ဇီယက္ရဲ႕ ကစားသမားဘ၀ ကိန္းဂဏန္းမွတ္တမ္းမ်ား

Mignolet ‘no regrets’ leaving Liverpool and foresaw their success

ေအဂ်က္ဇ္ကြင္းလယ္တိုက္စစ္ကစားသမားဇီယက္ကေတာ့ ခ်ယ္လ္ဆီးကို ေျပာင္းေရႊ႕ဖို႔သေဘာတူညီမႈရလုနီးပါးျဖစ္ေနျပီလို႔ သိရပါတယ္။ ေမာ္ရိုကိုလက္ေရြးစင္က ေအဂ်က္ဇ္နဲ႔အတူ ေတာက္ပလာခဲ့ျပီး ထိပ္တန္းအသင္းေတြရဲ႕ ပစ္မွတ္ျဖစ္လာခဲ့ပါတယ္။ လာမယ့္ရာသီမွာ သူ႔ကို စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ျမင္ေတြ႔ရဖို႔ နီးစပ္ေနပါျပီ။ သူ႔အတြက္ ခ်ယ္လ္ဆီးက ေပါင္ ၃၈ သန္းအထိ ေပးေခ်ရမယ္လုိ႔ သိရျပီး အဆိုပါပမာဏကို ေပးေခ်ရမယ့္ ဇီယက္ရဲ႕ ေျခစြမ္းပိုင္းနဲ႔ပတ္သက္တဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြကို ေလ့လာၾကည့္ရေအာင္။

Data Preview – Wolves vs Leicester

 

ဇီယက္က ၂၀၁၂ မွာ ေဟာ္လန္လိဂ္ကို ေရာက္ရွိလာခဲ့ျပီး ဟီရန္ဗင္းအတြက္ကစားေပးခဲ့ပါတယ္။ တြမ္တီးအတြက္ ၂ႏွစ္ခြဲကစားေပးခဲ့ျပီးေနာက္ ေအဂ်က္ဇ္ကို ၂၀၁၆ မွာ ေျပာင္းေရႊ႕ခဲ့ျပီး သူ႔ေျခစြမ္းက အေကာင္းဆံုးအေနအထားျဖစ္လာခဲ့ပါတယ္။ ေအဂ်က္ဇ္ကို ေရာက္လာျပီးေနာက္ သူက လိဂ္ပြဲေပါင္း ၅၁ ပြဲကစားအျပီးမွာ ၃၈ ဂိုးသြင္းျပီး ၅၁ ၾကိမ္အထိ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ေအဂ်က္ဇ္မွာကစားခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ ဂိုးေပါင္း ၈၉ ဂိုးအထိ ပါ၀င္ပတ္သက္ႏိုင္ခဲ့ျပိး အျခားေသာကစားသမားေတြထက္ သာလြန္တဲ့ စြမ္းေဆင္ရည္ကို ျပသႏိုင္ခဲ့ကာ ၄၂၁ ၾကိမ္အထိ အခြင့္အေရးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

Hakim Ziyech, Ajax

ခ်န္ပီယံလိဂ္မွာဆိုဂရင္လည္း သူ႔ေျခစြမ္းေျခစက မေသးငယ္ခဲ့ပါဘူး။ ၂၀၁၈ ေနာက္ပိုင္း ဥေရာပျပိဳင္ပြဲေတြမ်ာ ၇ ၾကိမ္ဖန္တီးေပးထားႏိုင္ခဲ့လို႔ သူ႔ထက္သာလြန္တဲ့ကစားသမားေတြအျဖစ္ အသင္းေဖာ္တာဒစ္၊ ဘတ္ပီ၊ မာရက္ဇ္တို႔က ၈ ၾကိမ္စီနဲ႔ရွိခဲ့ျပီး မက္ဆီကလည္း သူ႔ထက္တစ္ၾကိမ္သာသာလြန္ေန ခဲ့ပါတယ္။ သြင္းဂိုးပါ၀င္ပတ္မႈမွာ မက္ဆိက ၂၀ ၾကိမ္ရရွိခ်ိန္မွာ ဇီယက္က ၁၂ ၾကိမ္ရွိခဲ့ျပီး ဆာလာထက္ တစ္ၾကိမ္၊ စတာလင္ထက္ ၂ၾကိမ္သာေလ်ာ့နည္းခဲ့ပါတယ္။ ဖန္တီးေပးမႈအပိုင္းမွာဆိုရင္ အဲရစ္ဆန္နဲ႔ ၃၉ၾကိမ္စီ တူညီေနခဲ့ျပီး တိုနီခရူစ္၊ တာဒစ္နဲ႔ မက္ဆီတို႔သာ သူ႔ထက္သာလြန္ေနခဲ့ပါတယ္။ ကမၻာေက်ာ္ကစားသမားေတြနဲ႔ သူ႔ရဲ႕စြမ္းေဆာင္ရည္က သိပ္ျပီးကြာဟခ်က္မရွိတာကို ျမင္ေတြ႔ရမွာပါ။

