ဂရစ်မန်းကို ခေါ်ယူပြီး နံပါတ် ၇ ဂျာစီဝတ်ဆင်စေမယ့် ယူနိုက်တက်

Man Utd’s James beaten by Arsenal’s Leno in 433 FIFA 2020 tournament

ဘာစီလိုနာအသင်းက ပေါင်သန်း ၉၀ နဲ့ ရောင်းချဖို့ပြင်ဆင်နေတဲ့ တိုက်စစ်မှူးဂရစ်မန်းကို ယူနိုက်တက်ကခေါ်ယူဖို့ စိတ်ဝင်စားနေကြေငာ်း သိရပါတယ်။ ပြင်သစ်ကြယ်ပွင့်ဟာ နူးကမ့်ကို ရောက်ရှိချိန်ကစပြီး မျှော်လင့်ထားသလို ခြေစွမ်းမပြနိုင်ခဲ့ဘဲရှိခဲ့ကာ
အသင်းဘက်က ပြန်လည်ရောင်းချဖို့အတွက် ကြိုးစားနေပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်ပြည့်တော့မယ့် ဂရစ်မန်းကို ယူနိုက်တက်က ခေါ်ယူပြီး အသင်းရဲ့နာမည်ကျော် ကျောနံပါတ် ၇ ကို ဆက်ခံစေဖွယ်ရှိတယ်လို့ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ကို နောက်ဆုံး
ဝတ်ဆင်ခဲ့သူက အလက်ဆစ်ဆန်းချက်ဇ်ဖြစ်ပြီး လက်ရှိမှာ အင်တာမီလန်ကို အငှားနဲ့သွားကစားနေပါတယ်။

ယူနိုက်တက်အတွက် ဆန်းချက်ဇ်က ၄၅ ပွဲအထိကစားပေးခဲ့ရာမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဒဏ်ရာတွေနဲ့လည်း ရုန်းကန်နေခဲ့ရပါတယ်။ ဒီအတွက်ကြောင့် အင်တာမီလန်ကို အငှားနဲ့ထွက်ခွာခဲ့ရတာဖြစ်ပြီး အပြီးသတ်ရောင်းချသွားဖို့ကိုပါ ယူနိုက်တက်က ဆုံးဖြတ်
ထားကာ ဂရစ်မန်းကို ခေါ်ယူလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂရစ်မန်းကတော့ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲကစားပေးထားပြိး ၁၄ ဂိုးသွင်းယူကာ ၄ ကြိမ်ဂိုးဖန်တီးပေးထားခဲ့ပါတယ်။ ဆွာရက်ဇ်၊ မက်ဆီတို့နဲ့ တွဲဖက်ပြီး အကောင်းဆုံးတိုက်စစ်တစ်ခုကို ဖန်တီးနိုင်ဖို့ ဘာစီလိုနာဘက်က မျှော်လင့်ထားခဲ့ပေမယ့်လည်း
ထင်သလိုမဖြစ်ခဲ့သလို သူတို့ ၃ ဦး တွဲဖက်ကစားခဲ့တဲ့ ပွဲအရေအတွက်လည်း အနည်းငယ်သာရှိနေခဲ့ပါတယ်။

မှတ်ချက်များ။