အီဂါလိုက အသင္းကို အက်ိဳးျဖစ္ေစမယ္လုိ႔ ဆိုးလ္ရွားယံုၾကည္ေန

Mignolet ‘no regrets’ leaving Liverpool and foresaw their success

ယူႏိုက္တက္နည္းျပဆိုးလ္ရွားက အသစ္ေခၚယူထားတဲ့တိုက္စစ္မွဴးအီဂါလိုဟာ အသင္းအတြက္အက်ိဳးသက္ေရာက္မႈရွိမယ့္ ကစားသမားအျဖစ္ ခ်က္ခ်င္းျပသႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။ အီဂါလိုကေတာ့ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ရွန္ဟိုင္းရွန္ဟြာကေန အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။

Arteta on Arsenal’s ‘productive’ Dubai training camp

ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ျပသနာေၾကာင့္ အီဂါလိုက အသင္းနဲ႔အတူပူးေပါင္းေလ့က်င့္ရျခင္းမရွိေသးဘဲ တစ္ဦးတည္းသာသီးသန္႔ေလ့က်င့္ေနရတာျဖစ္ပါတယ္။ စပိန္ကိုထြက္ခြာခဲ့တဲ့ ေလ့က်င့္ခန္းခရီးစဥ္ကိုလည္း လြဲေခ်ာ္ခဲ့ျပီး မန္ခ်က္စတာမွာရွိတဲ့ တိုက္ကြမ္ဒိုကလပ္တစ္ခုမွာ ကိုယ္ပိုင္နည္းျပတစ္ဦးနဲ႔ အီဂါလိုက ေလ့က်င့္ေနခဲ့ရတာျဖစ္ပါတယ္။

ယူႏိုက္တက္ကေတာ့ ဒီတစ္ပတ္မွာ ခ်ယ္လ္ဆီးနဲ႔ အေ၀းကြင္းပြဲစဥ္အျဖစ္ကစားရမွာျဖစ္ပါတယ္။ အဆိုပါပြဲအတြက္ အီဂါလိုက အသင္းနဲ႔အတူ ပူးေပါင္းပါ၀င္လိမ့္မယ္လုိ႔ ဆိုးလ္ရွာကအတည္ျပဳခဲ့ျပီး အရန္ကစားသမားအျဖစ္ ထည့္သြင္းလာဖြယ္ရွိေနတာျဖစ္ျပီး အသင္းကို ကူညီေပးႏိုင္မယ္လို႔လည္း ဆိုးလ္ရွားက ေမွ်ာ္လင့္ေနပါတယ္။

“ သူ ကၽြန္ေတာ္တို႔နဲအတူ ပါ၀င္လာပါလိမ့္မယ္၊ အသင္းနဲ႔အတူလိုက္ပါရမွာပါ၊ သူ႔ရဲ႕ေစာင့္ၾကည့္ကာလကျပီးဆံုးသြားပါျပီ၊ သူက ကိုယ္ပိုင္ေလ့က်င့္မႈေတြကို ျပဳလုပ္ခဲ့ရျပီးေတာ့ ကစားသမားတစ္ဦးအေနနဲ႔ အသံုးခ်ခံရဖို႔ လိုအပ္ေနပါတယ္၊ သူ႔ကိုအငွားနဲ႔ေခၚယူဖို႔ အခြင့္အေရးရရွိခ်ိန္မွာ ေခၚယူခဲ့တာပါ၊ သူက ကၽြန္ေတာ္တို႔အတြက္ဂိုးသြင္းႏိုင္သူ၊ ျပီးခဲ့တဲ့ႏွစ္အာဖရိကဖလားဂိုးသြင္းဘုရင္ပါ၊ သူ အသင္းကို ကူညီေပးႏိုင္ပါလိမ့္မယ္” လို႔ ဆိုးလ္ရွားကေျပာဆိုခဲ့ပါတယ္။

Unicode

ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသစ်ခေါ်ယူထားတဲ့တိုက်စစ်မှူးအီဂါလိုဟာ အသင်းအတွက်အကျိုးသက်ရောက်မှုရှိမယ့် ကစားသမားအဖြစ် ချက်ချင်းပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အီဂါလိုကတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရှန်ဟိုင်းရှန်ဟွာကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပြသနာကြောင့် အီဂါလိုက အသင်းနဲ့အတူပူးပေါင်းလေ့ကျင့်ရခြင်းမရှိသေးဘဲ တစ်ဦးတည်းသာသီးသန့်လေ့ကျင့်နေရတာဖြစ်ပါတယ်။ စပိန်ကိုထွက်ခွာခဲ့တဲ့ လေ့ကျင့်ခန်းခရီးစဉ်ကိုလည်း လွဲချော်ခဲ့ပြီး မန်ချက်စတာမှာရှိတဲ့ တိုက်ကွမ်ဒိုကလပ်တစ်ခုမှာ ကိုယ်ပိုင်နည်းပြတစ်ဦးနဲ့ အီဂါလိုက လေ့ကျင့်နေခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ဒီတစ်ပတ်မှာ ချယ်လ်ဆီးနဲ့ အဝေးကွင်းပွဲစဉ်အဖြစ်ကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲအတွက် အီဂါလိုက အသင်းနဲ့အတူ ပူးပေါင်းပါဝင်လိမ့်မယ်လို့ ဆိုးလ်ရှာကအတည်ပြုခဲ့ပြီး အရန်ကစားသမားအဖြစ် ထည့်သွင်းလာဖွယ်ရှိနေတာဖြစ်ပြီး အသင်းကို ကူညီပေးနိုင်မယ်လို့လည်း ဆိုးလ်ရှားက မျှော်လင့်နေပါတယ်။

“ သူ ကျွန်တော်တို့နဲအတူ ပါဝင်လာပါလိမ့်မယ်၊ အသင်းနဲ့အတူလိုက်ပါရမှာပါ၊ သူ့ရဲ့စောင့်ကြည့်ကာလကပြီးဆုံးသွားပါပြီ၊ သူက ကိုယ်ပိုင်လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ရပြီးတော့ ကစားသမားတစ်ဦးအနေနဲ့ အသုံးချခံရဖို့ လိုအပ်နေပါတယ်၊ သူ့ကိုအငှားနဲ့ခေါ်ယူဖို့ အခွင့်အရေးရရှိချိန်မှာ ခေါ်ယူခဲ့တာပါ၊ သူက ကျွန်တော်တို့အတွက်ဂိုးသွင်းနိုင်သူ၊ ပြီးခဲ့တဲ့နှစ်အာဖရိကဖလားဂိုးသွင်းဘုရင်ပါ၊ သူ အသင်းကို ကူညီပေးနိုင်ပါလိမ့်မယ်” လို့ ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။

မွတ္ခ်က္မ်ား။