ပိုခ်က္တီႏို နဲ႔ စပါးဆီက အရာအားလံုးကို အရယူျပရမယ့္ အိုလီဂန္နာဆိုးလ္ရွား

ေ၀ဖန္မႈေတြကို ျပန္လည္တံု႔ျပန္သြားခဲ့တဲ့ ယူႏိုက္တက္ကစားသမားေဟာင္း အီဗရာ

ဒီေန႔ညမွာေတာ့ ပရီးမီးယားလိဂ္ပြဲၾကီးပြဲေကာင္းက ရွိေနျပန္ပါျပီ။ ဟုတ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါး နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ပြဲပါပဲ။ ဒီပြဲကို ပရိသတ္ေတြလည္း စိတ္၀င္စားေနၾကမယ္လို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ယူႏိုက္တက္ရဲ႕ ယာယီနည္းျပ ဆိုးလ္ရွားနဲ႔ ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားေနတဲ့ ပိုခ်က္တီႏိုတို႔ ထိပ္တိုက္ေတြ႕ေတာ့မွာကိုး။ ဒါတင္မကေသးဘူးလို႔လည္း ထင္တယ္။ ဆိုးလ္ရွားအတြက္ ဒီပြဲက ယူႏိုက္တက္နည္းျပဘ၀မွာ ပထမဆံုးအေနနဲ႔ အသင္းၾကီးတစ္သင္းကို ရင္ဆိုင္ရေတာ့မွာလည္း ျဖစ္ေနျပန္တယ္။ ဒီအတြက္ေၾကာင့္ပဲ ဒီပြဲက ပိုျပီး ရုပ္လံုးၾကြေနတာေပါ့။

စပါးက ပရီးမီးယားလိဂ္မွာ အဆင့္ (၃)ေနရာကို ယူထားတယ္။ ၾကားရက္မွာကစားခဲ့တဲ့ လိဂ္ဖလားဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာလည္း ခ်ယ္လ္ဆီးကို သူတို႔ကြင္းမွာ အႏိုင္ယူျပထားတယ္။ လက္ရွိေျခစြမ္း နဲ႔ တိုက္စစ္ပိုင္းကလည္း ေတာက္ေလွ်ာက္ေကာင္းေနျပီးေတာ့ လာသမွ် အသင္းတိုင္းကို ဂိုးသြင္းျပမယ္ဆိုတာမ်ိဳးေတြ ျဖစ္ေနတာက ယူႏိုက္တက္ကို ျခိမ္းေျခာက္ေနသလိုပါပဲ။ တစ္ဖက္မွာလည္း ဆုိးလ္ရွားက သူ႔အသင္းကို (၅)ပြဲ ကိုင္တြယ္ေပးထားျပီးေတာ့ (၅)ပြဲလံုးကို အႏိုင္ကစားျပထားတယ္။ အသင္းငယ္ေလးေတြနဲ႔ ေတြ႕တာမို႔လည္း ဒီလိုႏိုင္ပြဲရတာလို႔ တခ်ိဳ႕ကေတာ့ ေျပာေန၊ေ၀ဖန္ေနၾကတာလည္း ရွိေနတာပါ။ ဒါေပမယ့္ ဒီအေပၚမွာ ဆိုးလ္ရွားတံု႔ျပန္ခဲ့တာက ေတာ္ေတာ္ေလးေတာ့ ပညာပါပါတယ္။ “ အသင္းေလးေတြနဲ႔ေတြ႕လို႔ ႏိုင္ပြဲရတာဆုိေပမယ့္ ကန္ခြင့္ရတဲ့အသင္းကိုပဲ အႏိုင္ယူခြင့္ရွိတာေလ” တဲ့။ ဆိုလိုတာကေတာ့ အသင္းၾကီးေတြနဲ႔ ေတြ႕လည္း သူ အႏိုင္ကန္ဖို႔ ၾကိဳးစားသြားမွာဆိုတဲ့ အဓိပၸာယ္ပါပဲ။

