ယူႏိုက္တက္ကို ေလွ်ာ့တြက္လို႔ မရေသးတဲ့ လီဗာပူးလ္

Rodgers backs Klopp’s decision to play reserve team in FA Cup

ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ ပြဲၾကီးပြဲေကာင္းအျဖစ္ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ရဲ႕ ပြဲစဥ္ရွိပါတယ္။ ျပီးခဲ့တဲ့ႏွစ္ေတြတုန္းက ဖလားစိန္ေခၚသူအျဖစ္ရွိေနခဲ့တဲ့ ယူႏိုက္တက္နဲ႔ ဖ်က္ျမင္းအသင္းအျဖစ္ရွိေနခဲ့တဲ ့လီဗာပူးလ္တို႔က အခုဆိုရင္ ေျပာင္းျပန္အေျခအေနေတြျဖစ္ေနခဲ့ပါျပီ။ ဖာဂူဆန္အနားယူခဲ့ျပီးေနာက္မွာ ယူႏိုက္တက္က ဆုဖလားစိန္ေခၚႏိုင္စြမ္းက်ဆင္းလာျပီး လီဗာပူးလ္က စိန္ေခၚသူျဖစ္လာခဲ့ပါတယ္။ ဒီရာသီမွာဆိုရင္လည္း သူတို႔က ရံႈးပြဲလံုး၀မရွိစံခ်ိန္နဲ႔ အမွတ္ေပးဇယားကို အျပတ္အသတ္ဦးေဆာင္ေနျပီး ႏွစ္ေပါင္း ၃၀အတြင္း ပထမဆံုးအၾကိမ္ အမွတ္ေပးဖလားကို ဆြတ္ခူးႏိုင္ဖို႔ အေျခအေနေကာင္းေနပါတယ္။

Top 5 Midfielders of the 2019/20 Bundesliga season so far

ဒါေပမယ့္ လီဗာပူးလ္အတြက္ ရံႈးပြဲမရွိစံခ်ိန္မက်ိဳးပ်က္ဖို႔နဲ႔ ဒီပြဲကစျပီးေတာ့ ေျခမေခ်ာ္ဖို႔အတြက္ေတာ့ သတိထားမွတန္ကာက်မွာပါ။ ဘာလို႔လဲဆိုေတာ့ ဒီရာသီမွာ လီဗာပူးလ္အသင္းဆီက အမွတ္ရယူထားတဲ့ တစ္ခုတည္းေသာအသင္းက မန္ခ်က္စတာယူႏိုက္တက္ျဖစ္ေနလို႔ပါဲ။ ပထမအေက်ာ့အျဖစ္ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့ရာမွာ ယူႏိုက္တက္က ပြဲျပီးခါနီးအထိ ဦးေဆာင္ေနျပီးမွ လယ္လာနာက ေခ်ပခဲ့လို႔သာ လီဗာပူးလ္တို႔ တစ္မွတ္ရရွိခဲ့တာပါ။ ဒီအသင္းႏွစ္သင္းၾကားမွာ ေျခစြမ္းပိုင္းဘယ္လိုပဲကြာဟေနပါေစ၊ သူတို႔ေတြေတြ႔ဆံုတိုင္းမွာ အသည္းေပါက္ မတတ္ကစားတတ္ၾကလို႔ ေလွ်ာ့တြက္တာနဲ႔ ခံရမယ့္ကိန္းဆိုက္သြားပါလိမ့္မယ္။

ယူႏိုက္တက္က ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ၾကိဳးစားေနရျပီး၊ လီဗာပူးလ္က ခ်န္ပီယံျဖစ္ဖို႔ ၾကိဳးစားေနတာပါ။ ရည္ရြယ္ခ်က္ခ်င္းကြဲျပားေပမယ့္ အႏိုင္လိုခ်င္စိတ္ခ်င္းေတာ့ တူညီေနပါတယ္။ အဂၤလန္ရဲ႕ အခါးသီးဆံုးျပိဳင္ဘက္ႏွစ္သင္းလည္းျဖစ္ျပီး ယူႏိုက္တက္အေနနဲ႔ လီဗာပူးလ္ကိုအမွတ္ေပးဖလားမရရွိေရးအတြက္ အတတ္ႏိုင္ဆံုးဟန္႔တားမွာ ေသခ်ာပါတယ္။ လီဗာပူးလ္ကလည္း ခ်န္ပီယံျဖစ္ဖို႔ ေျခစြမ္း၊ စိတ္ဓာတ္၊ ကံၾကမၼာအားလံုးျပည့္စံုေနခ်ိန္မွာ မဟာျပိဳင္ဘက္ကို အႏိုင္ယူျပီး ခ်ိဳျမိန္တဲ့ရလဒ္ကို ခံစားခ်င္ေနမွာပါ။ ဒါေၾကာင့္မို႔လို႔ ဒီပြဲက လက္ရွိေျခစြမ္းေတြကို ေဘးဖယ္ထားျပီး အစဥ္အလာ၊ ႏွစ္သင္းၾကားက ခါးသီးမုန္းတီးမႈေတြကို စဥ္းစားမယ္ဆိုရင္ ေတာ္ေတာ္ေလးျပင္းထန္တဲ့ ပြဲစဥ္ျဖစ္လာမွာ ေသခ်ာပါတယ္။

