ဥေရာပမွာ မန္ခ်က္စတာယူႏိုက္တက္တို႔ ေခါင္းျပန္ေထာင္လာဖို႔ဆိုရင္……….

ဥေရာပမွာ မန္ခ်က္စတာယူႏိုက္တက္အသင္း ေခါင္းမေထာင္ႏိုင္ခဲ့တာ ၾကာပါျပီ။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြမွာ ပံုမွန္ေအာက္နိမ့္က်ခဲ့တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔သာ အသက္ဆက္ေနခဲ့ရျပီးေတာ့ ပရီးမီးယားလိဂ္မွာပါ ဒီပံုစံက ရိုက္ခတ္ေနခဲ့ပါတယ္။ ဒီအတြက္ ဆုဖလားလက္မဲ့ျဖစ္ရမယ့္ အေရးက ပရိသတ္ေတြအတြက္ေတာ့ စိတ္ပူစရာျဖစ္ေနခဲ့ပါတယ္။ ဒီအတြက္ အဓိကအေၾကာင္းျပခ်က္ကေတာ့ အသင္းမွာ စြမ္းေဆာ္ငရည္ျပည့္၀တဲ့ ကစားသမား ရွားပါးေနခဲ့ပါတယ္။ ယူႏိုက္တက္မွာ ဒီလိုကစားသမားမ်ိဳးက တစ္ဦးစ၊ ႏွစ္ဦးစသာ ရွိေနခဲ့ျပီး ကစားသမားအမ်ားစုက အထင္ၾကီးဖြယ္စြမ္းေဆာင္ရည္ရွိမေနခဲ့ပါဘူး။ ဒီအတြက္ ယူႏိုက္တက္အေနနဲ႔ ျပည္တြင္းမွာသာမက ဥေရာပမွာပါ ေခါင္းျပန္ေထာင္လာႏိုင္ဖို႔ဆိုရင္ ဆိုခဲ့တဲ့ ကစားသမားေကာင္းေတြကို အားျဖည့္ရမွာ ျဖစ္ပါတယ္။ ဘယ္လိုကစားသမားမ်ိဳးေတြလဲဆိုေတာ့…။

လူကာမိုဒရစ္

၂၀၁၈ ခုႏွစ္က မိုဒရစ္အတြက္ေတာ့ ၾကီးက်ယ္ခမ္းနားတဲ့ ႏွစ္ ျဖစ္ခဲ့ပါတယ္။ တစ္ဦးခ်င္းဆုတံဆိပ္ေတြကို သိမ္းက်ံဳးရယူႏိုင္ခဲ့ျပီးေတာ့ ဘလြန္းဒီေအာဆုကိုပါ မုိဒရစ္က ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီႏွစ္ေဘာလံုးရာသီမွာ မုိဒရစ္က ရီးရဲလ္အတြက္ ေျခစြမ္းေကာင္းေတာ့
မျပႏိုင္ခဲ့ပါဘူး။ ဒီအတြက္ ရီးရဲလ္ဟာလည္း ရလာဒ္ေတြ ဆိုးရြားေနခဲ့ျပီးေတာ့ မဟာျပိဳင္ဘက္ ဘာစီလိုနာရဲ႕ လႊမ္းမိုးမႈေအာက္ကို ေရာက္ေနပါတယ္။ မိုဒရစ္က ရီးရဲလ္ကေန ထြက္ခြာေတာ့မယ္သတင္းေတြက ေတာ္ေတာ္ေလး လႈပ္ခတ္ခဲ့ျပီး အထူးသျဖင့္ အင္တာမီလန္က သူ႔ကို ခ်ိတ္ဆက္ေနခဲ့တာပါ။ ယူႏိုက္တက္ကြင္းလယ္မွာ မိုဒရ္စလိုိမ်ိဳး ဖန္တီးႏိုင္စြမ္းရွိတဲ့ ကစားသမား လံုး၀မရွိပါဘူး။ ေပါလ္စခိုး၊ ရြိဳင္ယန္ဂစ္တို႔ေနာက္ပိုင္းမွာ ဒီလိုကစားသမား ရွားပါးေနခဲ့ျပီးေတာ့ မိုဒရစ္က ယူႏိုက္တက္ကြင္းလယ္အတြက္ အသင့္ေတာ္ဆံုးကစားပါ။ ေပါ့ဂ္ဘာနဲ႔ သူန႔ဲသာ တြဲဖက္ေပးလိုက္မယ္ဆိုရင္ ျပီးျပည့္စံုတဲ့ ကြင္းလယ္ကို ပိုင္ဆိုင္ႏိုင္မွာလည္း ျဖစ္ပါတယ္။

