ယူနိုက်တက်ကို ရောင်းချသွားဖို့ ဈေးနှုန်းသတ်မှတ်ဖွယ်ရှိနေတဲ့ ဂလေဇာမိသားစု
Mignolet ‘no regrets’ leaving Liverpool and foresaw their success
Transgender player signed by women’s first division club in Argentina
Unicode
မန်ချက်စတာယူနိုက်တက်အသင်းကိုပိုင်ဆိုင်ထားတဲ့ ဂလေဇာမိသားစုကတော့ အသင်းကို ပြန်လည်ရောင်းဖို့အတွက် စီစဉ်နေပြီလို့ သိရပါတယ်။ ပေါင် ၂ဘီလီယံနဲ့အထက် ရရှိမယ်ဆိုပါက ဂလေဇာမိသားစုက လက်လွှဲရောင်းချသွားဖို့ ဆုံးဖြတ်ထားတယ်လို့ အင်္ဂလန်သတင်းစာ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။
ဂလေဇာမိသားစုက ပေါင် ၂.၄ ဘီလီယံရရှိဖို့အထိ ရည်ရွယ်ထားတယ်လို့ သိရပြီး ဘဏ္ဍာရေးကျွမ်းကျင်သူတွေကတော့ အရှေ့အလယ်ပိုင်းဒေသက ကြွယ်ဝချမ်းသာသူတွေက အမေရိကန်သူဌေးတွေဆီက လက်လွှဲဝယ်ယူနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ အထူးသဖြင့် ဆော်ဒီက ကြွယ်ဝချမ်းသာသူတွေက ပိုမိုဖြစ်နိုင်ချေရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ဂလေးဇာမိသားစုဟာ ယူနိုက်တက်ကို ၂၀၀၅ ခုနှစ်မှာ ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ကြီးမားတဲ့အမြတ်အစွန်းရရှိဖို့အတွက် မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒီသတင်းက စိတ်လှုပ်ရှားစရာကောင်းလာခဲ့ပြီး ဂလေဇာမိသားစုရဲ့ အသင်းအပေါ် ကိုင်တွယ်ချယ်လှယ်မှုတွေကို မကျေမနပ်ဖြစ်နေခဲ့မှုတွေအတွက် ကျေနပ်စရာအခြေအနေတစ်ခုဖြစ်လာဖို့ နီးစပ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းမှာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ဆော်ဒီမင်းသားဘင်ဆယ်လ်မန်က နှစ်ကြိမ်တိတိကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အသငး်ကို ရောင်းချဖို့အတွက်တော့ တစ်စုံတစ်ရာသဘောတူညီမှုရယူနိုင်ခဲ့ခြင်းမရှိဘဲ ကောလာဟလသတင်းတစ်ခုအဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။
မွတ္ခ်က္မ်ား။