စပါးက အဆင့္ (၃)မွာ ရပ္တည္ေနျပီးေတာ့ ထိပ္ဆံုးက လီဗာပူးလ္ထက္ တစ္ပြဲေလ်ာ့ကစားထားျပီး (၇)မွတ္ေလ်ာ့ေနပါတယ္။ ဒီအတြက္ ယူႏိုက္တက္ကို အႏိုင္ကစားမယ္ဆိုရင္ သူတို႔အေနနဲ႔ (၄)မွတ္အကြာအတိုင္း ရပ္တည္မႈကို ထိန္းသိမ္းႏိုင္မွာပါ။ ဒါက ဆုဖလားအတြက္
သူတို႔က ျပိဳင္ပြဲလမ္းေၾကာင္းေပၚမွာ မယိမ္းမယိုင္ ရပ္တည္ေနဆဲဆိုတဲ့ သေဘာကို ေဆာင္မွာလည္း ျဖစ္ပါတယ္။ ျပီးေတာ့ ကစားရမွာက အိမ္ကြင္းလည္း ျဖစ္ေနတယ္။ ပထမအေက်ာ့က အိုးထရက္ဖို႔ဒ္မွာ လူးကပ္စ္ေမာ္ရာ ေျခစြမ္းျပ (၂)ဂိုးသြင္းခဲ့ျပီး စပါး ေမာ္ရင္ဟိုရဲ႕ အသင္းကို (၃)ဂိုးအထိသြင္းျပီး ႏိုင္ပြဲရထားခဲ့တာပါ။ ဆိုးလ္ရွားအတြက္ေတာ့ အတိုးေရာ၊ အရင္းပါ ျပန္ဆပ္ရမယ့္ ပြဲလည္း ျဖစ္ေနပါတယ္။

ဒီပြဲမတိုင္ခင္ ယူႏိုက္တက္က ဒူဘိုင္းကို ထြက္ခြာျပီး ေလ့က်င့္ျပင္ဆင္မႈေတြ ရွိခဲ့ပါတယ္။ ပူေႏြးတဲ့ ေနေရာင္ျခည္ေအာက္မွာ အသင္းသားေတြ လန္းဆန္းတက္ၾကြေနျပီး နည္းျပနဲ႔ ကစားသမားၾကား ရင္းႏွီးတဲ့ ဆက္ဆံေရးရွိေနတဲ့ ျမင္ကြင္းဓာတ္ပံုေတြလည္း ထြက္လာခဲ့ပါတယ္။ ေျပာခ်င္တာက ယူႏိုက္တက္အသင္းၾကားမွာ စုဖြဲ႕မႈက က်စ္လစ္သြားျပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈျပည့္၀ေနတယ္လို႔ ေျပာခ်င္တာပါ။ ဒီလိုျဖစ္လာေအာင္လည္း ဆိုးလ္ရွားက ကစားသမားေတြနဲ႔ တစ္သားတည္းျဖစ္ေနေအာင္ ဆက္ဆံခဲ့ျပီးေတာ့ သူငယ္ခ်င္းေတြလို၊မိတ္ေဆြေတြလိုမ်ိဳး ေပါင္းသင္းေနခဲ့တာပါ။ ဒါက ယူႏိုက္တက္ရဲ႕ အားသာခ်က္ျဖစ္လာျပီး ဆိုးလ္ရွားလက္ထက္မွာ ရက္ဖို႔ဒ္၊ ေပါ့ဂ္ဘာတို႔ ေတာက္ပလာတာကို ၾကည့္ရင္ သူက ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းကိုပါ ျပင္ဆင္ႏိုင္စြမ္းရွိတယ္လုိ႔ ေကာက္ခ်က္ခ်လို႔ ရပါတယ္။