ဗာရာနီ

လြန္ခဲ့တဲ့ ႏွစ္ကာလေတြက ဗာရာနီကို ေခၚယူႏိုင္ဖို႔ ယူႏိုက္တက္ နီးစပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း ဒီကစားသမားေတြ အားထုတ္မႈပိုင္းမွာ လိုအပ္ေနခဲ့လို႔ ယူႏိုက္တက္တို႔ အရမေခၚယူႏိုင္ခဲ့တာက ေနာင္တရစရာပါ။ ဗာရာနီက ျပီးခဲ့တဲ့ ႏွစ္မွာ ခ်န္ပီယံလိဂ္ နဲ႔ ကမၻာ့ဖလားကို တစ္ႏွစ္တည္းမွာပဲ အရယူႏိုင္တဲ့ ရွားပါးကစားသမားေတြထဲမွာ ပါ၀င္လာခဲ့ပါတယ္။ သူ႔ရဲ႕ ေျခစြမ္းအရလည္း ဒီဆုဖလားေတြကို ရရွိဖို႔က တကယ္လည္း ထိုက္ထန္ပါတယ္။ ရာမို႔စ္နဲ႔ ရီးရဲလ္မွာ အေကာင္းဆံုးတြဲဖက္ႏိုင္သလို ျပင္သစ္မွာက် သူက အမ္တီတီနဲ႔ ပါတနာေကာင္း ျဖစ္ခဲ့ျပီး လက္ရွိကမၻာ့အေကာင္းဆံုးေနာက္ခံလူေတြထဲမွာ တစ္ဦးအပါအ၀င္ ျဖစ္ေနပါျပီ။ ခံစစ္ပိုင္းအားနည္းေနတဲ့ ယူႏိုက္တက္အတြက္ ဗာရာနီက အသင့္ေတာ္ဆုံးကစားသမားျဖစ္ျပီးေတာ့ ဒီကစားသမားက ေခါင္းေဆာင္ႏိုင္စြမ္းရွိျပီး အျမင့္ေဘာရွင္းထုတ္မႈေတြမွာလည္း ထူးခၽြန္သူ ျဖစ္ပါတယ္။  ယူႏိုက္တက္မွာ ဒီလိုကစားသမားက ဖာဒီနန္ နဲ႔ ဗီဒစ္တို႔ေနာက္ပိုင္း မရွိေတာ့ပါဘူး။ ဒီအတြက္ ဗာရာနီကို သူတို႔ အရေခၚယူသင့္ပါတယ္။

ကိုင္လီယန္ဘာေပ

အသက္ (၂၀)သာ ရွိေသးတဲ့ ဒီကစားသမားက ရွိသင့္ရွိထိုက္တဲ့ အရည္အေသြးမွန္သမွ်ကို ပိုင္ဆိုင္ထားသူပါ။ ေဘာလံုးေလာကရဲ႕ အၾကီးက်ယ္ဆံုးကစားသမားတစ္ဦး ျဖစ္လာဖို႔လည္း တာစူေနသူ ျဖစ္ပါတယ္။ ျပင္သစ္နဲ႔အတူ အသက္ (၁၉)ႏွစ္အရြယ္မွာပဲ ကမၻာ့ဖလားကို အဓိက ကစားသမားအျဖစ္ ကစားေပးျပီး ရယူႏိုင္ခဲ့သူပါ။ ဒါေပမယ့္ သူ႔ကို ေခၚယူႏိုင္ဖို႔ကေတာ့ ေတာ္ေတာ္ေလးေတာ့ ခက္ခဲမွာပါ။ ဘာစီလိုနာ ၊ ရီးရဲလ္မက္ဒရစ္လိုအသင္းေတြက ျပိဳင္ဘက္အျဖစ္ ရွိေနမွာျဖစ္သလို ဘာေပအတြက္ သုံးစြဲရမယ့္ ေငြေၾကးကလည္း ေပါင္သန္း ၂၀၀၊ ၃၀၀ေလာက္ထိ ရွိေနလို႔ပါပဲ။ ဒါေပမယ့္လည္း ေပးေခ်ရတဲ့ တန္ဖိုးနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳးကို ဘာေပက ပိုင္ဆိုင္ထားျပီးေတာ့ ယူႏိုက္တက္ရဲ႕ အစဥ္အလာအရ နာမည္ၾကီးခဲ့တဲ့ ညာေတာင္ပံတိုက္စစ္အတြက္ ဘာေပက အသင့္ေတာ္ဆံုးပါပဲ။ ဒီအတြက္ အသင္းအေနနဲ႔ ရည္မွန္းခ်က္ျမင့္ျမင့္မားမား ရွိမယ္ဆိုရင္ေတာ့ ဘာေပလို ကစားသမားကို ေရြးခ်ယ္ေခၚယူသင့္ပါတယ္။ ယူအီးအက္ဖ္ေအရဲ႕ ဘ႑ာေရးစည္းမ်ဥ္းနဲ႔ ပီအက္စ္ဂ်ီ ျငိစြန္းေနမႈကို အခြင့္ေကာင္းယူျပီး ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ ဒါဟာ ယူႏုိက္တက္အတြက္ေတာ့ ဆယ္စုႏွစ္အတြင္း အေကာင္းဆံုးအေျပာင္းအေရႊ႕ တစ္ခုကို လုပ္ေဆာင္ႏိုင္တာမ်ိဳးလည္း ျဖစ္လာပါလိမ့္မယ္။

