ဂ်ရတ္ကို အငွားနဲ႔ေခၚယူမွာမဟုတ္ဘူးလို႔ လီဗာပူးလ္အတည္ျပဳ

Mignolet ‘no regrets’ leaving Liverpool and foresaw their success

လီဗာပူးလ္အသင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ပီတာမိုးက သူတို႔အေနနဲ႔ စတီဗင္ဂ်ရတ္ကို အငွားျပန္လည္ေခၚယူျပီးေတာ့ ပရီးမီးယားလိဂ္ဖလားကိုင္ေျမွာက္ေစမွာမဟုတ္ဘူးလို႔ အတည္ျပဳေျပာဆိုလိုက္ပါတယ္။ ဒီရာသီပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ဖို႔ ေသခ်ာသေလာက္ျဖစ္ေနခ်ိန္မွာ လီဗာပူးလ္ပရိသတ္ေတြက သူတို႔အသင္းေခါင္းေဆာင္ေဟာင္းကို အငွားနဲ႔ေခၚယူဖို႔ ေတာင္းဆိုေနခဲ့ၾကတာျဖစ္ပါတယ္။

The Amazing Jadon Sancho

ဂ်ရတ္ကေတာ့ လီဗာပူးလ္မွာ သူ႔ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္လံုးနီးပါးကို ကုန္ဆံုးေစခဲ့သူျဖစ္ျပီး အသင္းနဲ႔အတူ အမွတ္ေပးဖလားရရွိခဲ့ျခင္းမရွိခဲ့သူလည္းျဖစ္ပါတယ္။ အသင္းရဲ႕ဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္ကာ ပရိသတ္အခ်စ္ေတာ္လည္းျဖစ္ခဲ့တဲ့ ဂ်ရတ္ကို အသင္းပရိသတ္ေတြက ဆုဖလားကိုင္ေျမွာက္ေစခ်င္တဲ့ ဆႏၵရွိေနတာေၾကာင့္ ေခၚယူဖို႔ တြစ္တာေပၚမွာ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီတာမိုးက “ သူ႔ကို ေခၚယူမယ္ဆိုရင္ အသင္းရဲ႕လူစာရင္းက ဘယ္ကစားသမားကို ေလွ်ာ့ခ်ရမွာလဲ၊ သူက အခု အျခားအသင္းတစ္ခုမွာ နည္းျပအျဖစ္လုပ္ကိုင္ေနတာပါ၊ သူ႔ရဲ႕နည္းျပဘ၀စြမ္းေဆာင္ရည္အတြက္ ကၽြန္ေတာ္တို႔ ဂုဏ္ယူပါတယ္၊ သူ႔အေပၚမွာလည္းခ်စ္မင္မႈရွိပါတယ္၊ ဒါေပမယ့္ ငါးရက္ေလာက္စာခ်ဳပ္ခ်ဳပ္ျပီး ဆုဖလားရရွိေစဖို႔ကေတာ့ မျဖစ္ႏိုင္ပါဘူး’ လုိ႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ကေတာ့ ဒီရာသီပရီးမီးယားလိဂ္လက္က်န္ပြဲ ၁၃ပြဲအလိုမွာပဲ ဒုတိယေနရာကမန္စီးတီးကို ၂၂မွတ္အထိ ျဖတ္ေတာက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္က်န္ပြဲစဥ္ေတြထဲက ၆ ပြဲသာအႏိုင္ရရွိရံုနဲ႔ အမွတ္ေပးဖလားကို ဆြတ္ခူးႏိုင္ေတာ့မွာျဖစ္ျပီး ဒါဟာ ႏွစ္ေပါင္း ၃၀အတြင္းမွာ ပရီးမီးယားလိဂ္ဖလားကို ပထမဆံုးအၾကိမ္ရယူႏိုင္မွာလည္းျဖစ္ပါတယ္။

Unicode

လီဗာပူးလ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ပီတာမိုးက သူတို့အနေနဲ့ စတီဗင်ဂျရတ်ကို အငှားပြန်လည်ခေါ်ယူပြီးတော့ ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်စေမှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ သေချာသလောက်ဖြစ်နေချိန်မှာ လီဗာပူးလ်ပရိသတ်တွေက သူတို့အသင်းခေါင်းဆောင်ဟောင်းကို အငှားနဲ့ခေါ်ယူဖို့ တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။

ဂျရတ်ကတော့ လီဗာပူးလ်မှာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးနီးပါးကို ကုန်ဆုံးစေခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ အမှတ်ပေးဖလားရရှိခဲ့ခြင်းမရှိခဲ့သူလည်းဖြစ်ပါတယ်။ အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ကာ ပရိသတ်အချစ်တော်လည်းဖြစ်ခဲ့တဲ့ ဂျရတ်ကို အသင်းပရိသတ်တွေက ဆုဖလားကိုင်မြှောက်စေချင်တဲ့ ဆန္ဒရှိနေတာကြောင့် ခေါ်ယူဖို့ တွစ်တာပေါ်မှာ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီတာမိုးက “ သူ့ကို ခေါ်ယူမယ်ဆိုရင် အသင်းရဲ့လူစာရင်းက ဘယ်ကစားသမားကို လျှော့ချရမှာလဲ၊ သူက အခု အခြားအသင်းတစ်ခုမှာ နည်းပြအဖြစ်လုပ်ကိုင်နေတာပါ၊ သူ့ရဲ့နည်းပြဘဝစွမ်းဆောင်ရည်အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်၊ သူ့အပေါ်မှာလည်းချစ်မင်မှုရှိပါတယ်၊ ဒါပေမယ့် ငါးရက်လောက်စာချုပ်ချုပ်ပြီး ဆုဖလားရရှိစေဖို့ကတော့ မဖြစ်နိုင်ပါဘူး’ လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ကတော့ ဒီရာသီပရီးမီးယားလိဂ်လက်ကျန်ပွဲ ၁၃ပွဲအလိုမှာပဲ ဒုတိယနေရာကမန်စီးတီးကို ၂၂မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေထဲက ၆ ပွဲသာအနိုင်ရရှိရုံနဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၃ဝအတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ရယူနိုင်မှာလည်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။