အေျပာင္းအေရႊ႕သတင္းေတြနဲ႔ ပတ္သက္ျပီး တံု႔ျပန္လိုက္တဲ့ ၀ီလီယံ

ခ်ယ္လ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ၀ီလီယံက သူ႔ရဲ႕ အနာဂတ္ဟာ စတန္းဖို႔ဒ္ဘရစ္ခ်္မွာပဲ ဆက္ရွိေနမယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဘာစီလိုနာအသင္းက ေခၚယူဖို႔အတြက္ စိတ္၀င္စားျခင္းခံေနခဲ့ရတဲ့ ၀ီလီယံဟာ မေန႔က ကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့သူ ျဖစ္ပါတယ္။

ဘရာဇီးလ္လက္ေရြးစင္ကစားသမားအတြက္ ဘာစီလိုနာက ေပါင္သန္း (၅၀)အျပင္ ေတာင္ပံကစားသမား မယ္လ္ကြန္ကိုပါ အလိုက္ေပးကမ္းလွမ္းမႈေတြ ရွိခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာပါ။ ဒါေပမယ့္လည္း ဘာစီလိုနာနဲ႔ ကမ္းလွမ္းမႈကို ခ်ယ္လ္ဆီးက ျငင္းပယ္ခဲ့့ျပီးေနာက္ ၀ီလီယံကပါ သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ျပီးေတာ့ အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ ကၽြန္ေတာ့္အနာဂတ္လား၊ ကၽြန္ေတာ္ ခ်ယ္လ္ဆီးမွာ ရွိေနတာပါ၊ ခင္ဗ်ားတို႔ ဘယ္အေၾကာင္းေတြ ေျပာေနၾကလဲ ကၽြန္ေတာ္မသိဘူး၊ ကၽြန္ေတာ္ သတင္းစာေတြလည္း မဖတ္ျဖစ္ပါဘူး” လိ႔ု ၀ီလီယံက ေျပာပါတယ္။ ပက္ဒရိုရဲ႕ အဖြင့္ဂိုးကို ကလာ့ခ္က ေခ်ပႏိုင္ခဲ့ေပမယ့္လည္း
၀ီလီယံက အဆင့္အတန္းျမင့္ သြင္းဂိုးတစ္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ ေကာင္းမြန္တဲ့ သြင္းဂိုးတစ္ဂိုးပါ၊ ေနရာလြတ္ ရွာေဖြႏိုင္ခဲ့ျပီးေတာ့ ေဘာလုံးကို ကၽြန္ေတာ္လိုခ်င္တဲ့ ေနရာကို ေရာက္ေအာင္ တိတိက်က် သြင္းယူႏိုင္ခဲ့ပါတယ္” လို႔ ၀ီလီယံက သူ႔ရဲ႕ သြင္းဂိုးအေပၚမွာ ဂုဏ္ယူစြာနဲ႔ ေျပာခဲ့ပါတယ္။ အသင္းအတြက္ ႏိုင္ပြဲရယူေပးႏိုင္ခဲ့ျပီးေနာက္မွာ ၀ီလီယံက သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ျပီးေတာ့ပါ ေျပာၾကားခဲ့လို႔ ခ်ယ္လ္ဆီးပရိသတ္ေတြအတြက္ေတာ့ သတင္းေကာင္းျဖစ္လာခဲ့ပါတယ္။

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဝီလီယံက သူ့ရဲ့ အနာဂတ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်ရှိနေမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားခြင်းခံနေခဲ့ရတဲ့ ဝီလီယံဟာ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမားအတွက် ဘာစီလိုနာက ပေါင်သန်း (၅၀)အပြင် တောင်ပံကစားသမား မယ်လ်ကွန်ကိုပါ အလိုက်ပေးကမ်းလှမ်းမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ ဒါပေမယ့်လည်း ဘာစီလိုနာနဲ့ ကမ်းလှမ်းမှုကို ချယ်လ်ဆီးက ငြင်းပယ်ခဲ့့ပြီးနောက် ဝီလီယံကပါ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်တော့်အနာဂတ်လား၊ ကျွန်တော် ချယ်လ်ဆီးမှာ ရှိနေတာပါ၊ ခင်ဗျားတို့ ဘယ်အကြောင်းတွေ ပြောနေကြလဲ ကျွန်တော်မသိဘူး၊ ကျွန်တော် သတင်းစာတွေလည်း မဖတ်ဖြစ်ပါဘူး” လို့ ဝီလီယံက ပြောပါတယ်။ ပက်ဒရိုရဲ့ အဖွင့်ဂိုးကို ကလာ့ခ်က ချေပနိုင်ခဲ့ပေမယ့်လည်း
ဝီလီယံက အဆင့်အတန်းမြင့် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုးပါ၊ နေရာလွတ် ရှာဖွေနိုင်ခဲ့ပြီးတော့ ဘောလုံးကို ကျွန်တော်လိုချင်တဲ့ နေရာကို ရောက်အောင် တိတိကျကျ သွင်းယူနိုင်ခဲ့ပါတယ်” လို့ ဝီလီယံက သူ့ရဲ့ သွင်းဂိုးအပေါ်မှာ ဂုဏ်ယူစွာနဲ့ ပြောခဲ့ပါတယ်။ အသင်းအတွက် နိုင်ပွဲရယူပေးနိုင်ခဲ့ပြီးနောက်မှာ ဝီလီယံက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့ပါ ပြောကြားခဲ့လို့ ချယ်လ်ဆီးပရိသတ်တွေအတွက်တော့ သတင်းကောင်းဖြစ်လာခဲ့ပါတယ်။

မွတ္ခ်က္မ်ား။