ဇီယက္က နယ္သာလန္လိဂ္မွာ ကစားခဲ့တဲ့ပြဲစုစုေပါင္းက ၂၁၇ ပြဲရွိျပီး ၇၉ ဂိုးသြင္းကာ ၈၇ ၾကိမ္ဖန္တီးေပးထားခဲ့ပါတယ္။ ျပီးခဲ့တဲ့ ေျခာက္ရာသီမွာ တစ္ရာသီကို အနည္းဆံုး ၁၀ၾကိမ္ဖန္တီးေပးထားခဲ့ျပီး ဒီလိုျပဳလုပ္ႏိုင္တဲ့ ကစားသမားမ်ိဳးက ႏွစ္ရာသီေတာင္မရွိခဲ့ပါဘးူ။ ဖန္တီးမႈ ၅၁ ၾကိမ္၊ ကန္သြင္းမႈ ၅၂၈ ၾကိမ္၊ အခြင့္အေရးဖန္တီးမႈ ၄၂၁ ၾကိမ္ နဲ႔ ဆြဲေျပးတာေအာင္ျမင္မႈ ၂၈၈ ၾကိမ္၊ ျပန္ဆယ္ယူႏိုင္မႈ ၇၅၂ၾကိမ္အထိ သူက ျပဳလုပ္ႏိုင္ခဲ့ျပီး သူ႔လိုဘယ္ကစားသမားကမွ မလုပ္ႏိုင္ခဲ့ပါဘူး။ ျပီးခဲ့တဲ့ ၂ရာသီအတြင္း ခ်န္ပီယံလိဂ္မွာ ဇီယက္ထက္ ဂိုးကန္သြင္းခြင့္ပိုရခဲ့တဲ့ ကစားသမားေတြအျဖစ္ ဆာလာ နဲ႔ မက္ဆီတို႔သာရွိခဲ့ျပီး ဇီယက္က ၇၅ ၾကိမ္ကန္သြင္းကာ ေရာ္နယ္ဒိုနဲ႔ တူညီေနခဲ့ပါတယ္။

Unicode

အေဂျက်ဇ်ကွင်းလယ်တိုက်စစ်ကစားသမားဇီယက်ကတော့ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့သဘောတူညီမှုရလုနီးပါးဖြစ်နေပြီလို့ သိရပါတယ်။ မော်ရိုကိုလက်ရွေးစင်က အေဂျက်ဇ်နဲ့အတူ တောက်ပလာခဲ့ပြီး ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ လာမယ့်ရာသီမှာ သူ့ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ မြင်တွေ့ရဖို့ နီးစပ်နေပါပြီ။ သူ့အတွက် ချယ်လ်ဆီးက ပေါင် ၃၈ သန်းအထိ ပေးချေရမယ်လို့ သိရပြီး အဆိုပါပမာဏကို ပေးချေရမယ့် ဇီယက်ရဲ့ ခြေစွမ်းပိုင်းနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို လေ့လာကြည့်ရအောင်။

