာကလည္း သူ႔ေျခစြမ္းကို သိသာေစပါတယ္။

ဒီအတြက္ ဖာနန္ဒက္စ္က ပရီးမီးယားလိဂ္မွာ အဆင္ေျပပါ့မလားဆိုတဲ့ ေမးခြန္းေတြက ေမးေနစရာလိုမယ္မထင္ေတာ့ပါဘူး။ လက္ရွိမွာေတာ့ ကလပ္ႏွစ္သင္းၾကားမွာ ေဆြးေႏြးမႈေတြက ဆက္လက္ျပဳလုပ္ေနဆဲပါ။ ဒီအေျပာင္းအေရႊ႕က ျဖစ္လာႏိုင္သလို ပ်က္ျပယ္တာမ်ိဳးလည္း ရွိလာႏိုင္ပါတယ္။ ဒါေပမယ့္ ဒီကစားသမားရဲ႕ ေျခစြမ္းက ယူႏိုက္တက္အတြက္ တကယ္လိုအပ္တယ္ဆိုတာကေတာ့ ယံုမွားသံသယျဖစ္စရာလံုး၀မရွိပါဘူး။ အိုးထရက္ဖို႔ဒ္ကို သူ ကိုယ္စားျပဳႏိုင္မွာလား၊ မျပဳႏိုင္ဘူးလားဆိုတာကေတာ့…။

Unicode

သတင်းရင်းမြစ်များစွာရဲ့ ဖော်ပြချက်အရ ဘရူနိုဖာနန်ဒက်စ်ကို ယူနိုက်တက်က ခေါ်ယူနိုင်ဖို့ အရမ်းကို နီးစပ်နေပါပြီ။ စပို့တင်းကွင်းလယ်လူက ပေါင်သန်း ၆ဝလောက်ထိ တန်ကြေးရှိသူဖြစ်ပြီး ယူနိုက်တက်ဘက်က တကယ်ကိုလိုအပ်နေတဲ့ ကစားသမားမျိုးလည်းဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဖန်တီးမှုတွေကို သူက ယူဆောင်လာပေးမယ်လို့ မျှော်လင့်ရပြီး သူ့ဆီကနေ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကို မြင်တွေ့ရဖို့ကလည်း သေချာသလောက်ပါပဲ။ လက်ရှိမှာ ယူနိုက်တက်ကွင်းလယ်ကစားသမားတွေက ဒဏ်ရာပြသနာတွေရှိနေသလို တခြားကစားသမားတွေကလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။

အချက်အလက်တွေအရ ဖာနန်ဒက်စ်ရဲ့ မှတ်တမ်းက လက်ရှိယူနိုက်တက်ကစားသမားတွေအားလုံးထက် သာလွန်ကောင်းမွန်နေပါတယ်။ တော်တော်လေးကို ကွဲပြားခြားနားနေတာဖြစ်ပြီး ယူနိုက်တက်ကစားသမားတွေနဲ့ နှိုှုင်းယှဉ်ကြည့်မယ်ဆိုရင် ပိုပြီးသိသာနိုင်ပါတယ်။ ဖာနန်ဒက်စ်က ဒီရာသီမှာ စပို့တင်းအတွက် စုစုပေါင်း ၁၅ပွဲကစားပေးထားပြီး ၁၃၄၉ မိနစ်မှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ပေးထားပြီး အခွင့်အရေးဖန်တီးမှုက ၅၅ကြိမ်ရှိပါတယ်။ တော်တော်လေးကောင်းမွန်တဲ့ မှတ်တမ်းဖြစ်ပြီး မြင့်မားတဲ့စွမ်းဆောင်ရည်ကို သူက ပြသနေတာလည်း ဖြစ်ပါတယ်။

