ကူလီဘလီကို ခေါ်ယူနိုင်ပါက စမောလင်းကို ရောင်းချမယ့် ယူနိုက်တက်

Man Utd’s James beaten by Arsenal’s Leno in 433 FIFA 2020 tournament

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရိုမားကိုအငှားချထားတဲ့ စမောလင်းကို အပြီးသတ်ရောင်းချဖို့အတွက် နာပိုလီနောက်ခံလူကူလီဘလီကို ခေါ်ယူနိုင်မယ်ဆိုရင် ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ရိုးမားက စမောလင်းကို အပြိးသတ်ခေါ်ယူချင်နေပြီး
ယူနိုက်တက်က ယူရို ၂၅သန်းအထိ ဈေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်က အခြားဗဟိုခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ ကူလီဘလီကို ခေါ်ယူနိုင်မှသာ စမောလင်းကိုလက်လွှတ်ဖွယ်ရှိတယ်လို့သိရတာဖြစ်ပါတယ်။ စမောလင်းကတော့ ရိုးမားမှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ
တကျော့ပြန်ရွေးချယ်ခံရဖွယ်ရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ အသက် ၂၈ နှစ်အရွယ် ကူလီဘလီကို ကာလရှည်စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး နာပိုလီက သူတို့ကစားသမားအတွက် ပေါင်သန်း ၉၀အထိ ဈေးနှုန်းသတ်မှတ်ထားခဲ့ပါတယ်။ သူသာ ယူနိုက်တက်ကို ရောက်ရှိခဲ့မယ်ဆိုရင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကစား
ရဖွယ်ရှိနေပြီး ယူနိုက်တက်ဗဟိုခံစစ်က ပိုမိုအားကောင်းလာမှာလည်းဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်အသင်းမှာ ဗဟိုနောက်ခံလူတွေအဖြစ် မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘိုင်ယီ၊ ဖီးလ်ဂျုံးစ် နဲ့ တွန်ဇီဘီတို့ ရှိနေကြပြီး စမောလင်း နဲ့ ရိုဟိုတို့ကတော့ အငှားထွက်ကစားနေရတာဖြစ်ပါတယ်။ အငှားကစားသမားတွေကို ဆိုးလ်ရှားက အပြီးသတ်ရောင်းချသွားဖို့
ဆန္ဒရှိနေပြီး ဖီးလ်ဂျုံးကိုလည်း ပြန်လည်ရောင်းထုတ်ဖွယ်ရှိနေလို့ ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။

မှတ်ချက်များ။