စပါးအတြက္ ဂ်က္ဆန္ဖာနန္ဒက္စ္က ဘာေတြေဆာင္က်ဥ္းေပးလာမွာလဲ?

Rodgers backs Klopp’s decision to play reserve team in FA Cup

အျပီးသတ္၀ယ္ယူႏိုင္ခြင့္ သေဘာတူညီခ်က္နဲ႔အတူ စပါးကေတာ့ ဘင္ဖီကာကြင္းလယ္လူ ဂ်က္ဆန္ဖာနန္ဒက္စ္ကို ၁၈ လအငွားနဲ႔ ေခၚယူလိုက္ပါျပီ။ အသက္ ၂၁ႏွစ္အရြယ္ ကစားသမားက ေမာ္ရင္ဟိုလက္ထက္ စပါးအသင္းရဲ႕ ပထမဆံုးေခၚယူခဲ့တဲ့ ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။ ဒီကစားသမားဆီကေန ေတာ့တင္ဟမ္က ဘာေတြကို ေမွ်ာ္လင့္ေနခဲ့လဲ၊ ဖာနန္ဒက္စ္ကေရာ အသင္းအတြက္ ဘာေတြကို ယူေဆာင္ေပးလာႏိုင္မလဲဆိုတာကို ေလ့လာၾကည့္ခ်င္ပါတယ္။

No Arsenal interest in John Stones says Arteta

ဖာနန္ဒက္စ္က ဘင္ဖီကာလူငယ္အသင္းကို ၂၀၀၉ မွာ ေရာက္ရွိခဲ့ျပီး ၁၀ ႏွစ္အၾကာမွာ အသင္းၾကီးအတြက္ စကစားေပးခဲ့ရပါတယ္။ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ သူက ၁၀၄၄ မိနစ္ကစားေပးခဲ့ရျပီး ဗဟိုကြင္းလယ္မွာ ကစားေပးခဲ့ရတာပါ။ ဒီရာသီမွာေတာ့ ၂၁၅ မိနစ္ပဲ ကစားေပးထားရျပီး ေနရာလည္း ေျပာင္းလဲကစားေပးခဲ့ရပါတယ္။ ကြင္းလယ္တိုက္စစ္ညာျခမ္းမွာ ကစားေပးခဲ့ရတာပါ။ ပံုကိုၾကည့္မယ္ဆုိရင္ သူက ျပိဳင္ဘက္အသင္းကြင္းဘယ္ျခမ္းမွာ ဘယ္ေလာက္ထိ ကစားႏိုင္လဲဆိုတာကို သိႏိုင္ပါတယ္။ သူက ေျပးလႊားရင္းန႔ဲ အေရးပါတဲ့ ေပးပို႔မႈေတြကို ျပဳလုပ္ေပးႏိုင္သလို အလြတ္တည္ကန္ေဘာေတြမၾကာခဏရရွိေအာင္လည္း ကစားႏိုင္သူပါ။ သူ႔ရဲ႕ တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္စြမ္းကို ေအာက္မွာျပသထားတဲ့ ပံုကိုၾကည့္မယ္ဆုိရင္ သိႏိုင္ပါတယ္။

