ခေါ်သံတွေ ပိုလာတဲ့ ဆန်ချို …

Man Utd’s James beaten by Arsenal’s Leno in 433 FIFA 2020 tournament

အခုတစ်လော အသံပိုလာတာက ဆန်ချို…

လူငယ်ဘောလုံးလောကမှာတော့ ဆန်ချိုဟာ လူပြောအများဆုံးဖြစ်လာတယ်။ အသင်းကြီး တွေ ဆိုရင် ဒီကလေးကို လိုချင်လို့ ခေါ်မယ် ဈေးဘယ်လောက်လဲလို့မေးခဲ့ကြတာ မနည်းခဲ့ ဘူး။  ဒါပေမယ့် ဒေါ့တ်မန်ကတော့ သူ့လူအကြောင်း သူသိလို့ လုံးဝမရောင်းတဲ့အပြင်  ဈေး ကောင်းပေးခေါ်နေတဲ့သူတွေကိုတောင် မရောင်းဘူးဆိုတဲ့ အသံပြန်လွှင့်ပြီး ဝေးဝေးနေစေ ခဲ့တဲ့ အထိပါပဲ။

အမှန်တော့ ဒါဟာ ဒေါ့တ်မန်လုပ်နေကြအစဉ်အလာအတိုင်းပါပဲ။ ဈေးကောင်းခေါ်ပြီးတော့ သူ့ လူသူ အရောင်တင်တယ်၊ ကြိုက်ဈေးမရမခြင်းကို ဆန်ချိုနဲ့ပတ်သက်လာတဲ့ အသံတွေမှန်သမျှ အားလုံး ရှင်းထုတ်နေတယ်။ ၂၀၂၀ မှာတောင် ဆန်ချိုဟာ အသင်းကြီးတစ်သင်းကို ပြောင်းဖို့ အတွက် အခွင့်အလမ်းတွေ အတော်လေးကိုရနေခဲ့တဲ့ လူငယ်ဘောလုံးသမားဖြစ်ခဲ့တယ်။  မသိတဲ့သူတွေကတော့ ဒီကလေး ဘယ်လောက် ကောင်းသလဲလို့ မေးစရာရှိတယ်။ ကြည့်ဖူး မြင်ဖူးတဲ့သူတွေကတော့ သူ့ခြေစွမ်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါမှာ နေသင့်တဲ့သူမဟုတ်တော့ ဘူးဆိုပြီး ပြောကြသလို အသင်းကြီးတစ်သင်းမှာ ကစားလို့ရနေတဲ့ ဘောလုံးသမားဖြစ်နေပြီ လို့ပြောဖြစ်ကြတာ ကြားရပါလိမ့်မယ်။

ဟုတ်ပါတယ်။ သူဟာ ၂၀၁၇ ကနေပြီး ၂၀၂၀လက်ရှိအချိန်အထိ ဒေါ့တ်မန်မှာ ကစားခဲ့တဲ့ ကစားသမားငယ်ပါ၊ အခုဆိုရင် သူ့အသက်က အသက်၂၀ ပြည့်သွားပြီ။ အရွယ်နဲ့မလိုက် အောင် ကစားအားရှိတယ်။ ဂိုးသွင်းပါးနပ်တယ်၊ ဂိုးဧရိယာအရှေ့မှာ ရတဲ့အခွင့်အရေးကို ခြေ မရွေးဘဲနဲ့ ခေါင်းအေးအေးထား ကန်သွင်းနိုင်တဲ့ ကလေးပါ။ ပြီး တော့ ဖန်တီးမှုအပိုင်းကိုကြည့် မလား၊ အခွင့်အရေးရလိုက်တာနဲ့ဂိုးရရေးအတွက် သူဟာ ဘွန်ဒက်စ်လီဂါမှာ ၁၄ ကြိမ်အထိ ဖန်တီးမှုတွေကို လုပ်ထားပေးတယ်။ ဘိုင်ယန်က မူလာရဲ့ ၁၆ ကြိမ်ဖန်တီးနိုင်မှုပြီးရင် သူက ဒု တိယအများဆုံးပါပဲ။  အသင်းအတွက် ဂိုးသွင်းယူပေးနိုင်မှုအပိုင်းမှာတော့ ၅ ဂိုးသာရှိထားပါ တယ်။ သွင်းဂိုးနည်းပေမယ့် အသင်းကစားဖော်တွေကို ဂိုးရအောင် ဖန်တီးနိုင်တဲ့ အပိုင်းမှာတော့ အတော်လေးကို ကောင်းမွန်ခဲ့တယ်ဆိုတာတွေ့ရမှာပါ။

သူဟာ ၀က်ဖို့ဒ် ကို အသက် ၇ နှစ်မှာ ရောက်တယ်။ ၁၄ နှစ်မှာ မန်စီးတီးက သဘောကျပြီး  ခေါ်ယူခဲ့လို့ မန်ချက်စတာကို ရောက်ခဲ့တယ်။ လူငယ်အသင်းမှာ ခြေစွာပေမယ့် အသင်းကြီးမှာ ပါဝင်ဖို့ အတွက် အခွင့်မသာခဲ့တာကြောင့် နောက်ဆုံးမှာ ပေါင် ၈ သန်းနဲ့ ဒေါ့တ်မန်ရဲ့ ခေါ်ယူ မှုကို ခံခဲ့ရပြီး မန်စီးတီးက သဘောတူရောင်းချခဲ့တယ်။

