၀ုလ္ဗ္ကို အႏိုင္ရခဲ့ေပမယ့္ ေပးဆပ္မႈၾကီးမားခဲ့ရတဲ့ ယူႏိုက္တက္

Rodgers backs Klopp’s decision to play reserve team in FA Cup

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အက္ဖ္ေအဖလားျပန္ကန္ပြဲမွာ ၀ုလ္ကို အႏိုင္ရရွိခဲ့ေပမယ့္လည္း အဓိကတို္က္စစ္မွဴးရက္ရွ္ဖို႔ဒ္ ဒဏ္ရာရရွိသြားခဲ့လို႔ စိုးရိမ္စရာျဖစ္လာခဲ့ရပါတယ္။ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဒုတိယပိုင္းမွာမွ လူစား၀င္ကစားခဲ့တာျဖစ္ေပမယ့္လည္း ကြင္းထဲေရာက္ျပီး ၁၆ မိနစ္အၾကာမွာပဲ ေနာက္ေက်ာဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

No Arsenal interest in John Stones says Arteta

ဒါဟာ လာမယ့္တစ္ပတ္မွာ လီဗာပူးလ္နဲ႔ ပြဲက်ပ္ကစားရဖို႔ရွိေနတဲ့ ဆိုးလ္ရွားအတြက္ေတာ့ စိုးရိမ္ဖြယ္ရာျဖစ္လာခဲ့ရပါတယ္။ လတ္တေလာအေျခအေနမ်ားအရ ရက္ရွ္ဖို႔ဒ္က အဆိုပါပြဲကို ပါ၀င္ကစားႏိုင္ဖို႔ မေသမခ်ာျဖစ္ေနျပီး နည္းျပဆိုးလ္ရွားကလည္း ကစားသမားအေနနဲ႔ အဆိုပါဒဏ္ရာရရွိခဲ့တယ္လို႔ ပြဲအျပီးမွာ အတည္ျပဳသြားခဲ့ပါတယ္။

“ ဟုတ္ပါတယ္၊ သူ ေနာက္ေက်ာဒဏ္ရာရရွိသြားတာပါ၊ သူ႔ကို အေ၀းကြင္းပြဲအတြက္ အနားေပးခ်င္ခဲ့ေပမယ့္လည္း ဒီပြဲက အႏိုင္ရဖို႔ လိုအပ္ေနခဲ့ပါတယ္၊ သူ မေျပးႏိုင္ခဲ့ပါဘူး၊ အခက္အခဲနည္းနည္းေလးရွိေနခဲ့ျပီးေတာ့ အခုေတာ့ ေနာက္ထပ္ျပသနာတစ္ခုနဲ႔ပါ ရင္ဆိုင္ေနရပါျပီ” လို႔ ဆိုးလ္ရွားက ကစားသမားရဲ႕ဒဏ္ရာနဲ႔ ပတ္သက္ျပီး ေျပာခဲ့ပါတယ္။

လီဗာပူးလ္နဲ႔ပြဲကို ပါ၀င္ကစားႏိုင္ဖို႔အတြက္ စိုးရိမ္ရလားဆိုတဲ့ ေမးခြန္းကိုလည္း “ စိုးရိမ္ရပါတယ္၊ သူ႔ကို ကၽြန္ေတာ္မကစားေစခ်င္ခဲ့ပါဘူး၊ ဒီရာသီမွာ သူက ထိပ္တန္းအဆင့္ေျခစြမ္းကို ျပသေနတာပါ၊ သူ အျမန္ဆံုးျပန္လည္ေကာင္းမြန္လာဖုိ႔ ကၽြန္ေတာ္တို႔ လိုအပ္တာမွန္သမွ်လုပ္ေဆာင္သြားဖို႔ ရွိပါတယ္”  လို႔ ဆိုးလ္ရွားက ျပန္လည္ေျဖဆိုသြားခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားပြန်ကန်ပွဲမှာ ဝုလ်ကို အနိုင်ရရှိခဲ့ပေမယ့်လည်း အဓိကတို်က်စစ်မှူးရက်ရှ်ဖို့ဒ် ဒဏ်ရာရရှိသွားခဲ့လို့ စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ဒုတိယပိုင်းမှာမှ လူစားဝင်ကစားခဲ့တာဖြစ်ပေမယ့်လည်း ကွင်းထဲရောက်ပြီး ၁၆ မိနစ်အကြာမှာပဲ နောက်ကျောဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ဒါဟာ လာမယ့်တစ်ပတ်မှာ လီဗာပူးလ်နဲ့ ပွဲကျပ်ကစားရဖို့ရှိနေတဲ့ ဆိုးလ်ရှားအတွက်တော့ စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့ရပါတယ်။ လတ်တလောအခြေအနေများအရ ရက်ရှ်ဖို့ဒ်က အဆိုပါပွဲကို ပါဝင်ကစားနိုင်ဖို့ မသေမချာဖြစ်နေပြီး နည်းပြဆိုးလ်ရှားကလည်း ကစားသမားအနေနဲ့ အဆိုပါဒဏ်ရာရရှိခဲ့တယ်လို့ ပွဲအပြီးမှာ အတည်ပြုသွားခဲ့ပါတယ်။

“ ဟုတ်ပါတယ်၊ သူ နောက်ကျောဒဏ်ရာရရှိသွားတာပါ၊ သူ့ကို အဝေးကွင်းပွဲအတွက် အနားပေးချင်ခဲ့ပေမယ့်လည်း ဒီပွဲက အနိုင်ရဖို့ လိုအပ်နေခဲ့ပါတယ်၊ သူ မပြေးနိုင်ခဲ့ပါဘူး၊ အခက်အခဲနည်းနည်းလေးရှိနေခဲ့ပြီးတော့ အခုတော့ နောက်ထပ်ပြသနာတစ်ခုနဲ့ပါ ရင်ဆိုင်နေရပါပြီ” လို့ ဆိုးလ်ရှားက ကစားသမားရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲကို ပါဝင်ကစားနိုင်ဖို့အတွက် စိုးရိမ်ရလားဆိုတဲ့ မေးခွန်းကိုလည်း “ စိုးရိမ်ရပါတယ်၊ သူ့ကို ကျွန်တော်မကစားစေချင်ခဲ့ပါဘူး၊ ဒီရာသီမှာ သူက ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနေတာပါ၊ သူ အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ ကျွန်တော်တို့ လိုအပ်တာမှန်သမျှလုပ်ဆောင်သွားဖို့ ရှိပါတယ်”  လို့ ဆိုးလ်ရှားက ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။