ဖာနန္ဒက္စ္နဲ႔ ယူႏိုက္တက္တို႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိလို႔ Telegraph ေဖာ္ျပ

‘Liverpool can break our Premier League record’ – Guardiola

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စပိုိ႔တင္းကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့ျပီလို႔ Telegraph က ေဖာ္ျပသြားခဲ့ပါတယ္။ ေပၚတူဂီကြင္းလယ္ကစားသမားကို ေခၚယူဖို႔ အေလးထားၾကိဳးပမ္းေနမႈမွာ ယူႏိုက္တက္ကကစားသမားနဲ႔အရင္ သေဘာတူညီမႈရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

Mata a fantastic human being – Solskjaer

ေပၚတူဂီကြင္းလယ္တုိက္စစ္ကစားသမားကို ဆိုးလ္ရွားက သူ႔ရဲ႕ေလးဦးေျမာက္ေခၚယူမႈအျဖစ္ ေမွ်ာ္လင့္ေနျပီး ဒီတစ္ပတ္အတြင္းမွာ အေျပာင္းအေရႊ႕ျဖစ္ေပၚလာမယ္လုိ႔ သိရပါတယ္။ ေတာ္မီေနးနဲ႔ ေပါ့ဂ္ဘာတုိ႔ ဒဏ္ရာရရွိေနျပီး အသင္းကြင္းလယ္ပိုင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ဆိုးလ္ရွားက ကစားသမားသစ္ေတြလိုအပ္ေနခဲ့တာျဖစ္ပါတယ္။

ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္က ပါ၀င္လာခဲ့ျပီး အေျပာင္းအေရႊ႕ျဖစ္ေျမာက္ေအာင္ ကူညီေပးခဲ့တယ္လုိ႔ သိရပါတယ္။ ေဂ်ာ့မန္ဒက္စ္ဟာ မေန႔ညက ကစားခဲ့တဲ့ ၀ုလ္ဗ္နဲ႔ပြဲကို လာေရာက္ၾကည့္ရႈခဲ့တယ္လုိ႔ သိရျပီး အဆိုပါအခ်ိန္မွာ ညွိႏိႈင္းခဲ့ၾကဖြယ္ရွိကာ ကစားသမားရဲ႕ သေဘာတူညီခ်က္ကို ရယူႏိုင္ခဲ့တယ္လုိ႔ ယူဆရပါတယ္။

စပို႔တင္းကေတာ့ ကစားသမားအတြက္ ေျပာင္းေရႊေၾကးကို ေပါင္သန္း ၆၀အထိ အလိုရွိေနေပမယ့္ ယူႏို္က္တက္က ေပါင္သန္း ၅၀သာ ေပးေခ်မယ္လုိ႔ သိရပါတယ္။ ဘ႑ာေရးျပသနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ စပို႔တင္းအေနန႔ဲ အဆိုပါပမာဏကို လက္ခံသြားဖြယ္ရွိေနျပီး လာမယ့္ ဘင္ဖီကာနဲ႔ပြဲအျပီးမွာ ကစားသမားကို ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပိို့တင်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ Telegraph က ဖော်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ အလေးထားကြိုးပမ်းနေမှုမှာ ယူနိုက်တက်ကကစားသမားနဲ့အရင် သဘောတူညီမှုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမားကို ဆိုးလ်ရှားက သူ့ရဲ့လေးဦးမြောက်ခေါ်ယူမှုအဖြစ် မျှော်လင့်နေပြီး ဒီတစ်ပတ်အတွင်းမှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာမယ်လို့ သိရပါတယ်။ တော်မီနေးနဲ့ ပေါ့ဂ်ဘာတို့ ဒဏ်ရာရရှိနေပြီး အသင်းကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဆိုးလ်ရှားက ကစားသမားသစ်တွေလိုအပ်နေခဲ့တာဖြစ်ပါတယ်။

ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်က ပါဝင်လာခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မြောက်အောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ဂျော့မန်ဒက်စ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲကို လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပြီး အဆိုပါအချိန်မှာ ညှိနှိုင်းခဲ့ကြဖွယ်ရှိကာ ကစားသမားရဲ့ သဘောတူညီချက်ကို ရယူနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။

စပို့တင်းကတော့ ကစားသမားအတွက် ပြောင်းရွှေကြေးကို ပေါင်သန်း ၆ဝအထိ အလိုရှိနေပေမယ့် ယူနို်က်တက်က ပေါင်သန်း ၅ဝသာ ပေးချေမယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ စပို့တင်းအနေနဲ့ အဆိုပါပမာဏကို လက်ခံသွားဖွယ်ရှိနေပြီး လာမယ့် ဘင်ဖီကာနဲ့ပွဲအပြီးမှာ ကစားသမားကို ရောင်းချသွားမယ်လို့ သိရပါတယ်။

မွတ္ခ်က္မ်ား။