ဇီယက္ကို ေခၚယူႏိုင္ခဲ့ျပီလုိ႔ ခ်ယ္လ္ဆီးအတည္ျပဳ

Mignolet ‘no regrets’ leaving Liverpool and foresaw their success

ခ်ယ္လ္ဆီးအသင္းဟာ ေအဂ်က္ဇ္ကြင္းလယ္တိုက္စစ္ကစားသမားဇီယက္ကို ေခၚယူႏိုုင္ခဲ့ျပီလို႔ တရား၀င္အတည္ျပဳခဲ့ျပိးျဖစ္ပါတယ္။ ေအဂ်က္ဇ္အသင္းကလည္း အတည္ျပဳသြားခဲ့ျပီး ဇီယက္ကို လာမယ့္ရာသီမွာ ခ်ယ္လ္ဆီးကစားသမားအျဖစ္နဲ႔ ျမင္ေတြ႔ရေတာ့မွာလည္း ျဖစ္ပါတယ္။

Kevin Trapp’s Top 5 Saves of the 2019/20 Bundesliga season so far

ဇီယက္အတြက္ ခ်ယ္လ္ဆီးက ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၇.၈သန္းအထိ အသံုးျပဳရမယ္လုိ႔ သိရပါတယ္။ ေမာ္ရိုကိုလက္ေရြးစင္ကစားသမားဟာ ေအဂ်က္ဇ္ရဲ႕ ျပီးခဲ့တဲ့ရာသီေအာင္ျမင္မႈေတြမွာ အဓိကက်တဲ့ကစားသမားအျဖစ္ပါ၀င္ခဲ့ျပီး ျပည္တြင္းဆုဖလားႏွစ္လံုး ရရွိခဲ့ကာ ခ်န္ပီယံလိ္ဂ္ဆီမီးဖိုင္နယ္အဆင့္ထိ ေရာက္ရွိခဲ့ပါတယ္။

ဇီယက္ကေတာ့ လမ္းပတ္လက္ထက္မွာ ခ်ယ္လ္ဆီးအသင္းအတြက္ ပထမဆံုးေခၚယူတဲ့ကစားသမားျဖစ္လာခဲ့ျပီျဖစ္ပါတယ္။ “ ခ်ယ္လ္ဆီးနဲ႔ ေအဂ်က္ဇ္တို႔က ေႏြရာသီမွာ ဇီယက္ကိုေခၚယူဖို႔အတြက္ သေဘာတူညီမႈရရွိခဲ့ပါတယ္၊ ကစားသမားနဲ႔လည္း သေဘာတူညီမႈရရွိခဲ့ျပီး ရာသီကုန္ထိ သူက လက္ရွိအသင္းမွာဆက္လက္ကစားေနမွာပါ” လို႔ ခ်ယ္လ္ဆီးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဇီယက္အေနနဲ႔ ဒီရာသီမွာ အငသ္းအတြက္ သြင္းဂိုး ၈ ဂိုးနဲ႔ ဖန္တီးမႈ ၁၈ ၾကိမ္ျပဳလုပ္ေပးထားပါတယ္။ လာမယ့္ရာသီမွာ ခ်ယ္လ္ဆီးအသင္းအတြက္ သူ ဘယ္ေလာက္ထိ ေျခစြမ္းျပႏိုင္မလဲဆိုတာက စိ္တ္၀င္စားစရာျဖစ္ေနျပီး လမ္းပတ္ရဲ႕ေရြးခ်ယ္မႈမွန္ကန္မလားဆိုတာကိုလည္း ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Unicode

ချယ်လ်ဆီးအသင်းဟာ အေဂျက်ဇ်ကွင်းလယ်တိုက်စစ်ကစားသမားဇီယက်ကို ခေါ်ယူနိုုင်ခဲ့ပြီလို့ တရားဝင်အတည်ပြုခဲ့ပြိးဖြစ်ပါတယ်။ အေဂျက်ဇ်အသင်းကလည်း အတည်ပြုသွားခဲ့ပြီး ဇီယက်ကို လာမယ့်ရာသီမှာ ချယ်လ်ဆီးကစားသမားအဖြစ်နဲ့ မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

ဇီယက်အတွက် ချယ်လ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် ၃၇.၈သန်းအထိ အသုံးပြုရမယ်လို့ သိရပါတယ်။ မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ အေဂျက်ဇ်ရဲ့ ပြီးခဲ့တဲ့ရာသီအောင်မြင်မှုတွေမှာ အဓိကကျတဲ့ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ပြည်တွင်းဆုဖလားနှစ်လုံး ရရှိခဲ့ကာ ချန်ပီယံလိ်ဂ်ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။

ဇီယက်ကတော့ လမ်းပတ်လက်ထက်မှာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးခေါ်ယူတဲ့ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ “ ချယ်လ်ဆီးနဲ့ အေဂျက်ဇ်တို့က နွေရာသီမှာ ဇီယက်ကိုခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပါတယ်၊ ကစားသမားနဲ့လည်း သဘောတူညီမှုရရှိခဲ့ပြီး ရာသီကုန်ထိ သူက လက်ရှိအသင်းမှာဆက်လက်ကစားနေမှာပါ” လို့ ချယ်လ်ဆီးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇီယက်အနေနဲ့ ဒီရာသီမှာ အငသ်းအတွက် သွင်းဂိုး ၈ ဂိုးနဲ့ ဖန်တီးမှု ၁၈ ကြိမ်ပြုလုပ်ပေးထားပါတယ်။ လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် သူ ဘယ်လောက်ထိ ခြေစွမ်းပြနိုင်မလဲဆိုတာက စိ်တ်ဝင်စားစရာဖြစ်နေပြီး လမ်းပတ်ရဲ့ရွေးချယ်မှုမှန်ကန်မလားဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။