နာမည်ကျော်အသင်းတွေကို ပြောင်းရွှေ့နိုင်ခွင့်ကို ပယ်ချခဲ့သူများ

‘Help fantastic NHS save lives, stay at home’ – Sterling gives rallying call

ဘောလုံးသမားတစ်ဦးအတွက် နာမည်ကျော်ကလပ်အသင်းတွေမှာ သွားရောက်ကစားနိုင်ဖို့က အဓိကရည်ရွယ်ချက်တစ်ခုပါပဲ။ အောင်မြင်မှုတွေရရှိမယ်၊ ငွေကြေးအားဖြင့်လည်း ပိုမိုရရှိမှာဖြစ်ပြီး အတွေ့အကြုံနဲ့ ခြေစွမ်းပိုင်းပါ တိုးတက်ဖို့အတွက် အခွင့်အရေးတွေအများကြီးကို ပိုင်ဆိုင်နိုင်မယ်ဆိုတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးတွေကို ငြင်းဆန်ခဲ့ပြီး လက်ရှိကစားနေတဲ့ ကလပ်အသင်းမှာပဲ ဆက်ရှိနေခဲ့တဲ့ ကစားသမားတွေရှိခဲ့ပါတယ်။ အဲဒီထဲကမှ နာမည်ကြီးကစားသမား ၃ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဂျရတ်

လီဗာပူးလ်အသင်းဂန္ထ၀င်ကစားသမားကြီးဖြစ်တဲ့ ဂျရတ်က လက်ရှိမှာ ရိန်းဂျားနည်းပြအဖြစ် တာဝန်ယူနေပြီဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းက အန်ဖီးလ်ပရိသတ်တွေရဲ့ အချစ်တော်လည်းဖြစ်ပြီး လီဗာပူးလ်သမိုင်းမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် ဆယ်နှစ်ကျော်တာဝန်ယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေနဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ သူက လီဗာပူးလ်ကို စွန့်ခွာဖို့ဖြစ်လာခဲ့ပါတယ်။ သတင်းများအရ ဂျရတ်က
ချယ်လ်ဆိးကို ပြောင်းရွှေ့ဖို့အတွက် အနီးစပ်ဆုံးဖြစ်ခဲ့ပြီး နောက်ဆုံးမိနစ်ကျမှသာ ဆုံးဖြတ်ချက်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမားအဖြစ် သေချာပေါက်ဖြစ်ခါနီးချိန်မှ ဂျရတ်က အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုပြီးတော့ ဆက်ရှိနေခဲ့ပါ။ ဒီဆုံးဖြတ်ချက်ကြောင့် သူ ပရီးမီးယားလိဂ်ဖလားမရခဲ့ပေမယ့် အန်ဖီးလ်မှာတော့ ဘယ်တော့မှမေ့လို့မရမယ့် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

၂။ တော့တီ

အသင်းတစ်သင်းတည်းမှာပဲ စွဲစွဲမြဲမြဲကစားတဲ့ ကစားသမားအဖြစ် ရိုးမားအသင်းခေါင်းဆောင်တော့တီက စာရင်းဝင်ခဲ့သူပါ။ အသက် ၁၃ နှစ်အရွယ်မှာကတည်းက ရိုးမားကို ရောက်ရှိခဲ့ပြီး သူအနားယူချိန်ဖြစ်တဲ့ အသက် ၄၀ အထိ နှစ်ပေါင်း ၂၇ နှစ်လုံးလုံး
ရောမကလပ် ရိုးမားအတွက် ကစားပေးခဲ့တာပါ။ အသင်းနဲ့အတူ စီးရီးအေဖလားတစ်ကြိမ်နဲ့ ကိုပါအီတာလီယာဖလား ၂ ကြိမ် တော့တီက ရယူနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်အသိအမှတ်ပြုခံခဲ့ရတဲ့ တော့တီကို
ရီးရဲလ်မက်ဒရစ်အသင်းဘက်က ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီတုန်းက ရီးရဲလ်က ကစားသမားတိုင်းသွားကစားချင်တဲ့ အသင်းအဖြစ်ရှိနေခဲ့တာပါ။ ဒါပေမယ့်လည်း တော့တီက ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။ “ မိသားစုက ပိုပြီးအရေးကြီးတယ်ဆိုတာကို
ကျွန်တော်သင်ယူခဲ့ရပါတယ်၊ ဆင်းရဲနွမ်းပါတဲ့မိဘတွေကို စွန့်ခွာပြီး ချမ်းသာကြွယ်ဝတဲ့သူစိမ်းတစ်ဦးဆီမှာ ကျွန်တော်နေရမှာလား” ဆိုတဲ့ တော့တီရဲ့ တုံ့ပြန်မှုက ပရိသတ်တွေရင်ထဲအထိ ရောက်ခဲ့ပါတယ်။

၃။ မက်သရူးလီတစ်ဆီယာ

ဆောက်သမ်တန်အတွက် ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ ဆောက်သမ်တန်အတွက် ပွပြေါင်း ၅၄၀ ကျော်ကစားပေးခဲ့ပြီး ၂၀၉ ဂိုးအထိ သူက သွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ်
တစ်ဆီယာက သတ်မှတ်ခံခဲ့ရသလို အဲဒီခေတ်ကာလက သူ့ကိုအလိုရှိခဲ့တဲ့ ကလပ်တွေလည်း ရှိခဲ့ပါတယ်။ သူ့ကို တော့တင်ဟမ်က ခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တာကို ငြင်းဆန်ခဲ့တာပါ။ သူက ကလေးဘ၀ကတည်းက စပါးကိုအားပေးခဲ့တာ
ဖြစ်ပြီး ဆောက်သမ်တန်က သူ့ကို ရောင်းချဖို့အတွက် စပါးနည်းပြတယ်ရီဗာနေဘယ်လ်နဲ့တောင် သဘောတူညီခဲ့ပြီးပါပြီ။ ဒါပေမယ့် သူက လက်ရှိအသင်းနဲ့ပဲ စာချုပ်သစ်ချုပ်ဆိုဖို့ တောင်းဆိုသွာခဲ့ပါတယ်။ လီဗာပူးလ်၊ ချယ်လ်ဆီးတို့ကလည်း သူ့ကို
ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူက ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်များ။