မြို့ခံပြိုင်ဘက်ကို ပြောင်းရွှေ့ဖို့ စကားဆိုလာတဲ့ ချဲလ်ဆီးတိုက်စစ်မှူး

Mignolet ‘no regrets’ leaving Liverpool and foresaw their success

ချဲလ်ဆီးအသင်း ရဲ့ တိုက်စစ်မှူး ဂီးရော့ဒ်ကတော့ လာမယ့်နွေရာသီမှာ စပါး ဒါမှမဟုတ် နာပိုလီတစ်သင်းသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မယ်လို့ဆိုပါတယ်။

အသင်းနဲ့ချုပ်ဆိုထားခဲ့တဲ့စာချုပ်ဟာ လာမယ့်ရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ဆောင်းရာသီအပြောင်းအရွှေ့မှာတည်းက အသင်းပြောင်းရွှေ့ဖို့ကို စီစဉ်ခဲ့သူပါ။

အင်တာမီလန်အသင်းကို ပြောင်းရွှေ့လိုနေတဲ့ ဂီးရော့ဒ်ကို ဇန်နဝါရီကာလတုံးက အစားထိုးမယ့်တိုက်စစ်မှူး မရှာဖွေနိုင်ခဲ့တာကြောင့် အသင်းကနေထွက်ခွာဖို့ကို ချဲလ်ဆီးအသင်းတားမြစ်ခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဂီးရော့ဒ်နောက်တစ်ကြိမ်ဖွင့်ဟခဲ့ပြန်တာဖြစ်ပြီး စပါး ဒါမှမဟုတ် လာဇီယိုအသင်းတစ်သင်းသင်းက သူပြောင်းရွှေ့မယ့်အသင်းဖြစ်လာမယ်လို့ဆိုပါတယ်။

ချဲလ်ဆီးအသင်းကို (၂၀၁၈) ဆောင်းရာသီမှာရောက်ရှိခဲ့တဲ့ ဂီးရော့ဒ်ကတော့ အသင်းအတွက် ပွဲပေါင်း (၇၀) ကစားထားခဲ့ပြီးဖြစ်ပေမယ့် သွင်းဂိုး (၁၇) ဂိုးသာသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Unicode Version

မှတ်ချက်များ။