ဂြာဒီယိုလာရဲ႕ အနာဂတ္ကိုပါ ေျဖရွင္းရေတာ့မယ့္ မန္စီးတီး

Mignolet ‘no regrets’ leaving Liverpool and foresaw their success

ဥေရာပျပိဳင္ပြဲေတြကေန မန္စီးတီးအသင္း ၂ႏွစ္တိတိ ပိတ္ပင္ခံခဲ့ရျပီးေနာက္မွာ တစ္ဆက္တည္းလိုလိုေမးခြန္းေတြထြက္လာခဲ့တာကေတာ့ ဂြာဒီယိုလာရဲ႕ အနာဂတ္က ဘာလဲဆိုတာပါ။ ခ်န္ပီံယံလိဂ္မွာ ေအာင္ျမင္မႈမရရင္ အသင္းကထုတ္ပယ္ခံရႏုိင္တယ္လုိ႔ ဂြာဒီယိုလာက ျပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ေျပာဆိုခဲ့ဖူးျပီးေနာက္ ဒီျပသနာက ေပၚေပါက္လာခဲ့တာပါ။ မန္စီးတီးကေတာ့ အယူခံ၀င္သြားဖို႔စီစဥ္ေနျပီး မွ်တတဲ့ဆံုးျဖတ္ခ်က္ျဖစ္လာေစဖို႔ အစြမ္းကုန္ၾကိဳးစားသြားမယ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔အသင္းနည္းျပရဲ႕ အနာဂတ္က စဥ္းစားစရာအျဖစ္ ရွိလာခဲ့ျပီးေတာ့ မန္စီးတီးအတြက္ ေျမြပါလည္းဆံုးသားလည္းဆံုးကိန္းဆိုက္လာႏိုင္ပါတယ္။

Arteta on Arsenal’s ‘productive’ Dubai training camp

ဂြာဒီယိုလာနဲ႔ မန္စီးတီးက ေနာက္ႏွစ္ေဘာလံုးရာသီအကုန္ထိ စာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ရွိေတာ့တာျဖစ္ျပီးေတာ့ လက္ရွိအခ်ိန္ထိ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးတာမ်ိဳးမရွိေသးဘူးလုိ႔လည္း သိ၇ပါတယ္။ အသက္ ၄၉ ႏွစ္အရြယ္ စပိန္သားနည္းျပက မန္စီးတီးကို  ျပည္တြင္းေအာင္ျမင္မႈေတြအကုန္ရယူေပးႏိုင္ခဲ့ေပမယ့္ ဥေရာပအဆင့္ေအာင္ျမင္မႈရရွိေအာင္ေတာ့ မစြမ္းေဆာင္ေပးရေသးပါဘူး။ ဒီအခ်က္အေပၚ မူတည္ျပီး ခ်န္ပီယံလိဂ္မွာမေအာင္ျမင္ရင္ သူ ရာထူးကထုတ္ပယ္ခံရႏိုင္တယ္လုိ႔ ဂြာဒီယိုလာက ေျပာဆိုခဲ့တာပါ။ ဒီရာသီမွာဆိုရင္ အမွတ္ေပးဖလားျပိဳင္ပြဲမွာ  လီဗာပူးလ္နဲ႔ ေတာ္ေတာ္ေလးကြာဟေနခဲ့ျပီး ခ်န္ပီယံလိဂ္က အဓိကပစ္မွတ္အျဖစ္ရွိလာလုိ႔ သူ႔အတြက္လည္း ဖိအားေတြရွိေနပါတယ္။ ၁၆ သင္းအဆင့္မွာ ရင္ဆိုင္ရမွာကလည္း ရီးရဲလ္မက္ဒရစ္ျဖစ္လို႔ေနပါတယ္။