စပါးအေနနဲ႔ အိမ္ကြင္းမွာ ယူႏိုက္တက္ကို ဒုကၡေပးသြားႏိုင္ပါတယ္။ ဒုကၡေပးႏိုင္တဲ့ ေျခစြမ္း နဲ႔ ကစားသမားအစုအဖြဲ႕လည္း ပိုင္ဆိုင္ထားတာပါ။ ဆိုးလ္ရွားအတြက္ေတာ့ ခက္ခဲမယ့္ ပြဲတစ္ပြဲေတာ့ က်ိန္းေသေပါက္ျဖစ္လာမွာပါ။ ဒီပြဲမွာ ဆိုးလ္ရွားက အသင္းရဲ႕ တိုက္စစ္ကစားပံုကို ေျပာင္းလဲသြားမွာမဟုတ္ဘူးလို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ သူဖြင့္ကိုယ္ဖြင့္ တိုက္စစ္ဖြင့္ေဆာ့မယ္ဆိုတဲ့ သေဘာပါပဲ။ ဒါေၾကာင့္လည္းပြဲက ပိုျပီးၾကည့္ေကာင္းေနမွာေတာ့ ေသခ်ာပါတယ္။ ႏွစ္သင္းစလံုးရဲ႕ ေျခစြမ္းက အတက္ဘက္ကို ဦးတည္ေနျပီး ပိုခ်က္တီႏိုရဲ႕ အသင္းက တည္ျငိမ္မႈျပည့္၀ေနသလို ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္ကလည္း ကစားပံု၊ ခံယူခ်က္ပိုင္းေတြမွာ ေျပာင္းလဲခဲ့ျပီး ပရိသတ္ျမင္ခ်င္တဲ့ ပံုစံနဲ႔ ကစားျပေနတာပါ။

ဘာပဲျဖစ္ျဖစ္ ဒီပြဲကေတာ့ ၾကည့္ေကာင္းေနဦးမယ့္ ပြဲပါပဲ။ ဘယ္လိုရလာဒ္မ်ိဳးပဲ ထြက္လာလာ ပြဲမတိုင္ခင္မွာ စိတ္ကူးၾကည့္ရံုနဲ႔တင္ မၾကည့္ၾကည့္ျဖစ္ေအာင္ ဆြဲေဆာင္ႏိုင္စြမ္းလည္း အျပည့္ရွိေနပါတယ္။ ဒီပြဲက ႏွစ္သင္းစလံုးအတြက္ အေရးပါ၊ အေရးၾကီးေနတဲ့ ပြဲလည္း ျဖစ္တယ္။ ဒါေပမယ့္ ဆိုးလ္ရွားအတြက္က ပိုျပီးေတာ့ အေရးၾကီးေနပါတယ္။ ယူႏိုက္တက္ကို သူ တကယ္ေျပာင္းလဲႏိုင္ခဲ့တယ္၊ ဆြဲတင္ေပးႏိုင္တယ္ဆိုတဲ့ အေနအထားကို ဒီီပြဲမွာ အႏိုင္ယူျပီး သက္ေသျပရမွာျဖစ္သလို ပထမအေက်ာ့ အိမ္ကြင္းမွာ အရွက္ရဖြယ္အေရးနိမ့္ကိုလည္း ဒီပြဲမွာ သူက ျပန္ျပီးေတာ့ လက္စားေခ်ျပရမွာျဖစ္ေနလို႔ပါပဲ။

Unicode Version

ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းက ရှိနေပြန်ပါပြီ။ ဟုတ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲပါပဲ။ ဒီပွဲကို ပရိသတ်တွေလည်း စိတ်ဝင်စားနေကြမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ဆိုးလ်ရှားနဲ့ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ပိုချက်တီနိုတို့ ထိပ်တိုက်တွေ့တော့မှာကိုး။ ဒါတင်မကသေးဘူးလို့လည်း ထင်တယ်။ ဆိုးလ်ရှားအတွက် ဒီပွဲက ယူနိုက်တက်နည်းပြဘဝမှာ ပထမဆုံးအနေနဲ့ အသင်းကြီးတစ်သင်းကို ရင်ဆိုင်ရတော့မှာလည်း ဖြစ်နေပြန်တယ်။ ဒီအတွက်ကြောင့်ပဲ ဒီပွဲက ပိုပြီး ရုပ်လုံးကြွနေတာပေါ့။

