အာဆင်နယ်က ဘာလို့ထွက်ခဲ့တာလဲ ၀န်ခံခဲ့တဲ့ ဖာဘရီဂတ်စ်

Man Utd’s James beaten by Arsenal’s Leno in 433 FIFA 2020 tournament

အာဆင်နယ်အသင်းကွင်းလယ်လူဟောင်းဖာဘရီဂတ်စ်က အာဆင်နယ်ကနေ သူဘာလို့ထွက်ခွာခဲ့ရလဲဆိုတာကို ရှင်းပြမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဘာစီလိုနာအကယ်ဒမီထွက် ကစားသမားဟာ လူငယ်ကစားသမားဘ၀နဲ့ အာဆင်နယ်ကို ရောက်ရှိခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်
တာဝန်ယူခဲ့ရတဲ့အထိ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကွင်းလယ်လူတစ်ဦးဖြစ်ပါတယ်။

အာဆင်နယ်အတွက် အသက် ၂၁ နှစ်မှာပဲ အသင်းခေါင်းဆောင်အဖြစ် ဖာဘရီဂတ်စ်က တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက် အသင်းရလဒ်နဲ့ပတ်သက်ပြီး အရာအားလုံးကို သူ့ပခုံးထက်မှာ ထမ်းထားခဲ့ရပြီး အသင်းဖော်ဗန်ပါစီနဲ့ နာစရီတို့နှစ်ဦးတည်းကသာ သူလိုချင်တဲ့ အရည်အသွေးနဲ့စိတ်ဓာတ်မျိုးရှိတယ်လို့လည်း ဖာဘရီဂတ်စ်က ဖွင့်ဟသွားခဲ့ပါတယ်။

လက်ရှိမိုနာကိုမှာကစားနေတဲ့ အသက် ၃၂နှစ်အရွယ် ကွင်းလယ်လူက “ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်၊ ကိုယ့်ကိုကိုယ်ဖိအားတွေအများကြီးရှိတယ်လို့လည်း ခံစားခဲ့ရပါတယ်၊ ဒီအသင်း အောင်မြင်မှုတစ်ခုခုရဖို့ ဦးဆောင်ခဲ့ရပြီး ကျွန်တော်အရာအားလုံးပေးဆပ်ခဲ့ပါတယ်၊ တခါတလေ အသင်းရှုံးနိမ့်ရင်
အိမ်မှာ ကျွန်တော်ငိုကြွေးနေခဲ့ရပါတယ်၊ အိပ်မပျော်ခဲ့တဲ့ညတွေလည်း အများကြီးပါ၊ တချို့ကစားသမားတွေက လှောင်ပြောင်ချင်ခဲ့ကြပါတယ်”

“ ဗန်ပါစီနဲ့ နာစရီတို့နှစ်ယောက်တည်းပဲ ကျွန်တော်လိုချင်တဲ့ ကစားသမားတွေလို့ ခံစားခဲ့ရပါတယ်၊ ဒါက မာနထောင်လွှားဖို့ ပြောတဲ့စကားမဟုတ်ပါဘူး၊ အဲဒီတုန်းက ကျွန်တော့်စိတ်ထဲမှာ ခံစားခဲ့ရတာကိုပြောတာပါ၊ ကျွန်တော့်လိုစိတ်ဓာတ်၊ အရည်အသွေးမျိုးနဲ့ ကစားနိုင်တာ သူတို့နှစ်ဦးပဲရှိခဲ့ပါတယ်” လို့
ဖာဘရီဂတ်စ်က ဖွင့်ဟခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီး အောင်မြင်ခဲ့သလို ချယ်လ်ဆီးကိုလည်း ထပ်မံပြောင်းရွှေ့ကစားခဲ့ပါသေးတယ်။

မှတ်ချက်များ။