နည္းျပဘ၀မွာ ဂြာဒီယိုလာ အသင္းတစ္သင္းကို ၄ ႏွစ္ထက္ပိုျပီးေတာ့ မကိုင္တြယ္ဖူးေသးပါဘူး။ သူကိုင္တြယ္ထားတဲ့အသင္းကလည္း ဘာစီလိုနာနဲ႔ ဘုိင္ယန္ႏွစ္သင္းတည္းသာရွိျပီး ဘာကာကို ေလးရာသီ၊ ဘိုင္ယန္ကို သံုးရာသီကိုင္တြယ္ခဲ့တာပါ။ အခုဆိုရင္ သူက မန္စီးတီးကို ေလးရာသီေျမာက္ကိုင္တြယ္ေနတာ ျဖစ္ျပီးေတာ့ ပံုမွန္အတိုင္းဆိုရင္ သူ ဒီအသင္းကို စြန္႔ခြာသြားနိုင္ပါတယ္။ အခု ခ်န္ပီယံလိဂ္၀င္ေရာက္ခြင့္ပိတ္ပင္ခံထားမႈျဖစ္လာတဲ့အခါမွာ အီတီဟတ္ကို သူ ေက်ာခိုင္းဖို႔က ပိုျပီးေတာ့ နီးစပ္သြားပါျပီ။ talksports ရဲ႕ ေဘာလံုးကၽြမ္းက်င္သူတစ္ဦးကေတာ့ မန္စီးတီးပရိသတ္ေတြအေနနဲ႔ ဂြာဒီယိုလာကို ႏႈတ္ဆက္လုိ႔ရျပီလို႔ ေျပာဆိုသြားခဲ့ျပီး စပိန္သားနည္းျပက မန္စီးတီးကို ေသခ်ာေပါက္စြန္႔ခြာလိမ့္မယ္လုိ႔ သံုးသပ္ခဲ့ပါတယ္။

ဒါဆိုရင္ ဂြာဒီယိုလာဘယ္ကိုသြားမလဲဆိုတာကို အားလံုးကကိုယ္စီစိတ္၀င္စားေနသလို ကိုယ္စီခန္႔မွန္းမႈေတြလည္းျပဳလုပ္ခဲ့ၾကပါတယ္။ အသင္းေဟာင္းဘာစီလိုနာကို ကိုင္တြယ္လိမ့္မယ္လို႔ ေတာ္ေတာ္မ်ားမ်ားက ယူဆခဲ့ၾကျပီးေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းလည္းျဖစ္ႏုိင္တယ္ဆုိတဲ့ ေကာက္ခ်က္ခ်မႈအနည္းငယ္လည္းရွိပါတယ္။ ဘယ္အသင္းကို သူ ေရာက္သြားမလဲဆိုတာက ခန္႔မွန္းရခက္ခဲပါတယ္။ ဒါေေပမယ့္ မန္စီးတီးကေန သူ ထြက္ခြာလိမ့္မယ္ဆိုတာကိုေတာ့ ေတာ္ေတာ္မ်ားမ်ားက ခိုင္ခိုင္မာမာယံုၾကည္ေနၾကပါတယ္။ မန္စီးတီးအေနနဲ႔ ဥေရာပအဆင့္ျပိဳင္ပြဲပိတ္ပင္မႈကို ေျဖရွင္းရမယ့္အျပင္ အသင္းနည္းျပကို ဆက္လက္ျပီးေတာ့ ဆြဲေဆာင္ႏိုင္ဖို႔ အတြက္ပါ အားထုတ္ရေတာ့မွာမို႔ ခက္ခဲတဲ့အခ်ိန္တစ္ခုကို ရင္ဆိုင္ေနရျပီျဖစ္ပါေတာ့တယ္။

Unicode

ဥရောပပြိုင်ပွဲတွေကနေ မန်စီးတီးအသင်း ၂နှစ်တိတိ ပိတ်ပင်ခံခဲ့ရပြီးနောက်မှာ တစ်ဆက်တည်းလိုလိုမေးခွန်းတွေထွက်လာခဲ့တာကတော့ ဂွာဒီယိုလာရဲ့ အနာဂတ်က ဘာလဲဆိုတာပါ။ ချန်ပီံယံလိဂ်မှာ အောင်မြင်မှုမရရင် အသင်းကထုတ်ပယ်ခံရနိုင်တယ်လို့ ဂွာဒီယိုလာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပြောဆိုခဲ့ဖူးပြီးနောက် ဒီပြသနာက ပေါ်ပေါက်လာခဲ့တာပါ။ မန်စီးတီးကတော့ အယူခံဝင်သွားဖို့စီစဉ်နေပြီး မျှတတဲ့ဆုံးဖြတ်ချက်ဖြစ်လာစေဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် သူတို့အသင်းနည်းပြရဲ့ အနာဂတ်က စဉ်းစားစရာအဖြစ် ရှိလာခဲ့ပြီးတော့ မန်စီးတီးအတွက် မြွေပါလည်းဆုံး
သားလည်းဆုံးကိန်းဆိုက်လာနိုင်ပါတယ်။

