ခ်ယ္လ္ဆီးမွာ ဇီယက္ကို လမ္းပတ္ အသံုးျပဳႏိုင္တဲ့ ေနရာ (၃)ခု

Mignolet ‘no regrets’ leaving Liverpool and foresaw their success

ခ်ယ္လ္ဆီးကေတာ့ လာမယ့္ေႏြရာသီအတြက္ ေအဂ်က္ဇ္တိုက္စစ္ကစားသမား ဇီယက္ကို ယူရို ၄၅သန္းနဲ႔ ေခၚယူႏိုင္ခဲ့ပါျပီ။ ဒါဟာ လမ္းပတ္အတြက္ ခ်ယ္လ္ဆီးနည္းျပဘ၀ ပထမဆံုးကစားသမားေခၚယူမႈလည္းျဖစ္ျပီးေတာ့ သူ ေငြေၾကးစတင္သံုးစြဲျပီလုိ႔ အခ်က္ေပးလိုက္တာလည္း ျဖစ္ပါတယ္။ ဇီယက္ေရာက္ရွိလာမႈနဲ႔အတူ ပက္ဒရို၊ ၀ီလီယံတို႔ အသင္းကထြက္ခြာဖို႔ကလည္း ေသခ်ာသေလာက္ရွိေနပါတယ္။ ဇီယက္က ကြင္းလယ္ပိုင္းေနရာစံုနဲ႔ ေတာင္ပံေနရာေတြမွာ ကစားႏိုင္သူျဖစ္ျပီး လမ္းပတ္လက္ေအာက္မွာ သူ႔ကို ဘယ္လိုပံုစံနဲ႔ ျမင္ေတြ႔ရမလဲဆိုတာက စိတ္၀င္စားဖြယ္ရာေကာင္းေနပါတယ္။

Kevin Trapp’s Top 5 Saves of the 2019/20 Bundesliga season so far

၁။ ညာေတာင္ပံ

ပထမဆံုးေနရာကေတာ့ ညာေတာင္ပံတုိက္စစ္ပါ။ ၄-၃-၃ ကစားကြက္က လမ္းပတ္ အၾကိဳက္ဆံုးကစားကြက္ျဖစ္ျပီး လက္ရွိမွာလည္း ဒီပံုစံကို အသံုးျပဳေနတာပါ။ တိုက္စစ္ပိုင္း ၃ဦးေနရာမွာ အိုဒြိဳင္ ဒါမွမဟုတ္ ပူလီဆစ္တို႔ကို ဘယ္ေတာင္ပံမွာထားရွိျပီး ေအဘရာဟမ္ကို အေထာင္တိုက္စစ္မွဴးအျဖစ္ထားျပီး ဘယ္သန္ကစားသမား ဇီယက္ကိုေတာ့ ညာေတာင္ပံမွာထားရွိဖို႔ လမ္းပတ္က ၾကံစည္ႏိုင္ပါတယ္။ ဇီယက္က ဧရိယာအတြင္းထဲအထိ၀င္ေရာက္ကစားႏိုင္သူျဖစ္ျပီးေတာ့ ဒီအေျခအေနကို လမ္းပတ္က အသံုးျပဳႏိုင္ပါတယ္။ ဇီရက္အတြက္လည္း ဒီလိုကစားေပးရမွာက အခက္အခဲမရွိေလာက္ပါဘူး။

