ဟယ္ရီကိန္းအတြက္ ေျပာင္းေရႊ႕ေၾကးကို ယူရိုသန္း (၃၅၀)အထိ သတ္မွတ္လိုက္တဲ့ စပါး

Pogba’s former coaches support Real Madrid move

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ သူတို႔အသင္းရဲ႕ တိုက္စစ္မွဴး ဟယ္ရီကိန္းအတြက္ ေျပာင္းေရႊ႕ေၾကးကို သတ္မွတ္လိုက္ျပီလုိ႔ သိရပါတယ္။ လူကာမုိဒရစ္ နဲ႔ ဂါရတ္ေဘးလ္တို႔ကို အသင္းရဲ႕ အဓိကကစားသမားေတြကို ရီးရဲလ္မက္ဒရစ္အသင္းဆီ ေရာင္းခ်ခဲ့ရျပီးေနာက္မွာ
အလားတူအျဖစ္မ်ိဳးမျဖစ္ဖို႔အတြက္ စပါးအသင္းက ျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။

ဟယ္ရီကိန္းကို ေခၚယူဖို႔အတြက္ ရီးရဲလ္မက္ဒရစ္ဘက္က အေလးအနက္ထား စိတ္၀င္စားေနခဲ့တာ ၾကာခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသင္းဥကၠဌလီဗိုင္းရဲ႕ သူ႔အသင္းအတြက္ အားအကိုးရဆံုး ကစားသမားကို ေရာင္းခ်ဖို႔အတြက္ အျမဲတမ္းျငင္းဆန္ခဲ့ပါတယ္။ အခုအခါမွာလည္း ဟယ္ရီကိန္းကို ေခၚယူခ်င္တဲ့ အသင္းေတြ အခက္ၾကံဳေအာင္ လီဗိုင္းက ဖန္တီးခဲ့ျပီျဖစ္ပါတယ္။

ဟယ္ရီကိန္းအတြက္ ေျပာင္းေရႊ႕ေၾကးကို စပါးအသင္းက ယူရိုသန္း ၃၅၀ အထိ သတ္မွတ္ခဲ့တယ္လို႔ စပိန္သတင္းစာ AS က ေဖာ္ျပသြားခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္ျပီးေတာ့ ေခၚယူခ်င္တဲ့ အသင္းေတြအေနနဲ႔လည္း မ်ားျပားလွတဲ့ ေငြေၾကးကို ေပးေခ်ရမွာျဖစ္ျပီး မျဖစ္ႏိုင္ေလာက္တဲ့ ပမာဏကို စပါးအသင္းက သတ္မွတ္ခဲ့တာလည္း ျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာ စပါးရဲ႕ ထိပ္သီးဂိုးသြင္းရွင္ျဖစ္ျပီး ဒီရာသီမွာအသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပခဲ့သူ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ (၃)ႏွစ္အတြင္းမွာ ဟယ္ရီကိန္းက ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို (၂)ၾကိမ္တိတိ ဆြတ္ခူးႏိုင္ခဲ့သလို ၂၀၁၈ ရုရွကမၻာ့ဖလားျပိဳင္ပြဲမွာလည္း (၆)ဂိုး
သြင္းယူျပီး ေရႊဖိနပ္ဆု ရယူႏိုင္ခဲ့ပါတယ္။

Unicode Version

တော့တင်ဟမ်ဟော့စပါးအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။ လူကာမိုဒရစ် နဲ့ ဂါရတ်ဘေးလ်တို့ကို အသင်းရဲ့ အဓိကကစားသမားတွေကို ရီးရဲလ်မက်ဒရစ်အသင်းဆီ ရောင်းချခဲ့ရပြီးနောက်မှာ
အလားတူအဖြစ်မျိုးမဖြစ်ဖို့အတွက် စပါးအသင်းက ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်ဘက်က အလေးအနက်ထား စိတ်ဝင်စားနေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းဥက္ကဌလီဗိုင်းရဲ့ သူ့အသင်းအတွက် အားအကိုးရဆုံး ကစားသမားကို ရောင်းချဖို့အတွက် အမြဲတမ်းငြင်းဆန်ခဲ့ပါတယ်။ အခုအခါမှာလည်း ဟယ်ရီကိန်းကို ခေါ်ယူချင်တဲ့ အသင်းတွေ အခက်ကြုံအောင် လီဗိုင်းက ဖန်တီးခဲ့ပြီဖြစ်ပါတယ်။

ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေးကို စပါးအသင်းက ယူရိုသန်း ၃၅၀ အထိ သတ်မှတ်ခဲ့တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ပြီးတော့ ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့လည်း များပြားလှတဲ့ ငွေကြေးကို ပေးချေရမှာဖြစ်ပြီး မဖြစ်နိုင်လောက်တဲ့ ပမာဏကို စပါးအသင်းက သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ စပါးရဲ့ ထိပ်သီးဂိုးသွင်းရှင်ဖြစ်ပြီး ဒီရာသီမှာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၃)နှစ်အတွင်းမှာ ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၂)ကြိမ်တိတိ ဆွတ်ခူးနိုင်ခဲ့သလို ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၆)ဂိုး
သွင်းယူပြီး ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ပါတယ်။

မွတ္ခ်က္မ်ား။