သူက တစ္ပြဲကို ပ်မ္းမွ်အားျဖင့္ တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈ ၈ၾကိမ္ေက်ာ္အထိ ရွိပါတယ္။ ေဘာလံုးနဲ႔အတူ ဆြဲေျပးႏိုင္မႈက ၂.၈ ၾကိမ္ရွိျပီး သူ႔ေၾကာင့္ အသင္းဘက္က အလြတ္တည္ကန္ေဘာကို ပ်မ္းမွ်အားျဖင့္ ၃.၆ ၾကိမ္ေလာက္အထိ ရရွိိခဲ့တာပါ။ ဒါက စပါးအတြက္ေတာ့ အဖိုးတန္မယ့္ အခ်က္အလက္ေတြျဖစ္ပါတယ္။ ျပိဳင္ဘက္အသင္းကြင္းဘက္ျခမ္းမွာ ေရြ႕လ်ားကစားေနတဲ့ ကစားသမားျဖစ္တာေၾကာင့္ ဂိုးေပါက္နဲ႔ နီးကပ္တဲ့ေနရာမိ်ဳးမွာ မၾကာခဏဆိုသလို စပါးက ဖရီးကစ္ကန္ခြင့္ေတြ ရရွိလာႏိုင္ပါတယ္။ ဒါ့အျပင္ ဖာနန္ဒက္စ္ရဲ႕ ကစားဟန္ေၾကာင့္လည္း ျပိဳင္ဘက္အသင္းခံစစ္မွာ ေနရာလြတ္ေတြ ေပၚလာႏိုင္ျပီး ဆြန္ေဟာင္မင္၊ ေမာ္ရာတို႔လို လ်င္ျမန္တဲ့ကစားသမားေတြအတြက္ အသင့္ေနရာယူျပီး ဂိုးေတြသြင္းလာႏိုင္ဖြယ္ရာ ရွိပါတယ္။

သူက ျပိဳင္ဘက္ကြင္းဘက္ျခမ္းရဲ႕ အတြင္းေနရာေတြအထိ လိုက္ေဆာ့ေပးခဲ့ျပီးေတာ့ ေတာင္ပံဧရိယာေတြဘက္မွာလည္း ေတာ္ေတာ္ေလးလႈပ္ရွားႏိုင္ခဲ့ပါတယ္။ ဒီကမွတဆင့္ သူက အသင္းေဖာ္ေတြဆီကို ျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္ေပးခဲ့တာပါ။ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ဖာနန္ဒက္စ္က ဧရိယာအတြင္းကေန ဂိုးကန္သြင္းခြင့္ ၆ ၾကိမ္ပဲ ရခဲ့ပါတယ္။ ဒါေပမယ့္ အေ၀းကေန ကန္သြင္းမႈက ၁၀ ၾကိမ္အထိ ရွိခဲ့ျပီး ပံုမွန္အားျဖင့္ သူက ညာျခမ္းဘက္ ၂၅ ကိုက္အကြာေလာက္ကေန ကန္သြင္းယူမႈျပဳလုပ္ေလ့ရွိပါတယ္။ ဘင္ဖီကာကစားခဲ့တဲ့ ေနာက္ဆံုး ၇ ပြဲဆက္တိုက္ ဖာနန္ဒက္စ္က ပါ၀င္ကစားေပးခဲ့ရျခင္းမရွိပဲ နည္းျပဘရူႏိုလာဂီရဲ႕
ခ်န္လွပ္မႈကို ခံခဲ့၇ပါတယ္။

ဒါေပမယ့္လည္း စပါးအသင္းပရိသတ္ေတြကေတာ့ ဖာနန္ဒက္စ္နဲ႔ ေမာ္ရင္ဟိုတို႔ၾကားက ရင္းႏွီးမႈေၾကာင့္ ဒီကစားသမားဆီကေန အသင္းအတြက္ ေျခစြမ္းေကာင္းေတြ ျပသေပးႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ဆစ္ဆိုကို ဒဏ္ရာရရွိေနျပီး အန္ဒြန္ဘီလီက ၾကံ့ခိုင္မႈမျပည့္၀ဘူးျဖစ္ေနပါတယ္။ ဟယ္ရီ၀င့္ခ္၊ ဒီယာတို႔ကလည္း ဒီရာသီမွာ ဒဏ္ရာေတြနဲ႔ လံုးေထြးေနရျပီး ဗစ္တာ၀မ္ယာမာ နဲ႔ အိုလီဗာစကစ္တို႔ပဲ စပါးကြင္းလယ္မွာ ၀င္ကစားေပးႏိုင္သူေတြအျဖစ္ ရွိေနပါတယ္။ အဲရစ္ဆန္ကလည္း အနာဂတ္နဲ႔ပတ္သက္ျပီး ေျခစြမ္းမျပႏိုင္လို႔ ဖာနန္ဒက္စ္ေရာက္ရွိလာမႈက စပါးပရိသတ္ေတြကို အေမွ်ာ္လင့္ၾကီးေမွ်ာ္လင့္မိေစတာပါ။ ကစားသမားအတြက္လည္း အသင္းမွာ ကစားခြင့္ရဖို႔ အခြင့္အေရးရရွိဖြယ္ရွိေနျပီး အသံုးခ်ႏိုင္ဖို႔သာ လိုအပ္ပါေတာ့တယ္။

