ပရီးမီးယားလိဂ္ေရာက္ အေကာင္းဆံုးအာဖရိကကစားသမား ၃ ဦး

Mignolet ‘no regrets’ leaving Liverpool and foresaw their success

လာမယ့္ရာသီအတြက္ ခ်ယ္လ္ဆီးက ေမာ္ရိုကိုလက္ေရြးစင္ဇီယက္ကို ေအဂ်က္ဇ္ကေန ေခၚယူလိုက္ႏိုင္ျပီျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ အာဖရိကသားအတြက္ ခ်ယ္လ္ဆီးက ယူရို ၄၅သန္းသံုးစြဲခဲ့ရျပီး စတန္းဖို႔ဘရစ္ခ်္မွာ ေအာင္ျမင္မလားဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ အရည္အေသြးျမင့္အာဖရိကကစားသမားတစ္ဦး ပရီးမီးယားလိဂ္ကို ေရာက္ရွိလာေတာ့မွာျဖစ္ျပီး ဒီအရင္ေရာက္ရွိခဲ့တဲ့ အာဖရိကသားေတြထဲက အေကာင္းဆံုးကစားသမား ၃ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

Kevin Trapp’s Top 5 Saves of the 2019/20 Bundesliga season so far

၃။ အက္ဆီယန္

ခ်ယ္လ္ဆီးကစားသမားေဟာင္းအက္ဆီယန္က ပရီးမီးယားလိဂ္သမိုင္းမွာ ထင္မွတ္ထားတာထက္ ေျခစြမ္းျပႏိုင္တဲ့ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးက သူ႔ကို ၂၀၀၅ ခုနွစ္မွာ လိုင္ယြန္ကေန ေခၚယူခဲ့တာျဖစ္ျပီး ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္ ၂၄.၄သန္းအထိ ေပးခဲ့ရတာပါ။ ေမာ္ရင္ဟိုစိတ္ၾကိဳက္ ကြင္းလယ္ခံစစ္လူျဖစ္ျပီးေတာ့ မက္ခီလီလီ၊ လမ္းပတ္တို႔နဲ႔တြဲဖက္ျပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ပါတယ္။ ညာေနာက္ခံ၊ ဗဟိုေနာက္ခံလူေနရာေတြမွာလည္း ကစားႏိုင္တဲ့ အက္ဆီယန္က အျပင္းကန္သြင္းခ်က္ေတြနဲ႔လည္း နာမည္ရခဲ့သူျဖစ္ပါတယ္။ ခ်ယ္လ္ဆီးမွာေတာ့ အက္ဆီယန္က အဓိကကြင္းလယ္လူအျဖစ္ ႏွစ္အတန္ၾကာကစားေပးႏိုင္ခဲ့ျပီး ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။

၂။ ယာယာတိုေရး

ဘာစီလိုနာကေန မန္စီးတီးကို ေျပာင္ေးရႊ႕ခဲ့ျပီးေတာ့ ၈ ႏွစ္ၾကာကစားခဲ့တဲ့ ယာယာတိုေရးကလည္း ပရီးမီးယားလိဂ္မွာ ျခြင္းခ်က္မရွိအေကာင္းဆံုးကြင္းလယ္လူတစ္ဦးျဖစ္ခဲ့ပါတယ္။ မန္စီးတီးရဲ႕ေအာင္ျမင္မႈေတြမွာ အဓိကေနရာကေန ပါ၀င္ခဲ့သူျဖစ္ျပီးေတာ့ မရွိမျဖစ္အေရးပါတဲ့ ကစားသမားလည္းျဖစ္ပါတယ္။ ျမန္ဆန္ျပီးေတာ့ ၾက့့ံခို္င္မႈေကာင္းမြန္တဲ့ ဒီကစားသမားက ဘာစီလိုနာမွာရရွိခဲ့တဲ့ အေတြ႔အၾကံဳေတြကို ေပါင္းစပ္ျပီး မန္စီးတီးရဲ႕ ကြင္းလယ္မွာ သူမပါ၀င္ရင္ မျဖစ္ေလာက္ေအာင္ကို ေျခစြမ္းျပခဲ့တာပါ။ အလြတ္တည္ကန္ေဘာေတြကတဆင့္ ဂိုးသြင္းယူႏိုင္ျပီး ကြင္းလယ္ကေန ဆြဲေျပးကာ အျပင္းကန္သြင္းယူတဲ့ ဟန္ပန္က သူ႔ရဲ႕မူပိုင္ပါပဲ။ အာဖရိကအေကာင္းဆံုးကစားသမားဆုကို ေလးၾကိမ္တိတိရရွိခဲ့တဲ့ ကစားသမားလည္းျဖစ္ပါတယ္။