ကေလာ့ပ္လက္ထက္မွာ အေကာင္းဆံုးပံုစံကိုျပသေနျပီး ဥေရာပရဲ႕အေကာင္းဆံုးအသင္းတစ္သင္းစာရင္း၀င္လာေအာင္ လီဗာပူးလ္က တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ကေတာ့ ဒီလိုအဆင့္မ်ိဳးကေန ေလွ်ာက်ေနခဲ့ျပီး ရုပ္ပ်က္ဆင္းပ်က္မျဖစ္ေအာင္ မနည္းက်ားကန္ ေနရတာက အမွန္တရားပါ။ ကစားရမယ့္ကြင္းကလည္း အန္ဖီးလ္ျဖစ္ေနလို႔ လီဗာပူးလ္က အခြင့္အေရးပိုမိုသာလြန္ေနပါတယ္။ ဒါေပမယ့္ ကေလာ့ပ္ ေၾကာက္ရြံ႕ရမွာက ယူႏိုက္တက္ရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔ အသင္းၾကီးေတြနဲ႔ ေတြ႔ရင္ ရလဒ္ေကာင္းေလ့ရွိတာကိုပါ။ ယူႏိုက္တက္က ဒီရာသီမွာ အသင္းၾကီးေတြဆီက အမွတ္ေတြေတာ္ေတာ္မ်ားမ်ားယူထားႏိုင္တဲ့အသင္းျဖစ္ေနလို႔ပါပဲ။

ေျခစြမ္းပိုင္းအရ လီဗာပူးလ္အႏိုင္ရမယ္လုိ႔ ယံုၾကည္ရေပမယ့္ ယူႏိုက္တက္ကို ေလွ်ာ့တြက္မယ္ဆုိရင္ေတာ့ ခံစားသြားရႏိုင္ပါတယ္။ ဆိုးလ္ရွားနဲ႔ သူ႔အသင္းသားေတြက ေ၀ဖန္မႈေတြကေန ရုန္းထြက္ျပဖို႔ ၾကိဳးစားေနတာျဖစ္ျပီး ဒီဖိအားကိုတြန္းလွန္ခ်င္စိတ္က အားတစ္ခုအျဖစ္ ရွိေနႏိုင္ပါတယ္။ အဂၤလန္ရဲ႕ ဒါဘီပြဲလို႔ေတာင္မွ တင္စားခံခဲ့ရတဲ့ ဒီပြဲစဥ္က ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ သူတို႔ရဲ႕ ျပိဳင္ဆိုင္မႈက အလံုးအထည္ေလ်ာ့သြားဖို႔လည္းမရွိပါဘူး။ ပြဲေကာင္းတစ္ပြဲကို ၾကည့္ရႈရမွာျဖစ္ျပီးေတာ့ မွားသူခံစတမ္းဆိုတာမ်ိဳးျဖစ္လာႏိုင္တယ္လို႔ သံုးသပ္မိပါတယ္။

Unicode

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဖလားစိန်ခေါ်သူအဖြစ်ရှိနေခဲ့တဲ့ ယူနိုက်တက်နဲ့ ဖျက်မြင်းအသင်းအဖြစ်ရှိနေခဲ့တဲ ့လီဗာပူးလ်တို့က အခုဆိုရင် ပြောင်းပြန်အခြေအနေတွေဖြစ်နေခဲ့ပါပြီ။ ဖာဂူဆန်အနားယူခဲ့ပြီးနောက်မှာ ယူနိုက်တက်က ဆုဖလားစိန်ခေါ်နိုင်စွမ်းကျဆင်းလာပြီး လီဗာပူးလ်က စိန်ခေါ်သူဖြစ်လာခဲ့ပါတယ်။ ဒီရာသီမှာဆိုရင်လည်း သူတို့က ရှုံးပွဲလုံးဝမရှိစံချိန်နဲ့ အမှတ်ပေးဇယားကို အပြတ်အသတ်ဦးဆောင်နေပြီး နှစ်ပေါင်း ၃ဝအတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