Unicode

အပြီးသတ်ဝယ်ယူနိုင်ခွင့် သဘောတူညီချက်နဲ့အတူ စပါးကတော့ ဘင်ဖီကာကွင်းလယ်လူ ဂျက်ဆန်ဖာနန်ဒက်စ်ကို ၁၈ လအငှားနဲ့ ခေါ်ယူလိုက်ပါပြီ။ အသက် ၂၁နှစ်အရွယ် ကစားသမားက မော်ရင်ဟိုလက်ထက် စပါးအသင်းရဲ့ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဒီကစားသမားဆီကနေ တော့တင်ဟမ်က ဘာတွေကို မျှော်လင့်နေခဲ့လဲ၊ ဖာနန်ဒက်စ်ကရော အသင်းအတွက် ဘာတွေကို ယူဆောင်ပေးလာနိုင်မလဲဆိုတာကို လေ့လာကြည့်ချင်ပါတယ်။

ဖာနန်ဒက်စ်က ဘင်ဖီကာလူငယ်အသင်းကို ၂၀၀၉ မှာ ရောက်ရှိခဲ့ပြီး ၁၀ နှစ်အကြာမှာ အသင်းကြီးအတွက် စကစားပေးခဲ့ရပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ သူက ၁၀၄၄ မိနစ်ကစားပေးခဲ့ရပြီး ဗဟိုကွင်းလယ်မှာ ကစားပေးခဲ့ရတာပါ။ ဒီရာသီမှာတော့ ၂၁၅ မိနစ်ပဲ ကစားပေးထားရပြီး နေရာလည်း ပြောင်းလဲကစားပေးခဲ့ရပါတယ်။ ကွင်းလယ်တိုက်စစ်ညာခြမ်းမှာ ကစားပေးခဲ့ရတာပါ။ ပုံကိုကြည့်မယ်ဆိုရင် သူက ပြိုင်ဘက်အသင်းကွင်းဘယ်ခြမ်းမှာ ဘယ်လောက်ထိ ကစားနိုင်လဲဆိုတာကို သိနိုင်ပါတယ်။ သူက ပြေးလွှားရင်းနဲ့ အရေးပါတဲ့ ပေးပို့မှုတွေကို ပြုလုပ်ပေးနိုင်သလို အလွတ်တည်ကန်ဘောတွေမကြာခဏရရှိအောင်လည်း ကစားနိုင်သူပါ။ သူ့ရဲ့ တစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်းကို အောက်မှာပြသထားတဲ့ ပုံကိုကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။

