နယူးကာဆယ္ကို အႏိုင္ယူျပီး အာဆင္နယ္ကို (၆)မွတ္ျဖတ္လိုက္တဲ့ ခ်ယ္လ္ဆီး

ေ၀ဖန္မႈေတြကို ျပန္လည္တံု႔ျပန္သြားခဲ့တဲ့ ယူႏိုက္တက္ကစားသမားေဟာင္း အီဗရာ

မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၂)မွာေတာ့ ခ်ယ္္လ္ဆီးအသင္းဟာ နယူးကာဆယ္ကို အႏိုင္ယူျပီး အမွတ္ေပးဇယားရဲ႕ အဆင့္ (၄)ေနရာကို ဆက္လက္သိမ္းပိုက္ထားႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္၀င္ခြင့္ျပိဳင္ဘက္ အာဆင္နယ္တို႔ အေရးနိမ့္ခဲ့မႈကို ခ်ယ္လ္ဆီးက အခြင့္ေကာင္းယူႏိုင္ခဲ့ျပီး အာဆင္နယ္ကို (၆)မွတ္ျဖတ္ထားႏိုင္ခဲ့ျပီလည္း ျဖစ္ပါတယ္။

အိမ္ကြင္းမွာ နယူးကာဆယ္ကို အႏိုင္ရခဲ့ေပမယ့္လည္း အႏိုင္ဂိုးရဖို႔အတြက္ေတာ့ ခ်ယ္လ္ဆီးတို႔ ၾကိဳးစားကစားရျပီး က်ဥ္းေျမာင္းတဲ့ ဂိုးရလာဒ္နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးမွာ ဟာဇက္က တိုက္စစ္မွဴးေနရာအတြက္ တာ၀န္ယူခဲ့ျပီး ပက္ဒရို နဲ႔ ၀ီလီယံတို႔နဲ႔
တြဲဖက္ေပးခဲ့ကာ ဆာရီက ကစားေစခဲ့ပါတယ္။

နယူးကာဆယ္မွာလည္း လူစံုပါ၀င္ခဲ့ျပီး ခ်ယ္လ္ဆီးက ရမွတ္ရဖို႔အတြက္ အားထုတ္ခဲ့ပါတယ္။ ပြဲအစ (၉)မိနစ္မွာ ေဒးဗစ္လုဇ္ရဲ႕ ဖန္တီးေပးမႈကေန ပက္ဒရိုက အဖြင့္ဂိုးကို သြင္းယူခဲ့ေပမယ့္ မိနစ္ (၄၀) မွာ နယူးကာဆယ္ကစားသမား ကလာ့ခ္က ေခ်ပဂိုးျပန္သြင္းေပးခဲ့လို႔
ပထမပိုင္းမွာ တစ္ဖက္တစ္ဂိုးစီနဲ႔ သေရပြဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ အႏိုင္ရဖို႔ ခ်ယ္လ္ဆီးက အားထည့္ကစားခဲ့ျပီးေနာက္ (၅၇)မိနစ္မွာ ဟာဇက္ရဲ႕ ဖန္တီးေပးမႈကို ၀ီလီယံက အေကာင္းဆံုးအဆံုးသတ္ႏိုင္ခဲ့လို႔ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ယ္လ္ဆီးတို႔ ႏိုင္ပြဲရခဲ့ပါတယ္။ နယူးကာဆယ္ကေတာ့ တန္းဆင္းဇုန္အႏၱရာယ္ထဲ က်ေရာက္သြားခဲ့ျပီး ရမွတ္ (၁၈)မွတ္နဲ႔ အဆင့္ (၁၈)ေနရာကို ေရာက္ခဲ့ကာ ခ်ယ္လ္ဆီးက (၄၇)မွတ္နဲ႔ အဆင့္ (၄)ေနရာမွာ ဆက္လက္ရပ္တည္သြားႏိုင္ခဲ့ပါတယ္။