Unicode Version

ဥရောပမှာ မန်ချက်စတာယူနိုက်တက်အသင်း ခေါင်းမထောင်နိုင်ခဲ့တာ ကြာပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပုံမှန်အောက်နိမ့်ကျခဲ့တဲ့ စွမ်းဆောင်ရည်တွေနဲ့သာ အသက်ဆက်နေခဲ့ရပြီးတော့ ပရီးမီးယားလိဂ်မှာပါ ဒီပုံစံက ရိုက်ခတ်နေခဲ့ပါတယ်။ ဒီအတွက် ဆုဖလားလက်မဲ့ဖြစ်ရမယ့် အရေးက ပရိသတ်တွေအတွက်တော့ စိတ်ပူစရာဖြစ်နေခဲ့ပါတယ်။ ဒီအတွက် အဓိကအကြောင်းပြချက်ကတော့ အသင်းမှာ စွမ်းဆော်ငရည်ပြည့်ဝတဲ့ ကစားသမား ရှားပါးနေခဲ့ပါတယ်။ ယူနိုက်တက်မှာ ဒီလိုကစားသမားမျိုးက တစ်ဦးစ၊ နှစ်ဦးစသာ ရှိနေခဲ့ပြီး ကစားသမားအများစုက အထင်ကြီးဖွယ်စွမ်းဆောင်ရည်ရှိမနေခဲ့ပါဘူး။ ဒီအတွက် ယူနိုက်တက်အနေနဲ့ ပြည်တွင်းမှာသာမက ဥရောပမှာပါ ခေါင်းပြန်ထောင်လာနိုင်ဖို့ဆိုရင် ဆိုခဲ့တဲ့ ကစားသမားကောင်းတွေကို အားဖြည့်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုကစားသမားမျိုးတွေလဲဆိုတော့…။

လူကာမိုဒရစ်

၂၀၁၈ ခုနှစ်က မိုဒရစ်အတွက်တော့ ကြီးကျယ်ခမ်းနားတဲ့ နှစ် ဖြစ်ခဲ့ပါတယ်။ တစ်ဦးချင်းဆုတံဆိပ်တွေကို သိမ်းကျုံးရယူနိုင်ခဲ့ပြီးတော့ ဘလွန်းဒီအောဆုကိုပါ မိုဒရစ်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ မိုဒရစ်က ရီးရဲလ်အတွက် ခြေစွမ်းကောင်းတော့
မပြနိုင်ခဲ့ပါဘူး။ ဒီအတွက် ရီးရဲလ်ဟာလည်း ရလာဒ်တွေ ဆိုးရွားနေခဲ့ပြီးတော့ မဟာပြိုင်ဘက် ဘာစီလိုနာရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေပါတယ်။ မိုဒရစ်က ရီးရဲလ်ကနေ ထွက်ခွာတော့မယ်သတင်းတွေက တော်တော်လေး လှုပ်ခတ်ခဲ့ပြီး အထူးသဖြင့် အင်တာမီလန်က သူ့ကို ချိတ်ဆက်နေခဲ့တာပါ။ ယူနိုက်တက်ကွင်းလယ်မှာ မိုဒရ်စလိိုမျိုး ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမား လုံးဝမရှိပါဘူး။ ပေါလ်စခိုး၊ ရွိုင်ယန်ဂစ်တို့နောက်ပိုင်းမှာ ဒီလိုကစားသမား ရှားပါးနေခဲ့ပြီးတော့ မိုဒရစ်က ယူနိုက်တက်ကွင်းလယ်အတွက် အသင့်တော်ဆုံးကစားပါ။ ပေါ့ဂ်ဘာနဲ့ သူနဲ့သာ တွဲဖက်ပေးလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ကွင်းလယ်ကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဗာရာနီ

လွန်ခဲ့တဲ့ နှစ်ကာလတွေက ဗာရာနီကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက် နီးစပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားတွေ အားထုတ်မှုပိုင်းမှာ လိုအပ်နေခဲ့လို့ ယူနိုက်တက်တို့ အရမခေါ်ယူနိုင်ခဲ့တာက နောင်တရစရာပါ။ ဗာရာနီက ပြီးခဲ့တဲ့ နှစ်မှာ ချန်ပီယံလိဂ် နဲ့ ကမ္ဘာ့ဖလားကို တစ်နှစ်တည်းမှာပဲ အရယူနိုင်တဲ့ ရှားပါးကစားသမားတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းအရလည်း ဒီဆုဖလားတွေကို ရရှိဖို့က တကယ်လည်း ထိုက်ထန်ပါတယ်။ ရာမို့စ်နဲ့ ရီးရဲလ်မှာ အကောင်းဆုံးတွဲဖက်နိုင်သလို ပြင်သစ်မှာကျ သူက အမ်တီတီနဲ့ ပါတနာကောင်း ဖြစ်ခဲ့ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်နေပါပြီ။ ခံစစ်ပိုင်းအားနည်းနေတဲ့ ယူနိုက်တက်အတွက် ဗာရာနီက အသင့်တော်ဆုံးကစားသမားဖြစ်ပြီးတော့ ဒီကစားသမားက ခေါင်းဆောင်နိုင်စွမ်းရှိပြီး အမြင့်ဘောရှင်းထုတ်မှုတွေမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။  ယူနိုက်တက်မှာ ဒီလိုကစားသမားက ဖာဒီနန် နဲ့ ဗီဒစ်တို့နောက်ပိုင်း မရှိတော့ပါဘူး။ ဒီအတွက် ဗာရာနီကို သူတို့ အရခေါ်ယူသင့်ပါတယ်။

ကိုင်လီယန်ဘာပေ

အသက် (၂၀)သာ ရှိသေးတဲ့ ဒီကစားသမားက ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးမှန်သမျှကို ပိုင်ဆိုင်ထားသူပါ။ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးကစားသမားတစ်ဦး ဖြစ်လာဖို့လည်း တာစူနေသူ ဖြစ်ပါတယ်။ ပြင်သစ်နဲ့အတူ အသက် (၁၉)နှစ်အရွယ်မှာပဲ ကမ္ဘာ့ဖလားကို အဓိက ကစားသမားအဖြစ် ကစားပေးပြီး ရယူနိုင်ခဲ့သူပါ။ ဒါပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့ကတော့ တော်တော်လေးတော့ ခက်ခဲမှာပါ။ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်လိုအသင်းတွေက ပြိုင်ဘက်အဖြစ် ရှိနေမှာဖြစ်သလို ဘာပေအတွက် သုံးစွဲရမယ့် ငွေကြေးကလည်း ပေါင်သန်း ၂၀၀၊ ၃ဝဝလောက်ထိ ရှိနေလို့ပါပဲ။ ဒါပေမယ့်လည်း ပေးချေရတဲ့ တန်ဖိုးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ဘာပေက ပိုင်ဆိုင်ထားပြီးတော့ ယူနိုက်တက်ရဲ့ အစဉ်အလာအရ နာမည်ကြီးခဲ့တဲ့ ညာတောင်ပံတိုက်စစ်အတွက် ဘာပေက အသင့်တော်ဆုံးပါပဲ။ ဒီအတွက် အသင်းအနေနဲ့ ရည်မှန်းချက်မြင့်မြင့်မားမား ရှိမယ်ဆိုရင်တော့ ဘာပေလို ကစားသမားကို ရွေးချယ်ခေါ်ယူသင့်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ပီအက်စ်ဂျီ ငြိစွန်းနေမှုကို အခွင့်ကောင်းယူပြီး ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ယူနိုက်တက်အတွက်တော့ ဆယ်စုနှစ်အတွင်း အကောင်းဆုံးအပြောင်းအရွှေ့ တစ်ခုကို လုပ်ဆောင်နိုင်တာမျိုးလည်း ဖြစ်လာပါလိမ့်မယ်။

မွတ္ခ်က္မ်ား။