ယူႏိုက္တက္နဲ႔ပြဲကို လြဲေခ်ာ္မယ့္ အဓိကကစားသမား၂ဦးကို လမ္းပတ္အတည္ျပဳ

Mignolet ‘no regrets’ leaving Liverpool and foresaw their success

ခ်ယ္လ္ဆီးအသင္းနည္းျပလမ္းပတ္က ဒီတစ္ပတ္ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ အသင္းအတြက္ ပါ၀င္ႏိုင္မွာမဟုတ္တဲ့ ကစားသမားႏွစ္ဦးကို အတည္ျပဳသြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ တိုက္ပြဲ၀င္ေနရခ်ိန္မွာ အေရးၾကီးပြဲစဥ္တစ္ပြဲကို ကစားရမွာျဖစ္ျပီး ခ်ယ္လ္ဆီးအတြက္ ပထမအသင္းသားႏွစ္ဦးက လြဲေခ်ာ္မွာျဖစ္ပါတယ္။

Arteta on Arsenal’s ‘productive’ Dubai training camp

ယူႏိုက္တက္အသင္းမွာ စေကာ့မက္ေတာ္မီေနး၊ တြန္ဇီဘီ၊ ေပါ့ဂ္ဘာ၊ နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ပါ၀င္မွာမဟုတ္ဘူးလို႔ သိရပါတယ္။ ခ်ယ္လ္ဆီးနည္းျပလမ္းပတ္ကလည္း သူ႔ရဲ႕အသင္းမွာ ပူလီဆစ္ နဲ႔ ေလာ့တပ္ခ်ိခ္တို႔ ပါ၀င္ႏိုင္မွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့ျပီး အဓိကတိုက္စစ္မွဴးေအဘရာဟမ္ကလည္း လဲြေခ်ာ္ဖြယ္ရွိတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

“ ပူလီဆစ္က ယူ၂၃နဲ႔အတူ ေလ့က်င့္ခန္းဆင္းေနပါတယ္၊ သူ ၾကံံ့ခိုင္မႈမျပည့္၀ေသးပါဘူး၊ ရူဘန္ကလည္း ဒီပြဲအတြက္ ၾကံ့ခိုင္မႈမျပည့္၀ေသးပါဘူး၊ ေအဘရာဟမ္ကေတာ့ ေစာင့္ၾကည့္ေနတုန္းပါပဲ၊ ရိုးရိုးသားသားေျပာရရင္ ဒီေန႔ေလ့က်င့္ခန္းဆင္းခဲ့ေပမယ့္ သူ႔အေျခအေနက ေစာင့္ၾကည့္ေနရပါတယ္” လို႔ လမ္းပတ္က ေျပာဆိုသြားခဲ့ပါတယ္။

ခ်ယ္လ္ဆီးကေတာ့ အဆင့္ ၄ ေနရာမွာရပ္တည္ေနတဲ့အသင္းျဖစ္ျပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ အဆင့္ ၈ ေနရာမွာရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္ သူတုိ႔အသင္းနွစ္သင္းၾကားမွာ ရမွတ္ကြာဟခ်က္က ၆ မွတ္သာရွိတာျဖစ္လို႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိဖို႔အတြက္အေရးပါတဲ့ပြဲစဥ္တစ္ပြဲအျဖစ္ ရွိေနတာျဖစ္ပါတယ္။

Unicode

ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ်က ဒီတစ်ပတ်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ပါဝင်နိုင်မှာမဟုတ်တဲ့ ကစားသမားနှစ်ဦးကို အတည်ပြုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရချိန်မှာ အရေးကြီးပွဲစဉ်တစ်ပွဲကို ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးအတွက် ပထမအသင်းသားနှစ်ဦးက လွဲချော်မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ စကော့မက်တော်မီနေး၊ တွန်ဇီဘီ၊ ပေါ့ဂ်ဘာ၊ နဲ့ ရက်ရှ်ဖို့ဒ်တို့ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ချယ်လ်ဆီးနည်းပြလမ်းပတ်ကလည်း သူ့ရဲ့အသင်းမှာ ပူလီဆစ် နဲ့ လော့တပ်ချိခ်တို့ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီး အဓိကတိုက်စစ်မှူးအေဘရာဟမ်ကလည်း လွဲချော်ဖွယ်ရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“ ပူလီဆစ်က ယူ၂၃နဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်၊ သူ ကြံံ့ခိုင်မှုမပြည့်ဝသေးပါဘူး၊ ရူဘန်ကလည်း ဒီပွဲအတွက် ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး၊ အေဘရာဟမ်ကတော့ စောင့်ကြည့်နေတုန်းပါပဲ၊ ရိုးရိုးသားသားပြောရရင် ဒီနေ့လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် သူ့အခြေအနေက စောင့်ကြည့်နေရပါတယ်” လို့ လမ်းပတ်က ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးကတော့ အဆင့် ၄ နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ အဆင့် ၈ နေရာမှာရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အသင်းနှစ်သင်းကြားမှာ ရမှတ်ကွာဟချက်က ၆ မှတ်သာရှိတာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက်အရေးပါတဲ့ပွဲစဉ်တစ်ပွဲအဖြစ် ရှိနေတာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။