စီးရီးေအအသင္းၾကီးကို ေျပာင္းေရႊ႕ဖို႔ ညွိႏိႈင္းေနတဲ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ ဗလန္စီယာ

Pogba’s former coaches support Real Madrid move

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ေနာက္ခံလူ အန္တိုနီယိုဗလန္စီယာဟာ အသင္းမွာ ဆယ္စုႏွစ္တစ္ခုၾကာ ကစားခဲ့ျပီးေနာက္ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ အင္တာမီလန္နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီလို႔ သိရပါတယ္။ လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ဗလန္စီယာဟာ ယူႏိုက္တက္နဲ႔ လက္ရွိအခ်ိန္ထိ စာခ်ဳပ္သစ္မခ်ဳပ္ဆိုရေသးတာ ျဖစ္ပါတယ္။

အသက္ (၃၃)ႏွစ္အရြယ္ ေနာက္ခံလူဟာ ၂၀၀၉ ခုႏွစ္မွာ ၀ီဂန္ကေန ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီးေတာ့ အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီရာသီမွာ ဗလန္စီယာက အသင္းအတြက္ ပရီးမီးယားလိဂ္ပြဲ (၅)ပြဲသာ ပါ၀င္ကစားႏိုင္ခဲ့ျပီးေတာ့ ဒဏ္ရာျပသနာေတြနဲ႔ ရုန္းကန္ေနရသလို အသက္အရြယ္ပိုင္းအရလည္း ေျခစြမ္းက်ဆင္းလာခဲ့ျပီ ျဖစ္ပါတယ္။

ဗလန္စီယာကို ေခၚယူဖို႔အတြက္ အင္တာမီလန္က စိတ္၀င္စားေနျပီး ႏွစ္ဖက္ၾကားမွာ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီလို႔လည္း သိရပါတယ္။ ယူႏိုက္တက္အေနနဲ႔ ဗလန္စီယာကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖြယ္မရွိပဲ အသင္းကေန အလြတ္ထြက္ခြာခြင့္ ျပဳႏိုင္တာေၾကာင့္ အင္တာမီလန္က
၀ါရင့္ေနာက္ခံကစားသမားကို ေခၚယူဖို႔အတြက္ ျပင္ဆင္လာတာျဖစ္ပါတယ္။

အင္တာအေနနဲ႔ ဗလန္စီယာကို ဇန္န၀ါရီကာလအတြင္းမွာပဲ ေခၚယူဖို႔ ျပင္ဆင္ေနျပီး အက္သလက္တီကိုအသင္းကေန အငွားနဲ႔ လာေရာက္ကစားေနတဲ့ ေနာက္ခံလူ ဗာဆယ္ကိုက ရာသီကုန္ရင္ မက္ဒရစ္ကလပ္ကို ျပန္လည္သြားေရာက္ေတာ့မွာမို႔ အင္တာမီလန္အတြက္ ညာေနာက္ခံေနရာမွာ ေရရွည္အစားထုိးဖို႔ ကစားသမား လိုအပ္ေနတာ ျဖစ္ပါတယ္။

ဒီအတြက္ လတ္တေလာမွာ ဗလန္စီယာနဲ႔ အားျဖည့္ဖို႔ အင္တာမီလန္က စီစဥ္ထားျပီးေတာ့ လာမယ့္ေႏြရာသီမွသာ ေရရွည္အသံုးျပဳလို႔ရမယ့္ ကစားသမားကို ရွာေဖြဖို႔ အင္တာမီလန္က စီစဥ္ေနတာျဖစ္ပါတယ္။ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာလည္း ဗလန္စီယာက ပံုမွန္ကစားခြင့္ရရွိဖြယ္ မရွိတာေၾကာင့္ အသင္းေျပာင္းေရႊ႕ႏိုင္တယ္လို႔လည္း သတင္းဌာနမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ အန်တိုနီယိုဗလန်စီယာဟာ အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီးနောက် အသင်းပြောင်းရွှေ့ဖို့အတွက် အင်တာမီလန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဗလန်စီယာဟာ ယူနိုက်တက်နဲ့ လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ဆိုရသေးတာ ဖြစ်ပါတယ်။

အသက် (၃၃)နှစ်အရွယ် နောက်ခံလူဟာ ၂၀၀၉ ခုနှစ်မှာ ဝီဂန်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးတော့ အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ဗလန်စီယာက အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ (၅)ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီးတော့ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရသလို အသက်အရွယ်ပိုင်းအရလည်း ခြေစွမ်းကျဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ဗလန်စီယာကို ခေါ်ယူဖို့အတွက် အင်တာမီလန်က စိတ်ဝင်စားနေပြီး နှစ်ဖက်ကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့လည်း သိရပါတယ်။ ယူနိုက်တက်အနေနဲ့ ဗလန်စီယာကို စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိပဲ အသင်းကနေ အလွတ်ထွက်ခွာခွင့် ပြုနိုင်တာကြောင့် အင်တာမီလန်က
၀ါရင့်နောက်ခံကစားသမားကို ခေါ်ယူဖို့အတွက် ပြင်ဆင်လာတာဖြစ်ပါတယ်။

အင်တာအနေနဲ့ ဗလန်စီယာကို ဇန်နဝါရီကာလအတွင်းမှာပဲ ခေါ်ယူဖို့ ပြင်ဆင်နေပြီး အက်သလက်တီကိုအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ နောက်ခံလူ ဗာဆယ်ကိုက ရာသီကုန်ရင် မက်ဒရစ်ကလပ်ကို ပြန်လည်သွားရောက်တော့မှာမို့ အင်တာမီလန်အတွက် ညာနောက်ခံနေရာမှာ ရေရှည်အစားထိုးဖို့ ကစားသမား လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီအတွက် လတ်တလောမှာ ဗလန်စီယာနဲ့ အားဖြည့်ဖို့ အင်တာမီလန်က စီစဉ်ထားပြီးတော့ လာမယ့်နွေရာသီမှသာ ရေရှည်အသုံးပြုလို့ရမယ့် ကစားသမားကို ရှာဖွေဖို့ အင်တာမီလန်က စီစဉ်နေတာဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ လက်အောက်မှာလည်း ဗလန်စီယာက ပုံမှန်ကစားခွင့်ရရှိဖွယ် မရှိတာကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့လည်း သတင်းဌာနများက ဖော်ပြခဲ့ကြပါတယ်။

မွတ္ခ်က္မ်ား။