ဂွာဒီယိုလာနဲ့ မန်စီးတီးက နောက်နှစ်ဘောလုံးရာသီအကုန်ထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာဖြစ်ပြီးတော့ လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် ဆွေးနွေးတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ အသက် ၄၉ နှစ်အရွယ် စပိန်သားနည်းပြက မန်စီးတီးကို  ပြည်တွင်းအောင်မြင်မှုတွေအကုန်ရယူပေးနိုင်ခဲ့ပေမယ့် ဥရောပအဆင့်အောင်မြင်မှုရရှိအောင်တော့ မစွမ်းဆောင်ပေးရသေးပါဘူး။ ဒီအချက်အပေါ် မူတည်ပြီး ချန်ပီယံလိဂ်မှာမအောင်မြင်ရင် သူ ရာထူးကထုတ်ပယ်ခံရနိုင်တယ်လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာပါ။ ဒီရာသီမှာဆိုရင် အမှတ်ပေးဖလားပြိုင်ပွဲမှာ  လီဗာပူးလ်နဲ့ တော်တော်လေးကွာဟနေခဲ့ပြီး ချန်ပီယံလိဂ်က အဓိကပစ်မှတ်အဖြစ်ရှိလာလို့ သူ့အတွက်လည်း ဖိအားတွေရှိနေပါတယ်။ ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရမှာကလည်း ရီးရဲလ်မက်ဒရစ်ဖြစ်လို့နေပါတယ်။

နည်းပြဘဝမှာ ဂွာဒီယိုလာ အသင်းတစ်သင်းကို ၄ နှစ်ထက်ပိုပြီးတော့ မကိုင်တွယ်ဖူးသေးပါဘူး။ သူကိုင်တွယ်ထားတဲ့အသင်းကလည်း ဘာစီလိုနာနဲ့ ဘိုင်ယန်နှစ်သင်းတည်းသာရှိပြီး ဘာကာကို လေးရာသီ၊ ဘိုင်ယန်ကို သုံးရာသီကိုင်တွယ်ခဲ့တာပါ။ အခုဆိုရင် သူက မန်စီးတီးကို လေးရာသီမြောက်ကိုင်တွယ်နေတာ ဖြစ်ပြီးတော့ ပုံမှန်အတိုင်းဆိုရင် သူ ဒီအသင်းကို စွန့်ခွာသွားနိုင်ပါတယ်။ အခု ချန်ပီယံလိဂ်ဝင်ရောက်ခွင့်ပိတ်ပင်ခံထားမှုဖြစ်လာတဲ့အခါမှာ အီတီဟတ်ကို သူ ကျောခိုင်းဖို့က ပိုပြီးတော့ နီးစပ်သွားပါပြီ။ talksports ရဲ့ ဘောလုံးကျွမ်းကျင်သူတစ်ဦးကတော့ မန်စီးတီးပရိသတ်တွေအနေနဲ့ ဂွာဒီယိုလာကို နှုတ်ဆက်လို့ရပြီလို့
ပြောဆိုသွားခဲ့ပြီး စပိန်သားနည်းပြက မန်စီးတီးကို သေချာပေါက်စွန့်ခွာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒါဆိုရင် ဂွာဒီယိုလာဘယ်ကိုသွားမလဲဆိုတာကို အားလုံးကကိုယ်စီစိတ်ဝင်စားနေသလို ကိုယ်စီခန့်မှန်းမှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ အသင်းဟောင်းဘာစီလိုနာကို ကိုင်တွယ်လိမ့်မယ်လို့ တော်တော်များများက ယူဆခဲ့ကြပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းလည်းဖြစ်နိုင်တယ်ဆိုတဲ့ ကောက်ချက်ချမှုအနည်းငယ်လည်းရှိပါတယ်။ ဘယ်အသင်းကို သူ ရောက်သွားမလဲဆိုတာက ခန့်မှန်းရခက်ခဲပါတယ်။ ဒါေပေမယ့် မန်စီးတီးကနေ သူ ထွက်ခွာလိမ့်မယ်ဆိုတာကိုတော့ တော်တော်များများက ခိုင်ခိုင်မာမာယုံကြည်နေကြပါတယ်။ မန်စီးတီးအနေနဲ့ ဥရောပအဆင့်ပြိုင်ပွဲပိတ်ပင်မှုကို ဖြေရှင်းရမယ့်အပြင် အသင်းနည်းပြကို ဆက်လက်ပြီးတော့ ဆွဲဆောင်နိုင်ဖို့ အတွက်ပါ အားထုတ်ရတော့မှာမို့ ခက်ခဲတဲ့အချိန်တစ်ခုကို ရင်ဆိုင်နေရပြီဖြစ်ပါတော့တယ်။

မွတ္ခ်က္မ်ား။