၂။ No 10 Role

ဇီယက္ကို တျခားေနရာတစ္ခုမွာ အသံုးျပဳမယ္ဆိုရင္ လမ္းပတ္က ၄-၂-၃-၁ ကစားကြက္မွာ No 10 Role ေနရာကစားေစပါလိမ့္မယ္။ ေမာ္ရိုကိုသားက ေအဂ်က္ဇ္မွာလည္း တန္ဟက္ရဲ႕ ညႊန္ၾကားမႈနဲ႔ အဲဒီေနရာမွာ မၾကာခဏကစားဖူးျပီးေတာ့ ေျခစြမ္းျပႏိုင္ပါတယ္။ ကြင္းလယ္တိုက္စစ္ပိုင္းေနရာစံုမွာ လိုက္ျဖည့္ကစားျပီး အသင္းေဖာ္ေတြ ဂိုးသြင္းႏိုင္ဖို႔နဲ႔ သူကိုယ္တိုင္သြင္းယူႏိုင္ဖို႔ကို ဇီယက္က အားထုတ္ႏိုင္ပါတယ္။ ဇီယက္က No 10 Role ေနရာမွာကစားျပီး သူ႔ရဲ႕လ်င္ျမန္မႈ၊ ေရြ႕လ်ားမႈ၊ အျမင္စူးရွမႈေတြနဲ႔ ျပိဳင္ဘက္ခံစစ္ကို ထိုးေဖာက္ႏိုင္သူပါ။ လက္ရွိခ်ယ္လ္ဆီးကစားသမားေမဆန္ေမာင့္ထက္ ဇီယက္က အဆိုပါေနရာမွာ ပိုျပီးေတာ့ သင့္ေတာ္ပါတယ္။

၃။ Wing Back

ပံုမွန္အားျဖင့္ Wing Back ဆိုတာက တိုက္စစ္နဲ႔ ခံစစ္ကို အတက္အဆင္းလိုက္ကစားေပးရတာပါ။ ဒါေပမယ့္ ခံစစ္ပိုင္းလိုက္ကူမႈမွာ အားနည္းတဲ့ ဇီယက္အတြက္ေတာ့ ခံစစ္ပိုင္းကို ကူဖို႔ထက္ တုိက္စစ္ကိုပဲ ပိုအားထည့္ကစားရမွာျဖစ္လို႔ Wing back စစ္စစ္မဟုတ္ဘူးလို႔ေတာ့ ေျပာရပါမယ္။ ဒီကစားကြက္မွာဆိုရင္ သူက ပိုျပီး လြတ္လြတ္လပ္လပ္ကစားႏိုင္မွာျဖစ္သလို ရီဆီဂ်ိမ္းစ္ နဲ႔ ရူဒီဂါတို႔ဆီက ေထာက္ပံ့မႈကို ရမွာျဖစ္ပါတယ္။ ထူးျခားတဲ့အတြဲအဖက္တစ္ခုကို ျမင္ေတြ႔ရမွာျဖစ္ျပီး ဘယ္ေလာက္ထိေျခစြမ္းျပနိုင္မလဲဆိုတာ ေစာင့္ၾကည့္
ရပါမယ္။

Unicode

ချယ်လ်ဆီးကတော့ လာမယ့်နွေရာသီအတွက် အေဂျက်ဇ်တိုက်စစ်ကစားသမား ဇီယက်ကို ယူရို ၄၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါပြီ။ ဒါဟာ လမ်းပတ်အတွက် ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးကစားသမားခေါ်ယူမှုလည်းဖြစ်ပြီးတော့ သူ ငွေကြေးစတင်သုံးစွဲပြီလို့ အချက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဇီယက်ရောက်ရှိလာမှုနဲ့အတူ ပက်ဒရို၊ ဝီလီယံတို့ အသင်းကထွက်ခွာဖို့ကလည်း သေချာသလောက်ရှိနေပါတယ်။ ဇီယက်က ကွင်းလယ်ပိုင်းနေရာစုံနဲ့ တောင်ပံနေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး လမ်းပတ်လက်အောက်မှာ သူ့ကို ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလဲဆိုတာက စိတ်ဝင်စားဖွယ်ရာကောင်းနေပါတယ်။