စပါးနဲ႔လည္း ခ်ယ္လ္ဆီးက တစ္မွတ္သာ ကြာဟခဲ့ျပီး ဒီေန႔မွာ ကစားရမယ့္ စပါး နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ပြဲမွာ စပါးအသင္းသာ အေရးနိမ့္ခဲ့မယ္ဆိုရင္ ခ်ယ္လ္ဆီးဟာ တတိယေနရာအတြက္ပါ ေမွ်ာ္လင့္ခ်က္အားေကာင္းသြားေတာ့မွာပါ။ ဟာဇက္ ဂိုးေပါက္ေပ်ာက္ေနခ်ိန္မွာ ပက္ဒရို နဲ႔ ၀ီလီယံတို႔ ဂိုးသြင္းေျချပန္ေတြ႕ခဲ့တာက ဆာရီအတြက္ေတာ့ ေရြးခ်ယ္စရာ အခြင့္အလမ္းေတြ မ်ားလာခဲ့တာလည္း ျဖစ္ပါတယ္။

Unicode Version

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၂)မှာတော့ ချယ််လ်ဆီးအသင်းဟာ နယူးကာဆယ်ကို အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက် အာဆင်နယ်တို့ အရေးနိမ့်ခဲ့မှုကို ချယ်လ်ဆီးက အခွင့်ကောင်းယူနိုင်ခဲ့ပြီး အာဆင်နယ်ကို (၆)မှတ်ဖြတ်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အိမ်ကွင်းမှာ နယူးကာဆယ်ကို အနိုင်ရခဲ့ပေမယ့်လည်း အနိုင်ဂိုးရဖို့အတွက်တော့ ချယ်လ်ဆီးတို့ ကြိုးစားကစားရပြီး ကျဉ်းမြောင်းတဲ့ ဂိုးရလာဒ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးမှာ ဟာဇက်က တိုက်စစ်မှူးနေရာအတွက် တာဝန်ယူခဲ့ပြီး ပက်ဒရို နဲ့ ဝီလီယံတို့နဲ့
တွဲဖက်ပေးခဲ့ကာ ဆာရီက ကစားစေခဲ့ပါတယ်။

နယူးကာဆယ်မှာလည်း လူစုံပါဝင်ခဲ့ပြီး ချယ်လ်ဆီးက ရမှတ်ရဖို့အတွက် အားထုတ်ခဲ့ပါတယ်။ ပွဲအစ (၉)မိနစ်မှာ ဒေးဗစ်လုဇ်ရဲ့ ဖန်တီးပေးမှုကနေ ပက်ဒရိုက အဖွင့်ဂိုးကို သွင်းယူခဲ့ပေမယ့် မိနစ် (၄၀) မှာ နယူးကာဆယ်ကစားသမား ကလာ့ခ်က ချေပဂိုးပြန်သွင်းပေးခဲ့လို့
ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အနိုင်ရဖို့ ချယ်လ်ဆီးက အားထည့်ကစားခဲ့ပြီးနောက် (၅၇)မိနစ်မှာ ဟာဇက်ရဲ့ ဖန်တီးပေးမှုကို ဝီလီယံက အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့လို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးတို့ နိုင်ပွဲရခဲ့ပါတယ်။ နယူးကာဆယ်ကတော့ တန်းဆင်းဇုန်အန္တရာယ်ထဲ ကျရောက်သွားခဲ့ပြီး ရမှတ် (၁၈)မှတ်နဲ့ အဆင့် (၁၈)နေရာကို ရောက်ခဲ့ကာ ချယ်လ်ဆီးက (၄၇)မှတ်နဲ့ အဆင့် (၄)နေရာမှာ ဆက်လက်ရပ်တည်သွားနိုင်ခဲ့ပါတယ်။

စပါးနဲ့လည်း ချယ်လ်ဆီးက တစ်မှတ်သာ ကွာဟခဲ့ပြီး ဒီနေ့မှာ ကစားရမယ့် စပါး နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲမှာ စပါးအသင်းသာ အရေးနိမ့်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးဟာ တတိယနေရာအတွက်ပါ မျှော်လင့်ချက်အားကောင်းသွားတော့မှာပါ။ ဟာဇက် ဂိုးပေါက်ပျောက်နေချိန်မှာ ပက်ဒရို နဲ့ ဝီလီယံတို့ ဂိုးသွင်းခြေပြန်တွေ့ခဲ့တာက ဆာရီအတွက်တော့ ရွေးချယ်စရာ အခွင့်အလမ်းတွေ များလာခဲ့တာလည်း ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။