ူယူနိုက်တက်ကွင်းလယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ အခုလိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒန်နီရယ်ဂျိမ်းစ် – ၂၁ပွဲ၊ ၁၆၆၇ မိနစ်၊ ၃ဂိုး၊ ၆ကြိမ်ဖန်တီး၊ အခွင့်အရေးဖန်တီးမှု ၂၃ကြိမ်
ပါရဲရား – ၁၉ပွဲ၊ ၁၂၅၁ မိနစ်၊ ၁ဂိုး၊ ၃ကြိမ်ဖန်တီး၊ အခွင့်အရေးဖန်တီးမှု ၂၉ ကြိမ်
ဖရက်ဒ် – ၁၈ ပွဲ၊ ၁၄၀၈ မိနစ်၊ ဂိုး ၀၊ ဖန်တီးမှု ၀၊ အခွင့်အရေးဖန်တီးမှု ၂၄ ကြိမ်
လင်ဂတ် – ၁၈ပွဲ၊ ၈၆၈ မိနစ်၊ ဂိုး ၀ ၊ ဖန်တီးမှု ၀၊ အခွင့်အရေးဖန်တီးမှု ၁၅ကြိမ်
တော်မီနေး – ၁ရပွဲ၊ ၁၄၅၃ မိနစ်၊ ၃ဂိုး၊ ၁ကြိမ်ဖန်တီး၊ အခွင့်အရေးဖန်တီးမှု ၁၅ ကြိမ်
မာတာ – ၁၃ပွဲ၊ ၅၂၁ မိနစ်၊ ဂိုး ၀၊ ၂ကြိမ်ဖန်တီး၊ အခွင့်အရေးဖန်တီးမှု ၁၂ကြိမ်
ပေါ့ဂ်ဘာ – ရပွဲ၊ ၅၂၁ မိနစ်၊ ဂိုး ၀၊ ၂ကြိမ်ဖန်တီး၊ အခွင့်အရေးဖန်တီးမှု ၁၆ ကြိမ်

ဒါကို ကြည့်မယ်ဆိုရင် ဖာနန်ဒက်စ်က ဘယ်ကစားသမားထက်မဆို သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနေတယ်ဆိုတာ မြင်ရပါတယ်။ လိဂ်အဆင့်အတန်းကွာဟမှုတွေ ရှိတယ်လို့ ထောက်ပြပြောဆိုလို့ရပေမယ့်လည်း ပေါ်တူဂီလိဂ်က ကစားသမားတွေရဲ့ ခြေစွမ်းက ဘယ်လိုမျိုးလဲဆိုတာ အားလုံးလည်း သိထားကြပြီးသားပါ။ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းကစားနိုင်စွမ်းရှိပြီး အောင်မြင်မှုတွေရခဲ့တဲ့ ကစားသမားတွေကလည်း အများကြီးရှိခဲ့ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းအပြဆုံးကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ ဒန်နီရယ်ဂျမ်းစ်ထက် ၆ပွဲလျော့ကစားထားပြီး ဖန်တီးမှုနဲ့ သွင်းဂိုးက သာလွန်နေတာကလည်း သူ့ခြေစွမ်းကို သိသာစေပါတယ်။

ဒီအတွက် ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်မှာ အဆင်ပြေပါ့မလားဆိုတဲ့ မေးခွန်းတွေက မေးနေစရာလိုမယ်မထင်တော့ပါဘူး။ လက်ရှိမှာတော့ ကလပ်နှစ်သင်းကြားမှာ ဆွေးနွေးမှုတွေက ဆက်လက်ပြုလုပ်နေဆဲပါ။ ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်သလို ပျက်ပြယ်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီကစားသမားရဲ့ ခြေစွမ်းက ယူနိုက်တက်အတွက် တကယ်လိုအပ်တယ်ဆိုတာကတော့ ယုံမှားသံသယဖြစ်စရာလုံးဝမရှိပါဘူး။ အိုးထရက်ဖို့ဒ်ကို သူ ကိုယ်စားပြုနိုင်မှာလား၊ မပြုနိုင်ဘူးလားဆိုတာကတော့…။

မွတ္ခ်က္မ်ား။