ဂျာမန်ရောက်တော့ ဒေါ့တ်မန် အသင်း ၂ မှာ ကစားတယ်။ ၃ပွဲပဲ ကစားခဲ့ရတယ်။ ၂၁၀၈ မှာ အသင်းကြီးရောက်တယ်။ ၁၂ ပွဲကစားတယ်။ ပြည်တွင်းမှာ ၁ ဂိုးသာရခဲ့တယ်။ ဒါပေမယ့် ၂၀၁၉ မှာတော့ နေရာပေးခြင်းခံရပြီး ပြည်တွင်းပွဲ ဘွန်ဒက်စ်လီဂါမှာ ၃၄ ပွဲကစားခဲ့ပြီး ၁၂ ဂိုးအထိ ရခဲ့သလို ဥရောပပြိုင်ပွဲတွေမှာလည်း ၈ ပွဲကစားပြီး ၂ ဂိုးရခဲ့တယ်။ ခြေစွမ်းက အဲ့ဒီမှာတင် လူသိ များလာတယ်။ ပြီးတော့ ပြည်တွင်းမှာ သူ့စွမ်းဆောင်မှုတွေက လူကြိုက်များခဲ့တယ်။ ဒါ ကြောင့်လည်း ပွဲတိုးခွင့်ရတိုင်းမှာ ခြေစွာနိုင်တဲ့ သူ့ကို အသင်းကြီးတွေက ခေါ်ယူဖို့ သဘောကျ ခဲ့ကြတာပါပဲ။

အခုဆိုရင် ချယ်လ်ဆီးကပဲ ရတော့မလိုလို၊ မန်ယူကပဲ အပြီးဝယ်လိုက်တော့သလိုလိုနဲ့ သတင်းတွေထွက်နေတယ်။ အဲ့ဒါအပြင် လူငယ်တွေကို နေရာပေးတတ်တဲ့ အင်္ဂလန် ဘောလုံး မန်နေဂျာ ဆောက်ဂိတ်ကလည်း သူ့တပည့်ကို အခွင့်အရေးပေးကာ လက်ရွေးစင်အသင်းမှာ နေရာပေးလို့ ပိုပြီးတော့ သူ့ အရည်အချင်းနဲ့ တန်ဖိုးက ထတောက်ခဲ့ပြန်တယ်။

အခုဆိုရင် သူ့တန်ဖိုးက အနာဂတ်ကစားသမားငယ်တွေကြားထဲမှာ ပေါင် ၁၈၆ သန်း လောက် အထိ ပေါက်နေတယ်။ အေးဂျင့်တွေ အချင်းချင်းကြားမှာ သာမက ပါးစပ်ဈေး စကားအရပါ တန်ဖိုးက မြင့်နေ့တယ်။ ဘောလုံးအလိမ်အခေါက်သာမက ကွင်းလယ်မှာ ရော တိုက်စစ်မှာပါ စွယ်စုံရတဲ့ ဒီလူငယ်ကစားသမားငယ်ဟာ အင်္ဂလန်ဘောလုံးသမားဖြစ်တာနဲ့ အညီ ပေါက်ဈေး ဟာ အခြားသူတွေထက်ကို တစ်ဆမကမြင့်တက်နေတာ မထူးဆန်းပါဘူး။

ဘာပဲဖြစ်ဖြစ် ဆန်ချိုကတော့ ကိုရိုနာဗိုင်းယပ်စ် ကပ်ဘေး ကျော်လွှားပြီးရင်တော့ ဘောလုံး အသင်းတွေ အ၀ယ်လိုက်မယ့် ပထမဆုံးဘောလုံးသမားဖြစ်လာမလဲဆိုတာ ကြည့်ချင်တယ်။ သူကလည်း ပွဲထွက်ခွင့်ရတိုင်း ခြေစွာတယ်။ လူငယ်မာန်ရှိတယ်။မြန်တယ်။ သွက်လက်တယ်။ ကစားအားရှိတယ်။ အင်္ဂလန်ဘောလုံးသမားတွေထဲမှာ ရှားပါး ရတနာလိုမျိုးဖြစ်နေတာကြောင့် မန်စီးတီး အတွက်တော့ လွတ်တဲ့ငါးကြီးတယ်လို့တောင်ဆိုနိုင်တယ်။

ဒါပေမယ့် ဒီကလေးဟာ ဘွန်ဒက်စ်လီဂါမှနေပြီး ပရီးမီးယားကို ပြန်အခြေချနိုင်မလား၊ ဒါမှမဟုတ် အခြား နာမည်ကျော်လိဂ်တွေကို ရောက်သွားမလားဆိုတာ ကြည့်ရမယ်။ အင်္ဂလန် ပြန်မယ်ဆိုရင်တော့ လူငယ်တွေကို လက်ကမ်းကြိုဆိုပြီး ငွေသုံးအားကောင်းတဲ့ ချယ်လ်ဆီးနဲ့  မန်ယူအပြင် ဘယ်အသင်းတွေဖြစ်လာနိုင်မလဲဆိုတာ သိချင်မိတယ်ဆိုတာပါပဲ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။