၁။ ဒေရာ့ဘာ

ေမာ္ရင္ဟိုပဲ ေခၚယူခဲ့တဲ့ ခ်ယ္လ္ဆီးတိုက္စစ္မွဴးက ပရီးမီးယားလိဂ္မွာ လွ်မ္းလွ်မ္းေတာက္ေက်ာ္ၾကားခဲ့ျပီး အေကာင္းဆံုးတိုက္စစ္မွဴး၊ ဂႏၳ၀င္တိုက္စစ္မွဴးျဖစ္ခဲ့ပါတယ္။ အဆံုးသတ္ပိုင္းေကာင္းမြန္မႈ၊ ေနရာယူပံုေကင္းမြန္မႈနဲ႔အျမင့္ေဘာပိုင္ႏိုင္မႈေတြေၾကာင့္ ဒေရာ့ဘာက ထိန္းခ်ဳပ္ရခက္တဲ့ တိုက္စစ္မွဴးျဖစ္ခဲ့ပါတယ္။ မာေဆးလ္ကေန ေရာက္လာခဲ့ခ်ိန္မွာ သူ႔ကို ဘယ္သူကမွ အထင္မၾကီးခဲ့ပါဘူး။ ေမာ္ရင္ဟို ေခၚယူခဲ့တဲ့ တိုက္စစ္မွဴးရဲ႕ေျခစြမ္းကို အထင္ေသးမႈေတြသာ ရွိေနခဲ့တာပါ။ ဒါေပမယ့္ ခ်ယ္လ္ဆီးနဲ႔အတူ ဒေရာ့ဘာေတာက္ပလာမႈက ျမန္ဆန္ခဲ့ျပီး အားလံုးရဲ႕အျမင္ကို ေျပာင္းျပန္လွန္ပစ္ႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ လာကစားခဲ့တဲ့ အာဖရိကကစားသမားေတြထဲမွာ အေကာင္းဆံုးလို႔ေတာင္မွ သတ္မွတ္ခံရတဲ့အေနအထားအထိ ျဖစ္လာခဲ့ပါတယ္။

Unicode

လာမယ့်ရာသီအတွက် ချယ်လ်ဆီးက မော်ရိုကိုလက်ရွေးစင်ဇီယက်ကို အေဂျက်ဇ်ကနေ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အာဖရိကသားအတွက် ချယ်လ်ဆီးက ယူရို ၄၅သန်းသုံးစွဲခဲ့ရပြီး စတန်းဖို့ဘရစ်ချ်မှာ အောင်မြင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အရည်အသွေးမြင့်အာဖရိကကစားသမားတစ်ဦး ပရီးမီးယားလိဂ်ကို ရောက်ရှိလာတော့မှာဖြစ်ပြီး ဒီအရင်ရောက်ရှိခဲ့တဲ့ အာဖရိကသားတွေထဲက အကောင်းဆုံးကစားသမား ၃ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၃။ အက်ဆီယန်