သူက တစ်ပွဲကို ပျမ်းမျှအားဖြင့် တစ်ဦးချင်းကျော်ဖြတ်နိုင်မှု ၈ကြိမ်ကျော်အထိ ရှိပါတယ်။ ဘောလုံးနဲ့အတူ ဆွဲပြေးနိုင်မှုက ၂.၈ ကြိမ်ရှိပြီး သူ့ကြောင့် အသင်းဘက်က အလွတ်တည်ကန်ဘောကို ပျမ်းမျှအားဖြင့် ၃.၆ ကြိမ်လောက်အထိ ရရှိိခဲ့တာပါ။ ဒါက စပါးအတွက်တော့ အဖိုးတန်မယ့် အချက်အလက်တွေဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းကွင်းဘက်ခြမ်းမှာ ရွေ့လျားကစားနေတဲ့ ကစားသမားဖြစ်တာကြောင့် ဂိုးပေါက်နဲ့ နီးကပ်တဲ့နေရာမျိုးမှာ မကြာခဏဆိုသလို စပါးက ဖရီးကစ်ကန်ခွင့်တွေ ရရှိလာနိုင်ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်ရဲ့ ကစားဟန်ကြောင့်လည်း ပြိုင်ဘက်အသင်းခံစစ်မှာ နေရာလွတ်တွေ ပေါ်လာနိုင်ပြီး ဆွန်ဟောင်မင်၊ မော်ရာတို့လို လျင်မြန်တဲ့ကစားသမားတွေအတွက် အသင့်နေရာယူပြီး ဂိုးတွေသွင်းလာနိုင်ဖွယ်ရာ ရှိပါတယ်။

သူက ပြိုင်ဘက်ကွင်းဘက်ခြမ်းရဲ့ အတွင်းနေရာတွေအထိ လိုက်ဆော့ပေးခဲ့ပြီးတော့ တောင်ပံဧရိယာတွေဘက်မှာလည်း တော်တော်လေးလှုပ်ရှားနိုင်ခဲ့ပါတယ်။ ဒီကမှတဆင့် သူက အသင်းဖော်တွေဆီကို ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖာနန်ဒက်စ်က ဧရိယာအတွင်းကနေ ဂိုးကန်သွင်းခွင့် ၆ ကြိမ်ပဲ ရခဲ့ပါတယ်။ ဒါပေမယ့် အဝေးကနေ ကန်သွင်းမှုက ၁၀ ကြိမ်အထိ ရှိခဲ့ပြီး ပုံမှန်အားဖြင့် သူက ညာခြမ်းဘက် ၂၅ ကိုက်အကွာလောက်ကနေ ကန်သွင်းယူမှုပြုလုပ်လေ့ရှိပါတယ်။ ဘင်ဖီကာကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲဆက်တိုက် ဖာနန်ဒက်စ်က ပါဝင်ကစားပေးခဲ့ရခြင်းမရှိပဲ နည်းပြဘရူနိုလာဂီရဲ့
ချန်လှပ်မှုကို ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း စပါးအသင်းပရိသတ်တွေကတော့ ဖာနန်ဒက်စ်နဲ့ မော်ရင်ဟိုတို့ကြားက ရင်းနှီးမှုကြောင့် ဒီကစားသမားဆီကနေ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဆစ်ဆိုကို ဒဏ်ရာရရှိနေပြီး အန်ဒွန်ဘီလီက ကြံ့ခိုင်မှုမပြည့်ဝဘူးဖြစ်နေပါတယ်။ ဟယ်ရီဝင့်ခ်၊ ဒီယာတို့ကလည်း ဒီရာသီမှာ ဒဏ်ရာတွေနဲ့ လုံးထွေးနေရပြီး ဗစ်တာဝမ်ယာမာ နဲ့ အိုလီဗာစကစ်တို့ပဲ စပါးကွင်းလယ်မှာ ဝင်ကစားပေးနိုင်သူတွေအဖြစ် ရှိနေပါတယ်။ အဲရစ်ဆန်ကလည်း အနာဂတ်နဲ့ပတ်သက်ပြီး ခြေစွမ်းမပြနိုင်လို့ ဖာနန်ဒက်စ်ရောက်ရှိလာမှုက စပါးပရိသတ်တွေကို အမျှော်လင့်ကြီးမျှော်လင့်မိစေတာပါ။ ကစားသမားအတွက်လည်း အသင်းမှာ ကစားခွင့်ရဖို့ အခွင့်အရေးရရှိဖွယ်ရှိနေပြီး အသုံးချနိုင်ဖို့သာ လိုအပ်ပါတော့တယ်။

မွတ္ခ်က္မ်ား။