ဇီယက်က ၂၀၁၂ မှာ ဟော်လန်လိဂ်ကို ရောက်ရှိလာခဲ့ပြီး ဟီရန်ဗင်းအတွက်ကစားပေးခဲ့ပါတယ်။ တွမ်တီးအတွက် ၂နှစ်ခွဲကစားပေးခဲ့ပြီးနောက် အေဂျက်ဇ်ကို ၂၀၁၆ မှာ ပြောင်းရွှေ့ခဲ့ပြီး သူ့ခြေစွမ်းက အကောင်းဆုံးအနေအထားဖြစ်လာခဲ့ပါတယ်။ အေဂျက်ဇ်ကို ရောက်လာပြီးနောက် သူက လိဂ်ပွဲပေါင်း ၅၁ ပွဲကစားအပြီးမှာ ၃၈ ဂိုးသွင်းပြီး ၅၁ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အေဂျက်ဇ်မှာကစားခဲ့တဲ့ သက်တမ်းတစ်လျှောက် ဂိုးပေါင်း ၈၉ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့ပြိး အခြားသောကစားသမားတွေထက် သာလွန်တဲ့ စွမ်းဆေင်ရည်ကို ပြသနိုင်ခဲ့ကာ ၄၂၁ ကြိမ်အထိ အခွင့်အရေးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာဆိုဂရင်လည်း သူ့ခြေစွမ်းခြေစက မသေးငယ်ခဲ့ပါဘူး။ ၂၀၁၈ နောက်ပိုင်း ဥရောပပြိုင်ပွဲတွေမျာ ၇ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့လို့ သူ့ထက်သာလွန်တဲ့ကစားသမားတွေအဖြစ် အသင်းဖော်တာဒစ်၊ ဘတ်ပီ၊ မာရက်ဇ်တို့က ၈ ကြိမ်စီနဲ့ရှိခဲ့ပြီး မက်ဆီကလည်း သူ့ထက်တစ်ကြိမ်သာသာလွန်နေ ခဲ့ပါတယ်။ သွင်းဂိုးပါဝင်ပတ်မှုမှာ မက်ဆိက ၂၀ ကြိမ်ရရှိချိန်မှာ ဇီယက်က ၁၂ ကြိမ်ရှိခဲ့ပြီး ဆာလာထက် တစ်ကြိမ်၊ စတာလင်ထက် ၂ကြိမ်သာလျော့နည်းခဲ့ပါတယ်။ ဖန်တီးပေးမှုအပိုင်းမှာဆိုရင် အဲရစ်ဆန်နဲ့ ၃၉ကြိမ်စီ တူညီနေခဲ့ပြီး တိုနီခရူစ်၊ တာဒစ်နဲ့ မက်ဆီတို့သာ သူ့ထက်သာလွန်နေခဲ့ပါတယ်။ ကမ္ဘာကျော်ကစားသမားတွေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်က သိပ်ပြီးကွာဟချက်မရှိတာကို မြင်တွေ့ရမှာပါ။

ဇီယက်က နယ်သာလန်လိဂ်မှာ ကစားခဲ့တဲ့ပွဲစုစုပေါင်းက ၂၁၇ ပွဲရှိပြီး ၇၉ ဂိုးသွင်းကာ ၈၇ ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခြောက်ရာသီမှာ တစ်ရာသီကို အနည်းဆုံး ၁ဝကြိမ်ဖန်တီးပေးထားခဲ့ပြီး ဒီလိုပြုလုပ်နိုင်တဲ့ ကစားသမားမျိုးက နှစ်ရာသီတောင်မရှိခဲ့ပါဘူး။ ဖန်တီးမှု ၅၁ ကြိမ်၊ ကန်သွင်းမှု ၅၂၈ ကြိမ်၊ အခွင့်အရေးဖန်တီးမှု ၄၂၁ ကြိမ် နဲ့ ဆွဲပြေးတာအောင်မြင်မှု ၂၈၈ ကြိမ်၊ ပြန်ဆယ်ယူနိုင်မှု ၇၅၂ကြိမ်အထိ သူက ပြုလုပ်နိုင်ခဲ့ပြီး သူ့လိုဘယ်ကစားသမားကမှ မလုပ်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂ရာသီအတွင်း ချန်ပီယံလိဂ်မှာ ဇီယက်ထက် ဂိုးကန်သွင်းခွင့်ပိုရခဲ့တဲ့ ကစားသမားတွေအဖြစ် ဆာလာ နဲ့ မက်ဆီတို့သာရှိခဲ့ပြီး ဇီယက်က ၇၅ ကြိမ်ကန်သွင်းကာ ရော်နယ်ဒိုနဲ့ တူညီနေခဲ့ပါတယ်။

မွတ္ခ်က္မ်ား။