၁။ ညာတောင်ပံ

ပထမဆုံးနေရာကတော့ ညာတောင်ပံတိုက်စစ်ပါ။ ၄-၃-၃ ကစားကွက်က လမ်းပတ် အကြိုက်ဆုံးကစားကွက်ဖြစ်ပြီး လက်ရှိမှာလည်း ဒီပုံစံကို အသုံးပြုနေတာပါ။ တိုက်စစ်ပိုင်း ၃ဦးနေရာမှာ အိုဒွိုင် ဒါမှမဟုတ် ပူလီဆစ်တို့ကို ဘယ်တောင်ပံမှာထားရှိပြီး အေဘရာဟမ်ကို အထောင်တိုက်စစ်မှူးအဖြစ်ထားပြီး ဘယ်သန်ကစားသမား ဇီယက်ကိုတော့ ညာတောင်ပံမှာထားရှိဖို့ လမ်းပတ်က ကြံစည်နိုင်ပါတယ်။ ဇီယက်က ဧရိယာအတွင်းထဲအထိဝင်ရောက်ကစားနိုင်သူဖြစ်ပြီးတော့ ဒီအခြေအနေကို လမ်းပတ်က အသုံးပြုနိုင်ပါတယ်။ ဇီရက်အတွက်လည်း ဒီလိုကစားပေးရမှာက အခက်အခဲမရှိလောက်ပါဘူး။

၂။ No 10 Role

ဇီယက်ကို တခြားနေရာတစ်ခုမှာ အသုံးပြုမယ်ဆိုရင် လမ်းပတ်က ၄-၂-၃-၁ ကစားကွက်မှာ No 10 Role နေရာကစားစေပါလိမ့်မယ်။ မော်ရိုကိုသားက အေဂျက်ဇ်မှာလည်း တန်ဟက်ရဲ့ ညွှန်ကြားမှုနဲ့ အဲဒီနေရာမှာ မကြာခဏကစားဖူးပြီးတော့ ခြေစွမ်းပြနိုင်ပါတယ်။ ကွင်းလယ်တိုက်စစ်ပိုင်းနေရာစုံမှာ လိုက်ဖြည့်ကစားပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့နဲ့ သူကိုယ်တိုင်သွင်းယူနိုင်ဖို့ကို ဇီယက်က အားထုတ်နိုင်ပါတယ်။ ဇီယက်က No 10 Role နေရာမှာကစားပြီး သူ့ရဲ့လျင်မြန်မှု၊ ရွေ့လျားမှု၊ အမြင်စူးရှမှုတွေနဲ့ ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်နိုင်သူပါ။ လက်ရှိချယ်လ်ဆီးကစားသမားမေဆန်မောင့်ထက် ဇီယက်က အဆိုပါနေရာမှာ ပိုပြီးတော့ သင့်တော်ပါတယ်။

၃။ Wing Back

ပုံမှန်အားဖြင့် Wing Back ဆိုတာက တိုက်စစ်နဲ့ ခံစစ်ကို အတက်အဆင်းလိုက်ကစားပေးရတာပါ။ ဒါပေမယ့် ခံစစ်ပိုင်းလိုက်ကူမှုမှာ အားနည်းတဲ့ ဇီယက်အတွက်တော့ ခံစစ်ပိုင်းကို ကူဖို့ထက် တိုက်စစ်ကိုပဲ ပိုအားထည့်ကစားရမှာဖြစ်လို့ Wing back စစ်စစ်မဟုတ်ဘူးလို့တော့ ပြောရပါမယ်။ ဒီကစားကွက်မှာဆိုရင် သူက ပိုပြီး လွတ်လွတ်လပ်လပ်ကစားနိုင်မှာဖြစ်သလို ရီဆီဂျိမ်းစ် နဲ့ ရူဒီဂါတို့ဆီက ထောက်ပံ့မှုကို ရမှာဖြစ်ပါတယ်။ ထူးခြားတဲ့အတွဲအဖက်တစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး ဘယ်လောက်ထိခြေစွမ်းပြနိုင်မလဲဆိုတာ စောင့်ကြည့်
ရပါမယ်။

မွတ္ခ်က္မ်ား။