ခ်န္ပီယံလိဂ္ကစားခြင့္ ၂ႏွစ္ပိတ္ပင္ခံလို္က္ရတဲ့ မန္စီးတီး

Mignolet ‘no regrets’ leaving Liverpool and foresaw their success

ဘ႑ာေရးမွ်တစြာကစားေရးစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ မန္စီးတီးအသင္းကို ခ်န္ပီယံလိဂ္ျပိဳင္ပြဲ၀င္ေရာက္ကစားခြင့္ကေန ၂ႏွစ္ပိတ္ပင္လိုက္တယ္လုိ႔ ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္က တရား၀င္ေၾကညာလိုက္ျပီျဖစ္ပါတယ္။ လာမယ့္ေဘာလံုးရာသီက စတင္သြားမွာျဖစ္ျပီး ေပါင္သန္း ၃၀အထိ ဒဏ္ေၾကးေပးေဆာင္ရမယ္လို႔လ္ညး သိရပါတယ္။

Arteta on Arsenal’s ‘productive’ Dubai training camp

မန္စီးတီးအေနနဲ႔ ရရွိခဲ့တဲ့ ၀င္ေငြထက္ပိုမိုမ်ားျပားတဲ့ ေငြေၾကးသံုးစြဲမႈေတြကို ျပဳလုပ္ခဲ့တယ္လိ႔ု UEFA ရဲ႕ ဘ႑ာေရးထိန္းခ်ဳပ္မႈအဖြဲ႔က ေျပာဆိုခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ မန္စီးတီးကို ဥေရာပပြဲ၀င္ေရာက္ခြင့္ကေန ၂ႏွစ္အထိ ပိတ္ပင္သြားဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ျပီး မန္စီးတိးအသင္းကလည္း ဒီျပစ္ဒဏ္နဲ႔ပတ္သက္ကာ တရား၀င္တံု႔ျပန္မႈျပဳလုပ္ခဲ့ျပီး အယူခံ၀င္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

“ ဒီိကိစၥကို UEFA က စတင္ခဲ့တာပါ၊ တရားစြဲတာ၊ ျပစ္ဒဏ္ခ်မွတ္တာကလည္း သူတိ႔ုပါပဲ၊ အခုဆိုရင္ ဒါက အေျခအျမစ္မရွိဘဲ ဘက္လိုက္တဲ့ျဖစ္ရပ္တစ္ခုလိုျဖစ္ပြားသြားခဲ့ပါျပီ၊ မွန္ကန္မွ်တတဲ့ ဆံုးျဖတ္ခ်က္မ်ိဳးျဖစ္လာေစဖို႔အတြက္ အတတ္ႏိုင္ဆံုးၾကိဳးစား သြားမွာပါ၊ ႏိုင္ငံတကာအားကစားခံုရံုးကေန အခြင့္အေရးရသေလာက္ ျပန္ျပီးေတာ့ စတင္သြားဖို႔ေဆာင္ရြက္ေနပါျပီ” လုိ႔ မန္စီးတီးအသင္းက ေရးသားထုတ္ျပန္ခဲ့ပါတယ္။

မန္စီးတီးအေနနဲ႔ ဒီဘက္ပိုင္းႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပံုမွန္၀င္ေရာက္ကစားခြင့္ရရွိေနတဲ့ အသင္းျဖစ္ပါတယ္။ အခုလုိမ်ိဳး ပိတ္ပင္ခံခဲ့ရမႈက သူတို႔အသင္းအတြက္ေတာ့ ေငြေၾကးအက်ိဳးအျမတ္အရေရာ၊ အသင္းပံုရိပ္အရပါ ေတာ္ေတာ္ေလးထိခိုက္နစ္နာမွာျဖစ္ျပီး အသင္းရဲ႕ရပ္တည္မႈကိုပါ ဆိုး၀ါးတဲ့အက်ိဳးဆက္ေတြအထိ ျဖစ္လာႏိုင္ဖြယ္ရာရွိေနပါတယ္။

Unicode

ဘဏ္ဍာရေးမျှတစွာကစားရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ကစားခွင့်ကနေ ၂နှစ်ပိတ်ပင်လိုက်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ လာမယ့်ဘောလုံးရာသီက စတင်သွားမှာဖြစ်ပြီး ပေါင်သန်း ၃ဝအထိ ဒဏ်ကြေးပေးဆောင်ရမယ်လို့လ်ညး သိရပါတယ်။

မန်စီးတီးအနေနဲ့ ရရှိခဲ့တဲ့ ဝင်ငွေထက်ပိုမိုများပြားတဲ့ ငွေကြေးသုံးစွဲမှုတွေကို ပြုလုပ်ခဲ့တယ်လို့ UEFA ရဲ့ ဘဏ္ဍာရေးထိန်းချုပ်မှုအဖွဲ့က ပြောဆိုခဲ့ပါတယ်။ ဒီအတွက်ကြောင့် မန်စီးတီးကို ဥရောပပွဲဝင်ရောက်ခွင့်ကနေ ၂နှစ်အထိ ပိတ်ပင်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မန်စီးတိးအသင်းကလည်း ဒီပြစ်ဒဏ်နဲ့ပတ်သက်ကာ တရားဝင်တုံ့ပြန်မှုပြုလုပ်ခဲ့ပြီး အယူခံဝင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

“ ဒီိကိစ္စကို UEFA က စတင်ခဲ့တာပါ၊ တရားစွဲတာ၊ ပြစ်ဒဏ်ချမှတ်တာကလည်း သူတို့ပါပဲ၊ အခုဆိုရင် ဒါက အခြေအမြစ်မရှိဘဲ ဘက်လိုက်တဲ့ဖြစ်ရပ်တစ်ခုလိုဖြစ်ပွားသွားခဲ့ပါပြီ၊ မှန်ကန်မျှတတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်လာစေဖို့အတွက် အတတ်နိုင်ဆုံးကြိုးစား သွားမှာပါ၊ နိုင်ငံတကာအားကစားခုံရုံးကနေ အခွင့်အရေးရသလောက် ပြန်ပြီးတော့ စတင်သွားဖို့ဆောင်ရွက်နေပါပြီ” လို့ မန်စီးတီးအသင်းက ရေးသားထုတ်ပြန်ခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ ဒီဘက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံမှန်ဝင်ရောက်ကစားခွင့်ရရှိနေတဲ့ အသင်းဖြစ်ပါတယ်။ အခုလိုမျိုး ပိတ်ပင်ခံခဲ့ရမှုက သူတို့အသင်းအတွက်တော့ ငွေကြေးအကျိုးအမြတ်အရရော၊ အသင်းပုံရိပ်အရပါ တော်တော်လေးထိခိုက်နစ်နာမှာဖြစ်ပြီး အသင်းရဲ့ရပ်တည်မှုကိုပါ ဆိုးဝါးတဲ့အကျိုးဆက်တွေအထိ ဖြစ်လာနိုင်ဖွယ်ရာရှိနေပါတယ်။

မွတ္ခ်က္မ်ား။