စပါးက ပရီးမီးယားလိဂ်မှာ အဆင့် (၃)နေရာကို ယူထားတယ်။ ကြားရက်မှာကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း ချယ်လ်ဆီးကို သူတို့ကွင်းမှာ အနိုင်ယူပြထားတယ်။ လက်ရှိခြေစွမ်း နဲ့ တိုက်စစ်ပိုင်းကလည်း တောက်လျှောက်ကောင်းနေပြီးတော့ လာသမျှ အသင်းတိုင်းကို ဂိုးသွင်းပြမယ်ဆိုတာမျိုးတွေ ဖြစ်နေတာက ယူနိုက်တက်ကို ခြိမ်းခြောက်နေသလိုပါပဲ။ တစ်ဖက်မှာလည်း ဆိုးလ်ရှားက သူ့အသင်းကို (၅)ပွဲ ကိုင်တွယ်ပေးထားပြီးတော့ (၅)ပွဲလုံးကို အနိုင်ကစားပြထားတယ်။ အသင်းငယ်လေးတွေနဲ့ တွေ့တာမို့လည်း ဒီလိုနိုင်ပွဲရတာလို့ တချို့ကတော့ ပြောနေ၊ဝေဖန်နေကြတာလည်း ရှိနေတာပါ။ ဒါပေမယ့် ဒီအပေါ်မှာ ဆိုးလ်ရှားတုံ့ပြန်ခဲ့တာက တော်တော်လေးတော့ ပညာပါပါတယ်။ “ အသင်းလေးတွေနဲ့တွေ့လို့ နိုင်ပွဲရတာဆိုပေမယ့် ကန်ခွင့်ရတဲ့အသင်းကိုပဲ အနိုင်ယူခွင့်ရှိတာလေ” တဲ့။ ဆိုလိုတာကတော့ အသင်းကြီးတွေနဲ့ တွေ့လည်း သူ အနိုင်ကန်ဖို့ ကြိုးစားသွားမှာဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

စပါးက အဆင့် (၃)မှာ ရပ်တည်နေပြီးတော့ ထိပ်ဆုံးက လီဗာပူးလ်ထက် တစ်ပွဲလျော့ကစးထားပြီး (၇)မှတ်လျော့နေပါတယ်။ ဒီအတွက် ယူနိုက်တက်ကို အနိုင်ကစားမယ်ဆိုရင် သူတို့အနေနဲ့ (၄)မှတ်အကွာအတိုင်း ရပ်တည်မှုကို ထိန်းသိမ်းနိုင်မှာပါ။ ဒါက ဆုဖလားအတွက်
သူတို့က ပြိုင်ပွဲလမ်းကြောင်းပေါ်မှာ မယိမ်းမယိုင် ရပ်တည်နေဆဲဆိုတဲ့ သဘောကို ဆောင်မှာလည်း ဖြစ်ပါတယ်။ ပြီးတော့ ကစားရမှာက အိမ်ကွင်းလည်း ဖြစ်နေတယ်။ ပထမအကျော့က အိုးထရက်ဖို့ဒ်မှာ လူးကပ်စ်မော်ရာ ခြေစွမ်းပြ (၂)ဂိုးသွင်းခဲ့ပြီး စပါး မော်ရင်ဟိုရဲ့ အသင်းကို (၃)ဂိုးအထိသွင်းပြီး နိုင်ပွဲရထားခဲ့တာပါ။ ဆိုးလ်ရှားအတွက်တော့ အတိုးရော၊ အရင်းပါ ပြန်ဆပ်ရမယ့် ပွဲလည်း ဖြစ်နေပါတယ်။

