တစ္ႏွစ္အတြင္းမွာ အသင္း (၃)သင္းထိ အငွားသြားကစားရဖို႔ နီးစပ္လာတဲ့ ဘတ္ရွဴ၀ါရီ

Pogba’s former coaches support Real Madrid move

ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္မွဴး ဘတ္ရွဴ၀ါရီဟာ မိုနာကိုအသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနျပီလို႔ ESPN ရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။ ရာသီကုန္အထိ အငွားေခၚယူသြားမွာျဖစ္ျပီးေတာ့ အျပီးသတ္၀ယ္ယူဖို႔အတြက္ သေဘာတူညီခ်က္ေတာ့ မပါ၀င္ဘူးလို႔လည္း
ESPN က ေရးသားေဖာ္ျပခဲ့ပါတယ္။

ဒီေန႔မွာ ေဆးစစ္ေဆးမႈေတြ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္လင့္ရျပီးေတာ့ တနလၤာေန႔မွာ အေျပာင္းအေရႊ႕ကို ေၾကျငာဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။ မိုနာကိုနည္းျပ အြန္နရီက အသင္းအတြက္ တိုက္စစ္မွဴးတစ္ဦး ေခၚယူခ်င္ေနတာျဖစ္ျပီး ဖယ္လ္ကာအိုနဲ႔ တြဲဖက္ကစားဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရျပီး ျပင္သစ္လိဂ္အေတြ႕အၾကဳံရွိ ဘတ္ရွဴ၀ါရီကို ပစ္မွတ္ထားလာတာ ျဖစ္ပါတယ္။

အသက္ (၂၅)ႏွစ္အရြယ္ ဘယ္လ္ဂ်ီယံလက္ေရြးစင္ကစားသမားဟာ ဆာရီရဲ႕ ခ်ယ္လ္ဆီးအသင္းတည္ေဆာက္ပိုင္းမွာ မပါ၀င္ဘူးလို႔ သတ္မွတ္ခံထားရသူျဖစ္ျပီး ဗလင္စီယာအသင္းကို ဒီႏွစ္အစမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ရပါတယ္။ ဗလင္စီယာအတြက္ (၁၅)ပြဲကစားေပးအျပီးမွာ (၁)ဂိုးသာ သြင္းယူႏိုင္ခဲ့ျပီးေနာက္ ဗလင္စီယာက ဘတ္ရွဴ၀ါရီနဲ႔ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ ဆံုးျဖတ္ခဲ့လို႔ ခ်ယ္လ္ဆီးကို ျပန္လည္ေရာက္ရွိလာတာ ျဖစ္ပါတယ္။

မာေဆးလ္အသင္းမွာ ကစားခဲ့ဖူးျပီးေတာ့ ၂၀၁၅-၁၆ ေဘာလံုးရာသီမွာ (၃၆)ပြဲကစားျပီး (၁၇)ဂိုးအထိ သြင္းယူခဲ့တဲ့ ဘတ္ရွဴ၀ါရီကို တန္းဆင္းဇုန္က လြတ္ကင္းဖို႔ ရုန္းကန္ေနရတဲ့ မိုနာကိုအသင္းက ေမွ်ာ္လင့္တၾကီးနဲ႔ ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။ မိုနာကိုဟာ ဒီရာသီမွာ အမွတ္ေပးဇယားရဲ႕ အဆင့္ (၁၉)ေနရာကို ေရာက္ရွိေနျပီး ရုန္းကန္ေနရတာလည္း ျဖစ္ပါတယ္။

ဘတ္ရွဴ၀ါရီအေနနဲ႔ မိုနာကိုကို ေျပာင္းေရႊ႕ႏိုင္ခဲ့မယ္ဆိုရင္ သူ႔အတြက္ေတာ့ တစ္ႏွစ္အတြင္းမွာပဲ အသင္း (၃)သင္းအထိ အငွားနဲ႔ သြားကစားရတာ ျဖစ္လာမွာပါ။ ၂၀၁၈၊ ဇန္န၀ါရီကေန ေမလအထိ ေဒါ့မြန္မွာကစားခဲ့ျပီး ဒီႏွစ္ရာသီအစမွာ သူက ဗလင္စီယာအတြက္လည္း ကစားေပးထားျပီးျဖစ္ပါတယ္။ မိုနာကိုအသင္းဟာ ျပီးခဲ့ဲတဲ့ ရက္အနည္းငယ္ကမွ ခ်ယ္လ္ဆီးကြင္းလယ္လူ ဖာဘရီဂတ္စ္ကို ေခၚယူထားျပီးလည္း ျဖစ္ပါတယ္။

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဘတ်ရှူဝါရီဟာ မိုနာကိုအသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ESPN ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ရာသီကုန်အထိ အငှားခေါ်ယူသွားမှာဖြစ်ပြီးတော့ အပြီးသတ်ဝယ်ယူဖို့အတွက် သဘောတူညီချက်တော့ မပါဝင်ဘူးလို့လည်း
ESPN က ရေးသားဖော်ပြခဲ့ပါတယ်။

ဒီနေ့မှာ ဆေးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပြီးတော့ တနင်္လာနေ့မှာ အပြောင်းအရွှေ့ကို ကြေငြာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ မိုနာကိုနည်းပြ အွန်နရီက အသင်းအတွက် တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေတာဖြစ်ပြီး ဖယ်လ်ကာအိုနဲ့ တွဲဖက်ကစားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပြီး ပြင်သစ်လိဂ်အတွေ့အကြုံရှိ ဘတ်ရှူဝါရီကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ဆာရီရဲ့ ချယ်လ်ဆီးအသင်းတည်ဆောက်ပိုင်းမှာ မပါဝင်ဘူးလို့ သတ်မှတ်ခံထားရသူဖြစ်ပြီး ဗလင်စီယာအသင်းကို ဒီနှစ်အစမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ဗလင်စီယာအတွက် (၁၅)ပွဲကစားပေးအပြီးမှာ (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် ဗလင်စီယာက ဘတ်ရှူဝါရီနဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့လို့ ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

မာဆေးလ်အသင်းမှာ ကစားခဲ့ဖူးပြီးတော့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ (၃၆)ပွဲကစားပြီး (၁၇)ဂိုးအထိ သွင်းယူခဲ့တဲ့ ဘတ်ရှူဝါရီကို တန်းဆင်းဇုန်က လွတ်ကင်းဖို့ ရုန်းကန်နေရတဲ့ မိုနာကိုအသင်းက မျှော်လင့်တကြီးနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ မိုနာကိုဟာ ဒီရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၉)နေရာကို ရောက်ရှိနေပြီး ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

ဘတ်ရှူဝါရီအနေနဲ့ မိုနာကိုကို ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် သူ့အတွက်တော့ တစ်နှစ်အတွင်းမှာပဲ အသင်း (၃)သင်းအထိ အငှားနဲ့ သွားကစားရတာ ဖြစ်လာမှာပါ။ ၂၀၁၈၊ ဇန်နဝါရီကနေ မေလအထိ ဒေါ့မွန်မှာကစားခဲ့ပြီး ဒီနှစ်ရာသီအစမှာ သူက ဗလင်စီယာအတွက်လည်း ကစားပေးထားပြီးဖြစ်ပါတယ်။ မိုနာကိုအသင်းဟာ ပြီးခဲဲ့တဲ့ ရက်အနည်းငယ်ကမှ ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်ကို ခေါ်ယူထားပြီးလည်း ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။