အက္ဖ္ေအဖလားျပန္ကန္ပြဲမွာ ၀ုလ္ဗ္ကို အႏိုင္ယူခဲ့တဲ့ ယူႏိုက္တက္

Rodgers backs Klopp’s decision to play reserve team in FA Cup

ဒီေန႔မနက္ပိုင္းက ကစားခဲ့တဲ့ အက္ဖ္ေအဖလားတတိယအဆင့္ျပန္ကန္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္က ၀ုလ္ဗ္ကို မာတာရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ယူျပီး ေနာက္တဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္နဲ႔ ကစားရမယ့္ပြဲ ရွိေနေပမယ့္ ဆိုးလ္ရွားက ဒီပြဲမွာအဓိကကစားသမားေတြကို ပြဲထုတ္ခဲ့ျပီး အေလးထားေၾကာင္း ျပသခဲ့ပါတယ္။

No Arsenal interest in John Stones says Arteta

၀ုလ္ဗ္ကလည္း ယူႏို္က္တက္ကို ဒုကၡေပးေနက်အသင္းပီပီ သူုတို႔ရဲ႕အေကာင္းဆံုးအသင္းနဲ႔ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့ပါတယ္။ ဒီပြဲမွာေတာ့ ၀ုလ္ဗ္အတြက္ နက္တိုက တစ္ဂိုးသြင္းခဲ့ေပမယ့္ VAR နဲ႔ ျပန္ၾကည့္ျပီးဆံုးျဖတ္ရာမွာ ဂိုးမရခဲ့လို႔ နစ္နာခဲ့ရပါတယ္။ အေႏွးျပကြက္ေတြအရေတာ့ ဂိုးမေပးရတာက ဘာေၾကာင့္လဲဆိုတာ နားမလည္ႏိုင္ေအာင္ပါပဲ။

ယူႏိုက္တက္အတြက္ အႏိုင္ဂိုးကိုေတာ့ မာတာက မာရွယ္ရဲ႕ ဖန္တီးေပးမႈကေန ျပိဳင္ဘက္ေနာက္ခံလူေတြနဲ႔အျပိဳင္ေျပးသြားခဲ့ျပီး ဂိုးသမားကို အသာအယာေက်ာ္သြင္းခဲ့တာျဖစ္ပါတယ္။ ၀ုလ္ဗ္အေနနဲ႔ ပထမပို္င္းမွာ အပိုင္အခြင့္အေရးတခ်ိဳ႕ရခဲ့ေပမယ့္ တုိက္စစ္မွဴးဂ်ီမီနက္ဇ္ရဲ႕ အဆံုးသတ္ပိုင္းအားနည္းမႈေတြေၾကာင့္ ဂိုးမရခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားအတြက္ေတာ့ ေပးဂိုးမရွိတဲ့ ႏိုင္ပြဲေနာက္ထပ္တစ္ပြဲရရွိခဲ့လို ႔ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။ ဂိုးသမားရိုမဲယိုးကလည္း သူ ပါ၀င္ကစားေပးတိုင္းမွာ ေပးဂိုးမရွိတဲ့မွတ္တမ္းေကာင္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ရက္ရွ္ဖို႔ဒ္ ေနာက္ေက်ာဒဏ္ရာရရွိသြားခဲ့တာက ဆိုးလ္ရွားအတြက္ ထိုးႏွက္ခ်က္အျဖစ္ေတာ့ ရွိလာခဲ့ပါတယ္။

Unicode

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပြန်ကန်ပွဲမှာ မန်ချက်စတာယူနိုက်တက်က ဝုလ်ဗ်ကို မာတာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲ ရှိနေပေမယ့် ဆိုးလ်ရှားက ဒီပွဲမှာအဓိကကစားသမားတွေကို ပွဲထုတ်ခဲ့ပြီး အလေးထားကြောင်း ပြသခဲ့ပါတယ်။

ဝုလ်ဗ်ကလည်း ယူနို်က်တက်ကို ဒုက္ခပေးနေကျအသင်းပီပီ သူုတို့ရဲ့အကောင်းဆုံးအသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ပါတယ်။ ဒီပွဲမှာတော့ ဝုလ်ဗ်အတွက် နက်တိုက တစ်ဂိုးသွင်းခဲ့ပေမယ့် VAR နဲ့ ပြန်ကြည့်ပြီးဆုံးဖြတ်ရာမှာ ဂိုးမရခဲ့လို့ နစ်နာခဲ့ရပါတယ်။ အနှေးပြကွက်တွေအရတော့ ဂိုးမပေးရတာက ဘာကြောင့်လဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။

ယူနိုက်တက်အတွက် အနိုင်ဂိုးကိုတော့ မာတာက မာရှယ်ရဲ့ ဖန်တီးပေးမှုကနေ ပြိုင်ဘက်နောက်ခံလူတွေနဲ့အပြိုင်ပြေးသွားခဲ့ပြီး ဂိုးသမားကို အသာအယာကျော်သွင်းခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်အနေနဲ့ ပထမပို်င်းမှာ အပိုင်အခွင့်အရေးတချို့ရခဲ့ပေမယ့် တိုက်စစ်မှူးဂျီမီနက်ဇ်ရဲ့ အဆုံးသတ်ပိုင်းအားနည်းမှုတွေကြောင့် ဂိုးမရခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားအတွက်တော့ ပေးဂိုးမရှိတဲ့ နိုင်ပွဲနောက်ထပ်တစ်ပွဲရရှိခဲ့လို ့ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ဂိုးသမားရိုမဲယိုးကလည်း သူ ပါဝင်ကစားပေးတိုင်းမှာ ပေးဂိုးမရှိတဲ့မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ် နောက်ကျောဒဏ်ရာရရှိသွားခဲ့တာက ဆိုးလ်ရှားအတွက် ထိုးနှက်ချက်အဖြစ်တော့ ရှိလာခဲ့ပါတယ်။

မွတ္ခ်က္မ်ား။