ဒီပွဲမတိုင်ခင် ယူနိုက်တက်က ဒူဘိုင်းကို ထွက်ခွာပြီး လေ့ကျင့်ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။ ပူနွေးတဲ့ နေရောင်ခြည်အောက်မှာ အသင်းသားတွေ လန်းဆန်းတက်ကြွနေပြီး နည်းပြနဲ့ ကစားသမားကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတဲ့ မြင်ကွင်းဓာတ်ပုံတွေလည်း ထွက်လာခဲ့ပါတယ်။ ပြောချင်တာက ယူနိုက်တက်အသင်းကြားမှာ စုဖွဲ့မှုက ကျစ်လစ်သွားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပြည့်ဝနေတယ်လို့ ပြောချင်တာပါ။ ဒီလိုဖြစ်လာအောင်လည်း ဆိုးလ်ရှားက ကစားသမားတွေနဲ့ တစ်သားတည်းဖြစ်နေအောင် ဆက်ဆံခဲ့ပြီးတော့ သူငယ်ချင်းတွေလို၊မိတ်ဆွေတွေလိုမျိုး ပေါင်းသင်းနေခဲ့တာပါ။ ဒါက ယူနိုက်တက်ရဲ့ အားသာချက်ဖြစ်လာပြီး ဆိုးလ်ရှားလက်ထက်မှာ ရက်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့ တောက်ပလာတာကို ကြည့်ရင် သူက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကိုပါ ပြင်ဆင်နိုင်စွမ်းရှိတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။

စပါးအနေနဲ့ အိမ်ကွင်းမှာ ယူနိုက်တက်ကို ဒုက္ခပေးသွားနိုင်ပါတယ်။ ဒုက္ခပေးနိုင်တဲ့ ခြေစွမ်း နဲ့ ကစားသမားအစုအဖွဲ့လည်း ပိုင်ဆိုင်ထားတာပါ။ ဆိုးလ်ရှားအတွက်တော့ ခက်ခဲမယ့် ပွဲတစ်ပွဲတော့ ကျိန်းသေပေါက်ဖြစ်လာမှာပါ။ ဒီပွဲမှာ ဆိုးလ်ရှားက အသင်းရဲ့ တိုက်စစ်ကစားပုံကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ သူဖွင့်ကိုယ်ဖွင့် တိုက်စစ်ဖွင့်ဆော့မယ်ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့်လည်းပွဲက ပိုပြီးကြည့်ကောင်းနေမှာတော့ သေချာပါတယ်။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက အတက်ဘက်ကို ဦးတည်နေပြီး ပိုချက်တီနိုရဲ့ အသင်းက တည်ငြိမ်မှုပြည့်ဝနေသလို ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကလည်း ကစားပုံ၊ ခံယူချက်ပိုင်းတွေမှာ ပြောင်းလဲခဲ့ပြီး ပရိသတ်မြင်ချင်တဲ့ ပုံစံနဲ့ ကစားပြနေတာပါ။

ဘာပဲဖြစ်ဖြစ် ဒီပွဲကတော့ ကြည့်ကောင်းနေဦးမယ့် ပွဲပါပဲ။ ဘယ်လိုရလာဒ်မျိုးပဲ ထွက်လာလာ ပွဲမတိုင်ခင်မှာ စိတ်ကူးကြည့်ရုံနဲ့တင် မကြည့်ကြည့်ဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းလည်း အပြည့်ရှိနေပါတယ်။ ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါ၊ အရေးကြီးနေတဲ့ ပွဲလည်း ဖြစ်တယ်။ ဒါပေမယ့် ဆိုးလ်ရှားအတွက်က ပိုပြီးတော့ အရေးကြီးနေပါတယ်။ ယူနိုက်တက်ကို သူ တကယ်ပြောင်းလဲနိုင်ခဲ့တယ်၊ ဆွဲတင်ပေးနိုင်တယ်ဆိုတဲ့ အနေအထားကို ဒီီပွဲမှာ အနိုင်ယူပြီး သက်သေပြရမှာဖြစ်သလို ပထမအကျော့ အိမ်ကွင်းမှာ အရှက်ရဖွယ်အရေးနိမ့်ကိုလည်း ဒီပွဲမှာ သူက ပြန်ပြီးတော့ လက်စားချေပြရမှာဖြစ်နေလို့ပါပဲ။

မွတ္ခ်က္မ်ား။