ချယ်လ်ဆီးကစားသမားဟောင်းအက်ဆီယန်က ပရီးမီးယားလိဂ်သမိုင်းမှာ ထင်မှတ်ထားတာထက် ခြေစွမ်းပြနိုင်တဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးက သူ့ကို ၂၀၀၅ ခုနှစ်မှာ လိုင်ယွန်ကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၂၄.၄သန်းအထိ ပေးခဲ့ရတာပါ။ မော်ရင်ဟိုစိတ်ကြိုက် ကွင်းလယ်ခံစစ်လူဖြစ်ပြီးတော့ မက်ခီလီလီ၊ လမ်းပတ်တို့နဲ့တွဲဖက်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ညာနောက်ခံ၊ ဗဟိုနောက်ခံလူနေရာတွေမှာလည်း ကစားနိုင်တဲ့ အက်ဆီယန်က အပြင်းကန်သွင်းချက်တွေနဲ့လည်း နာမည်ရခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးမှာတော့ အက်ဆီယန်က အဓိကကွင်းလယ်လူအဖြစ် နှစ်အတန်ကြာကစားပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

၂။ ယာယာတိုရေး

ဘာစီလိုနာကနေ မန်စီးတီးကို ပြောင်ေးရွှ့ခဲ့ပြီးတော့ ၈ နှစ်ကြာကစားခဲ့တဲ့ ယာယာတိုရေးကလည်း ပရီးမီးယားလိဂ်မှာ ခြွင်းချက်မရှိအကောင်းဆုံးကွင်းလယ်လူတစ်ဦးဖြစ်ခဲ့ပါတယ်။ မန်စီးတီးရဲ့အောင်မြင်မှုတွေမှာ အဓိကနေရာကနေ ပါဝင်ခဲ့သူဖြစ်ပြီးတော့ မရှိမဖြစ်အရေးပါတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ မြန်ဆန်ပြီးတော့ ကြ့့ံခို်င်မှုကောင်းမွန်တဲ့ ဒီကစားသမားက ဘာစီလိုနာမှာရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး မန်စီးတီးရဲ့ ကွင်းလယ်မှာ သူမပါဝင်ရင် မဖြစ်လောက်အောင်ကို ခြေစွမ်းပြခဲ့တာပါ။ အလွတ်တည်ကန်ဘောတွေကတဆင့် ဂိုးသွင်းယူနိုင်ပြီး ကွင်းလယ်ကနေ ဆွဲပြေးကာ အပြင်းကန်သွင်းယူတဲ့ ဟန်ပန်က သူ့ရဲ့မူပိုင်ပါပဲ။ အာဖရိကအကောင်းဆုံးကစားသမားဆုကို လေးကြိမ်တိတိရရှိခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

၁။ ဒရော့ဘာ

မော်ရင်ဟိုပဲ ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူးက ပရီးမီးယားလိဂ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့ပြီး အကောင်းဆုံးတိုက်စစ်မှူး၊ ဂန္ထဝင်တိုက်စစ်မှူးဖြစ်ခဲ့ပါတယ်။ အဆုံးသတ်ပိုင်းကောင်းမွန်မှု၊ နေရာယူပုံကေင်းမွန်မှုနဲ့အမြင့်ဘောပိုင်နိုင်မှုတွေကြောင့် ဒရော့ဘာက ထိန်းချုပ်ရခက်တဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပါတယ်။ မာဆေးလ်ကနေ ရောက်လာခဲ့ချိန်မှာ သူ့ကို ဘယ်သူကမှ အထင်မကြီးခဲ့ပါဘူး။ မော်ရင်ဟို ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးရဲ့ခြေစွမ်းကို အထင်သေးမှုတွေသာ ရှိနေခဲ့တာပါ။ ဒါပေမယ့် ချယ်လ်ဆီးနဲ့အတူ ဒရော့ဘာတောက်ပလာမှုက မြန်ဆန်ခဲ့ပြီး အားလုံးရဲ့အမြင်ကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ လာကစားခဲ့တဲ့ အာဖရိကကစားသမားတွေထဲမှာ အကောင်းဆုံးလို့တောင်မှ သတ်မှတ်ခံရတဲ့အနေအထားအထိ ဖြစ်လာခဲ့ပါတယ်။

မွတ္ခ်က္မ်ား။