ဒုတိယမြောက်ရင်သွေးလေး ပိုင်ဆိုင်တော့မယ့် ဘရူနိုဖာနန်ဒက်စ်

Man Utd’s James beaten by Arsenal’s Leno in 433 FIFA 2020 tournament

ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ သူ့အတွက် ဒုတိယမြောက်ရင်သွေးလေးရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ သူရဲ့ဇနီးသည် အန်နာပင်ဟိုဟာ ဒုတိယမြောက်ကိုယ်ဝန်ကိုလွယ်ထားရတာဖြစ်ပြီးတော့ ယောက်ျားလေးဖြစ်တယ်လို့ သိရပြီး
ဖာနန်ဒက်စ်အတွက် သမီးလေးတစ်ဦးပိုင်ဆိုင်အပြိးမှာ သားယောက်ျားလေးကို ထပ်မံပိုင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။

သူ့ရဲ့သမီးလေးက မိခင်ဖြစ်သူရဲ့ ဗိုက်ကိုနမ်းရှုံ့နေတဲ့ဓာတ်ပုံကို အင်စတာဂရမ်မှာဖော်ပြခဲ့ပြီး “ A boy on the way” လို့ ရေးသားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ယူနိုက်တက်ကွင်းလယ်လူအတွက်တော့ အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ၀မ်းသာစရာ
ဖြစ်ရပ်တွေကိုပဲ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အသင်းသစ်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု၊ ယူနိုက်တက်ပရိသတ်တွေရွေးချယ်တဲ့ တစ်လတာအကောင်းဆုံးဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ပေါင်၆၇သန်းနဲ့ စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီး
၉ ပွဲအထိ ကစားပေးထားကာ ၃ဂိုးသွင်းပြီး ၄ကြိမ်အထိ ဖာနန်ဒက်စ်က ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကလည်း ဖာနန်ဒက်စ်က သူ့ရဲ့ သမီးငယ်လေးနဲ့ ဘောလုံးကစားနေတဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြခဲ့ပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားချိန်မှာ ကစားသမားတွေအနေနဲ့ နေအိမ်မှာပဲ နေထိုင်နေရပြိး ကိုယ်ပိုင်လေ့ကျင့်ခန်းတွေကို
ပြုလုပ်နေရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်များ။