ဒါပေမယ့် လီဗာပူးလ်အတွက် ရှုံးပွဲမရှိစံချိန်မကျိုးပျက်ဖို့နဲ့ ဒီပွဲကစပြီးတော့ ခြေမချော်ဖို့အတွက်တော့ သတိထားမှတန်ကာကျမှာပါ။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ လီဗာပူးလ်အသင်းဆီက အမှတ်ရယူထားတဲ့ တစ်ခုတည်းသောအသင်းက မန်ချက်စတာယူနိုက်တက်ဖြစ်နေလို့ပါဲ။ ပထမအကျော့အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရာမှာ ယူနိုက်တက်က ပွဲပြီးခါနီးအထိ ဦးဆောင်နေပြီးမှ လယ်လာနာက ချေပခဲ့လို့သာ လီဗာပူးလ်တို့ တစ်မှတ်ရရှိခဲ့တာပါ။ ဒီအသင်းနှစ်သင်းကြားမှာ ခြေစွမ်းပိုင်းဘယ်လိုပဲကွာဟနေပါစေ၊ သူတို့တွေတွေ့ဆုံတိုင်းမှာ အသည်းပေါက် မတတ်ကစားတတ်ကြလို့ လျှော့တွက်တာနဲ့ ခံရမယ့်ကိန်းဆိုက်သွားပါလိမ့်မယ်။

ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေရပြီး၊ လီဗာပူးလ်က ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတာပါ။ ရည်ရွယ်ချက်ချင်းကွဲပြားပေမယ့် အနိုင်လိုချင်စိတ်ချင်းတော့ တူညီနေပါတယ်။ အင်္ဂလန်ရဲ့ အခါးသီးဆုံးပြိုင်ဘက်နှစ်သင်းလည်းဖြစ်ပြီး ယူနိုက်တက်အနေနဲ့ လီဗာပူးလ်ကိုအမှတ်ပေးဖလားမရရှိရေးအတွက် အတတ်နိုင်ဆုံးဟန့်တားမှာ သေချာပါတယ်။ လီဗာပူးလ်ကလည်း ချန်ပီယံဖြစ်ဖို့ ခြေစွမ်း၊ စိတ်ဓာတ်၊ ကံကြမ္မာအားလုံးပြည့်စုံနေချိန်မှာ မဟာပြိုင်ဘက်ကို အနိုင်ယူပြီး ချိုမြိန်တဲ့ရလဒ်ကို ခံစားချင်နေမှာပါ။ ဒါကြောင့်မို့လို့ ဒီပွဲက လက်ရှိခြေစွမ်းတွေကို ဘေးဖယ်ထားပြီး အစဉ်အလာ၊ နှစ်သင်းကြားက ခါးသီးမုန်းတီးမှုတွေကို စဉ်းစားမယ်ဆိုရင် တော်တော်လေးပြင်းထန်တဲ့ ပွဲစဉ်ဖြစ်လာမှာ သေချာပါတယ်။

ကလော့ပ်လက်ထက်မှာ အကောင်းဆုံးပုံစံကိုပြသနေပြီး ဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းစာရင်းဝင်လာအောင် လီဗာပူးလ်က တည်ဆောက်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒီလိုအဆင့်မျိုးကနေ လျှောကျနေခဲ့ပြီး ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် မနည်းကျားကန် နေရတာက အမှန်တရားပါ။ ကစားရမယ့်ကွင်းကလည်း အန်ဖီးလ်ဖြစ်နေလို့ လီဗာပူးလ်က အခွင့်အရေးပိုမိုသာလွန်နေပါတယ်။ ဒါပေမယ့် ကလော့ပ် ကြောက်ရွံ့ရမှာက ယူနိုက်တက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အသင်းကြီးတွေနဲ့ တွေ့ရင် ရလဒ်ကောင်းလေ့ရှိတာကိုပါ။ ယူနိုက်တက်က ဒီရာသီမှာ အသင်းကြီးတွေဆီက အမှတ်တွေတော်တော်များများယူထားနိုင်တဲ့အသင်းဖြစ်နေလို့ပါပဲ။

ခြေစွမ်းပိုင်းအရ လီဗာပူးလ်အနိုင်ရမယ်လို့ ယုံကြည်ရပေမယ့် ယူနိုက်တက်ကို လျှော့တွက်မယ်ဆိုရင်တော့ ခံစားသွားရနိုင်ပါတယ်။ ဆိုးလ်ရှားနဲ့ သူ့အသင်းသားတွေက ဝေဖန်မှုတွေကနေ ရုန်းထွက်ပြဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီဖိအားကိုတွန်းလှန်ချင်စိတ်က အားတစ်ခုအဖြစ် ရှိနေနိုင်ပါတယ်။ အင်္ဂလန်ရဲ့ ဒါဘီပွဲလို့တောင်မှ တင်စားခံခဲ့ရတဲ့ ဒီပွဲစဉ်က ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့ရဲ့ ပြိုင်ဆိုင်မှုက အလုံးအထည်လျော့သွားဖို့လည်းမရှိပါဘူး။ ပွဲကောင်းတစ်ပွဲကို ကြည့်ရှုရမှာဖြစ်ပြီးတော့ မှားသူခံစတမ်းဆိုတာမျိုးဖြစ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။

မွတ္ခ်က္မ်ား။